(Zawgyi / Unicode)
ဖမ္းဆီးထိန္းသိမ္းခံေနရတဲ့ ကရင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒၚနန္းခင္ေထြးျမင့္ကို ဘားအံေထာင္တြင္း တရားလႊတ္ေတာ္က အဂတိလိုက္စားမႈေတြနဲ႔ အလုပ္ၾကမ္းနဲ႔ ေထာင္ဒဏ္ ၇၅ ႏွစ္ ခ်မွတ္လိုက္ပါတယ္။ သူ႔အေပၚ ၁ ဦးတည္း စြဲဆိုထားတဲ့ အဂတိလိုက္စားမႈ ၁ မႈ၊ ျပည္နယ္ဘ႑ာေရးနဲ႔ စည္ပင္သာယာေရးဝန္ႀကီးနဲ႔ အမႈတြဲစြဲထားတဲ့ အမႈ ၄ မႈအတြက္ တမႈကို ၁၅ ႏွစ္စီ ေထာင္ဒဏ္ခ်လိုက္တာပါ။ အလားတူ ကရင္ျပည္နယ္ စီမံကိန္း၊ ဘ႑ာေရးနဲ႔ စည္ပင္သာယာေရးဝန္ႀကီး ဦးသန္းႏိုင္ကိုလည္း အဂတိလိုက္စားမႈေတြနဲ႔ ေထာင္ဒဏ္ အႏွစ္ ၉၀ ျပစ္ဒဏ္ခ်လိုက္ပါတယ္။ ဒီအေၾကာင္းအျပည့္အစုံ ရန္ကုန္ကလာတဲ့သတင္းကို မခင္ျဖဴေထြး ေျပာျပပါမယ္။
NLD အစိုးရလက္ထက္က ကရင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒၚနန္းခင္ေထြးျမင့္ကို အဂတိလိုက္စားမႈေတြနဲ႔ ဒီေန႔ ႏိုဝင္ဘာ ၉ ရက္မွာ ေထာင္ဒဏ္ ၇၅ ႏွစ္ ခ်လုိက္ပါတယ္။ ဘားအံအက်ဥ္းေထာင္တြင္း တရားလႊတ္ေတာ္ကေန အဂတိလိုက္စားမႈ ၅ မႈအတြက္ တမႈစီကို ေထာင္ဒဏ္ ၁၅ ႏွစ္နဲ႔ ၇၅ ႏွစ္ခ်လိုက္တာပါ။ ပုဒ္မ ၅၅၊ အဂတိလိုက္စားမႈနဲ႔ ကရင္ျပည္နယ္ဝန္ႀကီးခ်ဳပ္အေပၚ တဦးတည္းအတြက္ စြဲထားတာက ၁ မႈ၊ ကရင္ျပည္နယ္ ဘ႑ာေရးနဲ႔ စည္ပင္သာယာေရးဝန္ႀကီး ဦးသန္းႏုိင္နဲ႔ ေပါင္းစြဲဆိုထားတာက ၄ မႈအတြက္ ဒီေန႔ ျပစ္ဒဏ္ခ်လိုက္တာလည္း ျဖစ္ပါတယ္။ အလားတူ ကရင္ျပည္နယ္ စီမံကိန္း၊ ဘ႑ာေရးနဲ႔ စည္ပင္သာယာေရးဝန္ႀကီး ဦးသန္းႏိုင္ကိုလည္း တဦးတည္း အဂတိလိုက္စားမႈ ၂ မႈ၊ ေဒၚနန္းခင္ေထြးျမင့္နဲ႔အတူ အမႈတဲြစြဲဆိုထားတဲ့ ၄ မႈတို႔အတြက္ ေထာင္ဒဏ္ အႏွစ္ ၉၀ ခ်လိုက္ပါတယ္။ ဒါနဲ႔ပတ္သက္လို႔ သူတို႔ေရွ႕ေနတဦးက ဗြီအိုေအကို အခုလို ရွင္းျပပါတယ္။
“အဂတိလိုက္စားမႈ ပုဒ္မ ၅၅ နဲ႔ စြဲတာေပါ့ေနာ္။ ၇ မႈ စြဲတယ္ေပါ့ဗ်ာ။ ၂ ေယာက္တြဲ အမႈက ၄ မႈ၊ ၁၅ ႏွစ္ဆီ၊ ေဒၚနန္းခင္ေထြးျမင့္ တေယာက္တည္းက တမႈ။ ဦးသန္းႏိုင္က ၂ မႈ။ ေပါင္းလိုက္ရင္ ၂ ေယာက္တြဲ ၄ မႈရယ္၊ ဦးသန္းႏိုင္ ၂ မႈရယ္၊ ေဒၚနန္းခင္ေထြးျမင့္ ၁ မႈရယ္ ေပါင္းလိုက္ရင္ ၇ မႈ။ ၇ မႈမွာ ေဒၚနန္းခင္ေထြးျမင့္ အမႈအားလုံးေပါင္းကို ၇၅ ႏွစ္ခ်တယ္။ ဝန္ႀကီး ဦးသန္းႏိုင္အတြက္က ႏွစ္ ၉၀ ခ်တယ္။ သူတို႔က တမႈခ်င္းဆီက ၁၅ ႏွစ္ဆီေပါ့ေနာ္။ တရားသူႀကီးေတြေရွ႕မွာပဲ ေဒၚနန္းခင္ေထြးျမင့္ေရာ ဦးသန္းႏိုင္ေရာက အယူခံမတက္ဘူးေျပာတယ္။ သူတို႔အားလုံး တည္တည္ၿငိမ္ၿငိမ္ပါပဲ၊ တုန္လႈပ္ေခ်ာက္ခ်ားတာ မရွိပါဘူး။”
၂၀၁၇ ခုႏွစ္ ဇူလိုင္လက ကရင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ နန္းခင္ေထြးျမင့္ တာဝန္ထမ္းေဆာင္ေနစဥ္ ယာဥ္မေတာ္တဆမႈေၾကာင့္ ဘယ္ဘက္ေျခသလံုး႐ိုး က်ဳိးခဲ့ပါတယ္။ အဲဒီအတြက္ ႏိုင္ငံေတာ္ဘ႑ာနဲ႔ ေဆးဝါးကုသစရိတ္ သံုးခဲ့မႈ၊ ကရင္ျပည္နယ္ ကမ္းနားလမ္း သာယာလွပေရး စီမံကိန္းအတြင္း အဂတိလိုက္စားခဲ့မႈ၊ အစိုးရကို ေပးသြင္းရမယ့္ ရန္ပုံေငြကို အစိုးရဘဏ္အေကာင့္မွာ မထည့္ဘဲ ဖြံ႔ၿဖိဳးေရးရန္ပုံေငြအေနနဲ႔ ပုဂၢလိကဘဏ္မွာ သီးျခားအေကာင့္ထဲထည့္ခဲ့မႈ၊ အစိုးရ အဆက္ဆက္ ဖြံ႔ၿဖိဳးစရိတ္ ေခ်းေငြေတြကို ျပန္လည္ေတာင္းခံတာမွာ မရတဲ့အတြက္ လက္ရွိ ရာထူးယူသူမွာ တာဝန္ရွိတယ္ဆိုတဲ့ အမႈေတြနဲ႔ ေဒၚနန္းခင္ေထြးျမင့္ကို စစ္ေကာင္စီက အဂတိလိုက္စားမႈ ပုဒ္မ ၅၅ နဲ႔ အမႈေတြဖြင့္ခဲ့တာပါ။
ကရင္ျပည္နယ္ ဘ႑ာေရးနဲ႔ စည္ပင္သာယာေရးဝန္ႀကီး ဦးသန္းႏိုင္ဟာလည္း ျပည္နယ္ဝန္ႀကီးတာဝန္ ထမ္းေနစဥ္ ၂၀၁၈ ခုႏွစ္၊ မတ္လအတြင္းက ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕သို႔ သြားေရာက္ၿပီး ေက်ာ႐ိုးမႀကီး ခြဲစိတ္ကုသမႈ ခံယူခဲ့ရာမွာ လုပ္ငန္းရွင္တဦးထံမွ အေမရိကန္ေဒၚလာ ၁၀,၀၀၀ ကို လက္ခံရယူခဲ့တယ္လို႔ စြပ္စဲြခဲ့ပါတယ္။ ဒါ့အျပင္ ၂၀၂၀ ေအာက္တိုဘာလက မဲဆြယ္စည္း႐ုံးေရး ကုန္က်စရိတ္ ေငြက်ပ္ သိန္း ၅၀ ကို လုပ္ငန္းရွင္တဦးထံကေန ေတာင္းခံရယူခဲ့တယ္လို႔ စြပ္စြဲၿပီး တရားစြဲခဲ့ပါတယ္။
တည္ဆဲ အဂတိလိုက္စားမႈ ဥပေဒအရဆုိရင္ စြပ္စြဲခံရသူအေနနဲ႔ အဂတိလိုက္စားတယ္ဆိုတဲ့ ေက်ာ္ေဇာသတင္း ကနဦးရွိရမွာျဖစ္သလို ေငြေၾကးရယူခဲ့တယ္ဆိုတဲ့ သက္ေသ၊ ရယူခဲ့တဲ့ ေငြေၾကး သို႔မဟုတ္ ဥစၥာပစၥည္းတခုခုကို သိမ္းဆည္းရမိတာရွိမွသာ အျပစ္က်ဴးလြန္တယ္လို႔ ဆုံးျဖတ္ရမယ္လို႔ ေဖာ္ျပထားတယ္လို႔ ေရွ႕ေနေတြက ေျပာပါတယ္။ ဒါေပမယ့္ အဂတိလိုက္စားတယ္ဆိုတဲ့ ေငြေၾကးတစုံတရာကို သက္ေသမျပႏိုင္ဘဲ ေထာင္ဒဏ္ေတြ ခ်မွတ္ခဲ့တာလို႔ ေရွ႕ေနက ေျပာပါတယ္။
“သူတို႔လက္ဝယ္ကေန သိမ္းတာျပဳတာ တခုမွမရွိဘူးေပါ့ေနာ္။ ေဒၚနန္းခင္ေထြးျမင့္က သူက ကားအက္ဆီးဒင့္ျဖစ္လို႔ ရန္ကုန္မွာေဆးကုတယ္၊ ျပည္သူ႔ေဆး႐ုံမွာ။ ကုတာမွာ ႐ုံးကေန သူတို႔ဘာသူတို႔ သိန္း ၅၀ ထုတ္တယ္ေပါ့။ အဲဒါ ေဒၚနန္းခင္ေထြးျမင့္ ဘာမွသိတာမဟုတ္ဘူး။ က်ေနာ္တို႔ နဝတ၊ နအဖတုန္းက ထုတ္ထားတဲ့ အမိန႔္တခုရွိတယ္။ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေတြက ျပည္တြင္းမွာ ေဆးဝါး အခမဲ့ကုခြင့္ရွိတယ္ ဆုိၿပီးေတာ့ ထုတ္ထားတဲ့ ၫႊန္ၾကားခ်က္ ရွိတယ္ေလ။ က်ေနာ္တို႔ေမးတဲ့အခါက်ေတာ့ ဘယ္လိုေျဖရမလဲမသိဘူး။ ဒီအမႈေတြနဲ႔ ပတ္သက္လုိ႔ ဥပေဒနဲ႔မညီဘူး တရားစြဲဆိုမႈက မွန္ကန္မႈမရွိဘူး။ ထြက္ခ်က္ေတြအရ သူတို႔မွာ အျပစ္မရွိတာ ေပၚလြင္တယ္။ သူတို႔လည္း နဂိုတည္းက သိတယ္၊ ခ်ဖို႔အတြက္လုပ္တဲ့ တရား႐ုံးျဖစ္တဲ့အတြက္ သူတို႔မွာ ဘာမွ တုန္လႈပ္ေခ်ာက္ခ်ားမႈ မရွိဘူးေပါ့။”
ေဒၚနန္းခင္ေထြးျမင့္ကို ၿပီးခဲ့တဲ့ ေမလကလည္း အမ်ားျပည္သူ တည္ၿငိမ္ေအးခ်မ္းမႈ ပ်က္ျပားေအာင္ လုပ္ေဆာင္မႈ ရာဇသတ္ႀကီးပုဒ္မ ၅၀၅ (ခ) နဲ႔ ေထာင္ ၂ ႏွစ္ ခ်ထားပါတယ္။ သူမ က်န္းမာေရး သိပ္မေကာင္းဘူးလို႔ ေရွ႕ေနက ေျပာပါတယ္။
NLD ဗဟိုအလုပ္အမႈေဆာင္အဖြဲ႔ဝင္လည္းျဖစ္တဲ့ ကရင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒၚနန္းခင္ေထြးျမင့္ကို ေဖေဖာ္ဝါရီ ၁ ရက္ အာဏာသိမ္းတဲ့ေန႔မွာ စစ္တပ္က ဖမ္းဆီးၿပီးေနာက္ ေနအိမ္အက်ယ္ခ်ဳပ္ ထိန္းသိမ္းထားခဲ့ပါတယ္။ သီတင္းတပတ္အၾကာ ေဖေဖာ္ဝါရီလ ၈ ရက္မွာ စစ္တပ္က ေနာက္ထပ္တႀကိမ္ ထပ္မံဖမ္းဆီးၿပီး ဘားအံအက်ဥ္းေထာင္မွာ အခုခ်ိန္အထိ ဖမ္းဆီးထားတာ ျဖစ္ပါတယ္။
ကရင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဟာင္းနဲ႔ ျပည္နယ္ ဘ႑ာေရးနဲ႔ စည္ပင္ဝန္ႀကီးေဟာင္းတုိ႔ဟာ တာဝန္ထမ္းေဆာင္စဥ္ ကာလအတြင္း ဥပေဒ၊ အမိန႔္၊ ၫႊန္ၾကားခ်က္၊ လုပ္ထုံးလုပ္နည္းေတြကို လိုက္နာျခင္းမရွိဘဲ ခ်ိဳးေဖာက္ ေက်ာ္လြန္ ေဆာင္ရြက္ခ်က္ေတြကို အေရးယူေပးဖို႔ တိုင္ၾကားစာရခဲ့တယ္လို႔ စစ္ေကာင္စီ ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဧၿပီ ၉ ရက္က ေျပာၾကားထားပါတယ္။ သူတို႔ ၂ ဦးေၾကာင့္ စီမံကိန္းတခုမွာ ႏိုင္ငံေတာ္က ဘ႑ာေငြ က်ပ္သန္း ၅,၀၀၀ ေက်ာ္ နစ္နာေစခဲ့ေၾကာင္းနဲ႔ ၂၀၁၈ ခုႏွစ္ ေမ ၁၄ ရက္မွ ၂၀၂၁ ဇန္နဝါရီ ၃၁ ရက္အထိ ေဒသဖြံ႔ၿဖိဳးေရး အေၾကာင္းျပကာ စီးပြားေရးလုပ္ငန္းအသီးသီးမွ ေကာက္ခံခဲ့တဲ့ ရန္ပုံေငြေတြကို ႏိုင္ငံေတာ္ဘ႑ာစာရင္းကို ေပးသြင္းျခင္းမရွိဘဲ ပုဂၢလိကဘဏ္ေတြမွာ သီးျခားေငြစာရင္းမ်ား ဖြင့္လွစ္ကာ ေငြက်ပ္သန္း ၉,၀၀၀ ေက်ာ္ကို လက္ခံရယူခဲ့တယ္လို႔ ဆိုပါတယ္။ ႏိုင္ငံေတာ္ဘ႑ာေငြနဲ႔ သက္ဆိုင္တဲ့ ေဒသဖြံ႔ၿဖိဳးေရး ရန္ပုံေငြ ေငြက်ပ္သိန္း ၇,၀၀၀ ေက်ာ္ကိုလည္း ပုဂၢိဳလ္ ၁၉ ဦးကို ထုတ္ေခ်းခဲ့ၿပီး အဆင့္ျမင့္ ေဈးဝယ္စင္တာ တည္ေဆာက္ေရးအတြက္ လုပ္ငန္းတင္ဒါ ေအာင္ျမင္တဲ့ ကုမၸဏီထံမွ လုပ္ငန္းစာခ်ဳပ္ ခ်ဳပ္ဆိုႏိုင္ျခင္း မရွိေသးဘဲ စုစုေပါင္းေငြက်ပ္ သိန္း ၅,၀၀၀ ကို ႀကိဳတင္လက္ခံ ရယူခဲ့တာေတြေၾကာင့္ အခုလို တရားစြဲတာျဖစ္တယ္လို႔ ေျပာထားပါတယ္။
-----------------------
(Unicode)
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ထောင်ဒဏ် ၇၅ နှစ် ချမှတ်ခံရ
ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို ဘားအံထောင်တွင်း တရားလွှတ်တော်က အဂတိလိုက်စားမှုတွေနဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၇၅ နှစ် ချမှတ်လိုက်ပါတယ်။ သူ့အပေါ် ၁ ဦးတည်း စွဲဆိုထားတဲ့ အဂတိလိုက်စားမှု ၁ မှု၊ ပြည်နယ်ဘဏ္ဍာရေးနဲ့ စည်ပင်သာယာရေးဝန်ကြီးနဲ့ အမှုတွဲစွဲထားတဲ့ အမှု ၄ မှုအတွက် တမှုကို ၁၅ နှစ်စီ ထောင်ဒဏ်ချလိုက်တာပါ။ အလားတူ ကရင်ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်ကိုလည်း အဂတိလိုက်စားမှုတွေနဲ့ ထောင်ဒဏ် အနှစ် ၉၀ ပြစ်ဒဏ်ချလိုက်ပါတယ်။ ဒီအကြောင်းအပြည့်အစုံ ရန်ကုန်ကလာတဲ့သတင်းကို မခင်ဖြူထွေး ပြောပြပါမယ်။
NLD အစိုးရလက်ထက်က ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို အဂတိလိုက်စားမှုတွေနဲ့ ဒီနေ့ နိုဝင်ဘာ ၉ ရက်မှာ ထောင်ဒဏ် ၇၅ နှစ် ချလိုက်ပါတယ်။ ဘားအံအကျဉ်းထောင်တွင်း တရားလွှတ်တော်ကနေ အဂတိလိုက်စားမှု ၅ မှုအတွက် တမှုစီကို ထောင်ဒဏ် ၁၅ နှစ်နဲ့ ၇၅ နှစ်ချလိုက်တာပါ။ ပုဒ်မ ၅၅၊ အဂတိလိုက်စားမှုနဲ့ ကရင်ပြည်နယ်ဝန်ကြီးချုပ်အပေါ် တဦးတည်းအတွက် စွဲထားတာက ၁ မှု၊ ကရင်ပြည်နယ် ဘဏ္ဍာရေးနဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်နဲ့ ပေါင်းစွဲဆိုထားတာက ၄ မှုအတွက် ဒီနေ့ ပြစ်ဒဏ်ချလိုက်တာလည်း ဖြစ်ပါတယ်။ အလားတူ ကရင်ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်ကိုလည်း တဦးတည်း အဂတိလိုက်စားမှု ၂ မှု၊ ဒေါ်နန်းခင်ထွေးမြင့်နဲ့အတူ အမှုတွဲစွဲဆိုထားတဲ့ ၄ မှုတို့အတွက် ထောင်ဒဏ် အနှစ် ၉၀ ချလိုက်ပါတယ်။ ဒါနဲ့ပတ်သက်လို့ သူတို့ရှေ့နေတဦးက ဗွီအိုအေကို အခုလို ရှင်းပြပါတယ်။
“အဂတိလိုက်စားမှု ပုဒ်မ ၅၅ နဲ့ စွဲတာပေါ့နော်။ ၇ မှု စွဲတယ်ပေါ့ဗျာ။ ၂ ယောက်တွဲ အမှုက ၄ မှု၊ ၁၅ နှစ်ဆီ၊ ဒေါ်နန်းခင်ထွေးမြင့် တယောက်တည်းက တမှု။ ဦးသန်းနိုင်က ၂ မှု။ ပေါင်းလိုက်ရင် ၂ ယောက်တွဲ ၄ မှုရယ်၊ ဦးသန်းနိုင် ၂ မှုရယ်၊ ဒေါ်နန်းခင်ထွေးမြင့် ၁ မှုရယ် ပေါင်းလိုက်ရင် ၇ မှု။ ၇ မှုမှာ ဒေါ်နန်းခင်ထွေးမြင့် အမှုအားလုံးပေါင်းကို ၇၅ နှစ်ချတယ်။ ဝန်ကြီး ဦးသန်းနိုင်အတွက်က နှစ် ၉၀ ချတယ်။ သူတို့က တမှုချင်းဆီက ၁၅ နှစ်ဆီပေါ့နော်။ တရားသူကြီးတွေရှေ့မှာပဲ ဒေါ်နန်းခင်ထွေးမြင့်ရော ဦးသန်းနိုင်ရောက အယူခံမတက်ဘူးပြောတယ်။ သူတို့အားလုံး တည်တည်ငြိမ်ငြိမ်ပါပဲ၊ တုန်လှုပ်ချောက်ချားတာ မရှိပါဘူး။”
၂၀၁၇ ခုနှစ် ဇူလိုင်လက ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့် တာဝန်ထမ်းဆောင်နေစဉ် ယာဉ်မတော်တဆမှုကြောင့် ဘယ်ဘက်ခြေသလုံးရိုး ကျိုးခဲ့ပါတယ်။ အဲဒီအတွက် နိုင်ငံတော်ဘဏ္ဍာနဲ့ ဆေးဝါးကုသစရိတ် သုံးခဲ့မှု၊ ကရင်ပြည်နယ် ကမ်းနားလမ်း သာယာလှပရေး စီမံကိန်းအတွင်း အဂတိလိုက်စားခဲ့မှု၊ အစိုးရကို ပေးသွင်းရမယ့် ရန်ပုံငွေကို အစိုးရဘဏ်အကောင့်မှာ မထည့်ဘဲ ဖွံ့ဖြိုးရေးရန်ပုံငွေအနေနဲ့ ပုဂ္ဂလိကဘဏ်မှာ သီးခြားအကောင့်ထဲထည့်ခဲ့မှု၊ အစိုးရ အဆက်ဆက် ဖွံ့ဖြိုးစရိတ် ချေးငွေတွေကို ပြန်လည်တောင်းခံတာမှာ မရတဲ့အတွက် လက်ရှိ ရာထူးယူသူမှာ တာဝန်ရှိတယ်ဆိုတဲ့ အမှုတွေနဲ့ ဒေါ်နန်းခင်ထွေးမြင့်ကို စစ်ကောင်စီက အဂတိလိုက်စားမှု ပုဒ်မ ၅၅ နဲ့ အမှုတွေဖွင့်ခဲ့တာပါ။
ကရင်ပြည်နယ် ဘဏ္ဍာရေးနဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်ဟာလည်း ပြည်နယ်ဝန်ကြီးတာဝန် ထမ်းနေစဉ် ၂၀၁၈ ခုနှစ်၊ မတ်လအတွင်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ သွားရောက်ပြီး ကျောရိုးမကြီး ခွဲစိတ်ကုသမှု ခံယူခဲ့ရာမှာ လုပ်ငန်းရှင်တဦးထံမှ အမေရိကန်ဒေါ်လာ ၁၀,၀၀၀ ကို လက်ခံရယူခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။ ဒါ့အပြင် ၂၀၂၀ အောက်တိုဘာလက မဲဆွယ်စည်းရုံးရေး ကုန်ကျစရိတ် ငွေကျပ် သိန်း ၅၀ ကို လုပ်ငန်းရှင်တဦးထံကနေ တောင်းခံရယူခဲ့တယ်လို့ စွပ်စွဲပြီး တရားစွဲခဲ့ပါတယ်။
တည်ဆဲ အဂတိလိုက်စားမှု ဥပဒေအရဆိုရင် စွပ်စွဲခံရသူအနေနဲ့ အဂတိလိုက်စားတယ်ဆိုတဲ့ ကျော်ဇောသတင်း ကနဦးရှိရမှာဖြစ်သလို ငွေကြေးရယူခဲ့တယ်ဆိုတဲ့ သက်သေ၊ ရယူခဲ့တဲ့ ငွေကြေး သို့မဟုတ် ဥစ္စာပစ္စည်းတခုခုကို သိမ်းဆည်းရမိတာရှိမှသာ အပြစ်ကျူးလွန်တယ်လို့ ဆုံးဖြတ်ရမယ်လို့ ဖော်ပြထားတယ်လို့ ရှေ့နေတွေက ပြောပါတယ်။ ဒါပေမယ့် အဂတိလိုက်စားတယ်ဆိုတဲ့ ငွေကြေးတစုံတရာကို သက်သေမပြနိုင်ဘဲ ထောင်ဒဏ်တွေ ချမှတ်ခဲ့တာလို့ ရှေ့နေက ပြောပါတယ်။
“သူတို့လက်ဝယ်ကနေ သိမ်းတာပြုတာ တခုမှမရှိဘူးပေါ့နော်။ ဒေါ်နန်းခင်ထွေးမြင့်က သူက ကားအက်ဆီးဒင့်ဖြစ်လို့ ရန်ကုန်မှာဆေးကုတယ်၊ ပြည်သူ့ဆေးရုံမှာ။ ကုတာမှာ ရုံးကနေ သူတို့ဘာသူတို့ သိန်း ၅၀ ထုတ်တယ်ပေါ့။ အဲဒါ ဒေါ်နန်းခင်ထွေးမြင့် ဘာမှသိတာမဟုတ်ဘူး။ ကျနော်တို့ နဝတ၊ နအဖတုန်းက ထုတ်ထားတဲ့ အမိန့်တခုရှိတယ်။ ပြည်နယ်ဝန်ကြီးချုပ်တွေက ပြည်တွင်းမှာ ဆေးဝါး အခမဲ့ကုခွင့်ရှိတယ် ဆိုပြီးတော့ ထုတ်ထားတဲ့ ညွှန်ကြားချက် ရှိတယ်လေ။ ကျနော်တို့မေးတဲ့အခါကျတော့ ဘယ်လိုဖြေရမလဲမသိဘူး။ ဒီအမှုတွေနဲ့ ပတ်သက်လို့ ဥပဒေနဲ့မညီဘူး တရားစွဲဆိုမှုက မှန်ကန်မှုမရှိဘူး။ ထွက်ချက်တွေအရ သူတို့မှာ အပြစ်မရှိတာ ပေါ်လွင်တယ်။ သူတို့လည်း နဂိုတည်းက သိတယ်၊ ချဖို့အတွက်လုပ်တဲ့ တရားရုံးဖြစ်တဲ့အတွက် သူတို့မှာ ဘာမှ တုန်လှုပ်ချောက်ချားမှု မရှိဘူးပေါ့။”
ဒေါ်နန်းခင်ထွေးမြင့်ကို ပြီးခဲ့တဲ့ မေလကလည်း အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) နဲ့ ထောင် ၂ နှစ် ချထားပါတယ်။ သူမ ကျန်းမာရေး သိပ်မကောင်းဘူးလို့ ရှေ့နေက ပြောပါတယ်။
NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်လည်းဖြစ်တဲ့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းတဲ့နေ့မှာ စစ်တပ်က ဖမ်းဆီးပြီးနောက် နေအိမ်အကျယ်ချုပ် ထိန်းသိမ်းထားခဲ့ပါတယ်။ သီတင်းတပတ်အကြာ ဖေဖော်ဝါရီလ ၈ ရက်မှာ စစ်တပ်က နောက်ထပ်တကြိမ် ထပ်မံဖမ်းဆီးပြီး ဘားအံအကျဉ်းထောင်မှာ အခုချိန်အထိ ဖမ်းဆီးထားတာ ဖြစ်ပါတယ်။
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်းနဲ့ ပြည်နယ် ဘဏ္ဍာရေးနဲ့ စည်ပင်ဝန်ကြီးဟောင်းတို့ဟာ တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းတွေကို လိုက်နာခြင်းမရှိဘဲ ချိုးဖောက် ကျော်လွန် ဆောင်ရွက်ချက်တွေကို အရေးယူပေးဖို့ တိုင်ကြားစာရခဲ့တယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဧပြီ ၉ ရက်က ပြောကြားထားပါတယ်။ သူတို့ ၂ ဦးကြောင့် စီမံကိန်းတခုမှာ နိုင်ငံတော်က ဘဏ္ဍာငွေ ကျပ်သန်း ၅,၀၀၀ ကျော် နစ်နာစေခဲ့ကြောင်းနဲ့ ၂၀၁၈ ခုနှစ် မေ ၁၄ ရက်မှ ၂၀၂၁ ဇန်နဝါရီ ၃၁ ရက်အထိ ဒေသဖွံ့ဖြိုးရေး အကြောင်းပြကာ စီးပွားရေးလုပ်ငန်းအသီးသီးမှ ကောက်ခံခဲ့တဲ့ ရန်ပုံငွေတွေကို နိုင်ငံတော်ဘဏ္ဍာစာရင်းကို ပေးသွင်းခြင်းမရှိဘဲ ပုဂ္ဂလိကဘဏ်တွေမှာ သီးခြားငွေစာရင်းများ ဖွင့်လှစ်ကာ ငွေကျပ်သန်း ၉,၀၀၀ ကျော်ကို လက်ခံရယူခဲ့တယ်လို့ ဆိုပါတယ်။ နိုင်ငံတော်ဘဏ္ဍာငွေနဲ့ သက်ဆိုင်တဲ့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ငွေကျပ်သိန်း ၇,၀၀၀ ကျော်ကိုလည်း ပုဂ္ဂိုလ် ၁၉ ဦးကို ထုတ်ချေးခဲ့ပြီး အဆင့်မြင့် ဈေးဝယ်စင်တာ တည်ဆောက်ရေးအတွက် လုပ်ငန်းတင်ဒါ အောင်မြင်တဲ့ ကုမ္ပဏီထံမှ လုပ်ငန်းစာချုပ် ချုပ်ဆိုနိုင်ခြင်း မရှိသေးဘဲ စုစုပေါင်းငွေကျပ် သိန်း ၅,၀၀၀ ကို ကြိုတင်လက်ခံ ရယူခဲ့တာတွေကြောင့် အခုလို တရားစွဲတာဖြစ်တယ်လို့ ပြောထားပါတယ်။