သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကုလ လူ႔အခြင့္အေရးေကာင္စီမွာ ျမန္မာ့အေရးတင္သြင္း


Myanmar

[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံရဲ႕ ျဖစ္ေပၚမႈအေျခအေနေတြနဲ႔ပတ္သက္လို႔ ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီကို ေနာက္ဆုံးတင္သြင္းခဲ့တဲ့အစီရင္ခံစာမွာ အခုႏွစ္ ဇြန္လကစလို႔ ျမန္မာျပည္သူေတြရဲ႕ ဆင္းရဲဒုကၡ၊ အေၾကာက္တရားနဲ႔ လုံျခံဳေရးအေျခအေနေတြဟာ ဆိုးရြားဆုတ္ယုတ္လာခဲ့တယ္လို႔ ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢ လူ႔အခြင့္အေရးဆိုင္ရာ ယာယီမဟာမင္းႀကီး Nadal Al-Nashif က လူ႔အခြင့္အေရးေကာင္စီရဲ႕ ၅၁ ႀကိမ္ေျမာက္ ညီလာခံမွာ ဒီကေန႔ တင္ျပခဲ့ပါတယ္။

လက္ရွိျဖစ္ေပၚေနတဲ့ ဆိုးရြားလွတဲ့ ဒီအေျခအေနေတြ ေျပာင္းလဲႏိုင္ေရးအတြက္ အေရးေပၚ လုပ္ေဆာင္မႈေတြလိုအပ္ေနၿပီး ၿငိမ္းခ်မ္းေရး၊ ဒီမိုကေရစီနဲ႔ ေရရွည္တည္တံ့တဲ့ ဖြံ႔ၿဖိဳးမႈအစီအစဥ္ေတြ ေဆာင္ရြက္ဖို႔ လိုအပ္ေနတယ္လို႔ ဆိုပါတယ္။

ျမန္မာစစ္တပ္ဟာ အတိုက္အခံအင္အားစုေတြကို ပစ္မွတ္ထား တိုက္ခိုက္႐ံုတင္မကဘဲ အတိုက္အခံေတြကို ေထာက္ခံအားေပးတယ္လို႔ယူဆတဲ့ လူမႈအသိုင္းအဝိုင္းေတြကိုပါ ပစ္မွတ္ထား တိုက္ခိုက္ေနတယ္လို႔ Nadal Al-Nashif က လူ႔အခြင့္အေရးေကာ္မရွင္မွာ ထြက္ဆိုပါတယ္။

စစ္ကိုင္းနဲ႔ မေကြးတိုင္း၊ ကခ်င္၊ ကယား၊ ကရင္၊ ရခိုင္နဲ႔ ရွမ္းျပည္နယ္ စတဲ့ေဒသေတြမွာ ျဖစ္ေနတဲ့ ပဋိပကၡေတြအတြင္း ျမန္မာစစ္တပ္က ေလေၾကာင္းကေန တိုက္ခိုက္ေနတဲ့ကိစၥကို ထည့္သြင္း ေျပာဆိုတာမွာ စာသင္ေက်ာင္းနဲ႔ အရပ္ဘက္ဆိုင္ရာ အေဆာက္အဦးေပါင္း ၃ ေသာင္းေလာက္ ပ်က္စီး ဆုံးရႈံးခဲ့ရတယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ စစ္ကိုင္းတိုင္း၊ ဒီပဲယင္းၿမိဳ႕နယ္အတြင္းက လက္ယက္ကုန္းေက်းရြာကို စစ္ေကာင္စီတပ္ေတြက စက္တင္ဘာလ ၁၆ ရက္ေန႔က တိုက္ခိုက္ခဲ့တာမွာ အနည္ဆုံး ကေလးငယ္ ၆ ဦးေသဆုံးၿပီး ၁၁ ဦး ထိခိုက္ ဒဏ္ရာရခဲ့တယ္လို႔ မ်က္ျမင္သက္ေသေတြရဲ႕ ထြက္ဆိုခ်က္ကို ကိုးကားၿပီး ဒီကေန႔ တင္ျပတဲ့အထဲ Nadal Al-Nashif က ဥပမာတခုအေနနဲ႔ ထည့္သြင္း ေဖာ္ျပခဲ့ပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းလိုက္တဲ့ ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ကစလို႔ ကေလးငယ္ ၁၈၈ ဦး အပါအဝင္ လူေပါင္း ၂,၃၁၆ ဦး သတ္ျဖတ္ခံခဲ့ရၿပီး ၁၅,၆၀၇ ဦး ဖမ္းဆီးခံခဲ့ရတာမွာ ၁၂,၄၆၄ ဦးဟာ အခုခ်ိန္ထိ ထိန္းသိမ္းခံထားရဆဲျဖစ္တယ္လို႔ ဆိုပါတယ္။

ျမန္မာႏိုင္ငံရဲ႕ လက္ရွိအေျခအေနေတြ ျပန္လည္ေကာင္းမြန္လာေရး သံတမန္ေရးနည္းလမ္းအရ ေဆာင္ရြက္မႈေတြဟာ အခုခ်ိန္ထိ ေအာင္ျမင္မႈ မရႏိုင္ေသးေၾကာင္း၊ အတြင္းေရးမႉးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံတို႔ကို မၾကာေသးခင္က သြားေရာက္ခဲ့တဲ့ ခရီးစဥ္ေတြက အတိုင္းအတာတခုအထိ အေထာက္အကူျပဳေစလိမ့္မယ္လို႔ ေမွ်ာ္လင့္ေၾကာင္း၊ အာဆီယံအေနနဲ႔လည္း စာနာမႈဆိုင္ရာ အကူအညီေပးေရးကိစၥကို တိုးျမွင့္ေဆာင္ရြက္တဲ့တခ်ိန္တည္းမွာပဲ ျမန္မာျပည္သူေတြ ေရြးေကာက္တင္ေျမွာက္ထားတဲ့ ကိုယ္စားလွယ္ေတြ၊ ေဒသတြင္း ၾသဇာသက္ေရာက္တဲ့သူေတြနဲ႔ ပူးေပါင္းၿပီး ျမန္မာႏိုင္ငံရဲ႕ပဋိပကၡ ေျပလည္ေရးအတြက္ ႀကိဳးစားေဆာင္ရြက္သင့္ေၾကာင္း Nadal Al-Nashif က ဒီကေန႔ ထြက္ဆိုခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

ကုလ လူ့အခွင့်အရေးကောင်စီမှာ မြန်မာ့အရေး တင်သွင်း

မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်မှုအခြေအနေတွေနဲ့ပတ်သက်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို နောက်ဆုံးတင်သွင်းခဲ့တဲ့အစီရင်ခံစာမှာ အခုနှစ် ဇွန်လကစလို့ မြန်မာပြည်သူတွေရဲ့ ဆင်းရဲဒုက္ခ၊ အကြောက်တရားနဲ့ လုံခြုံရေးအခြေအနေတွေဟာ ဆိုးရွားဆုတ်ယုတ်လာခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ယာယီမဟာမင်းကြီး Nadal Al-Nashif က လူ့အခွင့်အရေးကောင်စီရဲ့ ၅၁ ကြိမ်မြောက် ညီလာခံမှာ ဒီကနေ့ တင်ပြခဲ့ပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ ဆိုးရွားလှတဲ့ ဒီအခြေအနေတွေ ပြောင်းလဲနိုင်ရေးအတွက် အရေးပေါ် လုပ်ဆောင်မှုတွေလိုအပ်နေပြီး ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနဲ့ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးမှုအစီအစဉ်တွေ ဆောင်ရွက်ဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။

မြန်မာစစ်တပ်ဟာ အတိုက်အခံအင်အားစုတွေကို ပစ်မှတ်ထား တိုက်ခိုက်ရုံတင်မကဘဲ အတိုက်အခံတွေကို ထောက်ခံအားပေးတယ်လို့ယူဆတဲ့ လူမှုအသိုင်းအဝိုင်းတွေကိုပါ ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့ Nadal Al-Nashif က လူ့အခွင့်အရေးကော်မရှင်မှာ ထွက်ဆိုပါတယ်။

စစ်ကိုင်းနဲ့ မကွေးတိုင်း၊ ကချင်၊ ကယား၊ ကရင်၊ ရခိုင်နဲ့ ရှမ်းပြည်နယ် စတဲ့ဒေသတွေမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေအတွင်း မြန်မာစစ်တပ်က လေကြောင်းကနေ တိုက်ခိုက်နေတဲ့ကိစ္စကို ထည့်သွင်း ပြောဆိုတာမှာ စာသင်ကျောင်းနဲ့ အရပ်ဘက်ဆိုင်ရာ အဆောက်အဦးပေါင်း ၃ သောင်းလောက် ပျက်စီး ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်းက လက်ယက်ကုန်းကျေးရွာကို စစ်ကောင်စီတပ်တွေက စက်တင်ဘာလ ၁၆ ရက်နေ့က တိုက်ခိုက်ခဲ့တာမှာ အနည်ဆုံး ကလေးငယ် ၆ ဦးသေဆုံးပြီး ၁၁ ဦး ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက်ကို ကိုးကားပြီး ဒီကနေ့ တင်ပြတဲ့အထဲ Nadal Al-Nashif က ဥပမာတခုအနေနဲ့ ထည့်သွင်း ဖော်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစလို့ ကလေးငယ် ၁၈၈ ဦး အပါအဝင် လူပေါင်း ၂,၃၁၆ ဦး သတ်ဖြတ်ခံခဲ့ရပြီး ၁၅,၆၀၇ ဦး ဖမ်းဆီးခံခဲ့ရတာမှာ ၁၂,၄၆၄ ဦးဟာ အခုချိန်ထိ ထိန်းသိမ်းခံထားရဆဲဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေ ပြန်လည်ကောင်းမွန်လာရေး သံတမန်ရေးနည်းလမ်းအရ ဆောင်ရွက်မှုတွေဟာ အခုချိန်ထိ အောင်မြင်မှု မရနိုင်သေးကြောင်း၊ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကို မကြာသေးခင်က သွားရောက်ခဲ့တဲ့ ခရီးစဉ်တွေက အတိုင်းအတာတခုအထိ အထောက်အကူပြုစေလိမ့်မယ်လို့ မျှော်လင့်ကြောင်း၊ အာဆီယံအနေနဲ့လည်း စာနာမှုဆိုင်ရာ အကူအညီပေးရေးကိစ္စကို တိုးမြှင့်ဆောင်ရွက်တဲ့တချိန်တည်းမှာပဲ မြန်မာပြည်သူတွေ ရွေးကောက်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေ၊ ဒေသတွင်း သြဇာသက်ရောက်တဲ့သူတွေနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံရဲ့ပဋိပက္ခ ပြေလည်ရေးအတွက် ကြိုးစားဆောင်ရွက်သင့်ကြောင်း Nadal Al-Nashif က ဒီကနေ့ ထွက်ဆိုခဲ့ပါတယ်။

XS
SM
MD
LG