သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်မြောက်ပိုင်း Nari မုန်တိုင်းဝင်


ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းကို စနေနေ့မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခတ်သွားတဲ့ အင်အားပြင်း တိုင်ဖွန်းမုန်တိုင်းကြောင့် ၅ ယောက်ထက် မနည်း သေဆုံးတယ်လို့ ဖိလစ်ပိုင်တာဝန်ရှိသူတွေက ပြောပါတယ်။

သောကြာနေ့ ည သန်းခေါင်လောင်မှာ အရှေ့ဖက်ကမ်းရိုးတမ်းကို တိုင်ဖွန်း Nari ဝင်ရောက်တိုက်ခတ်ခဲ့တာမှာ သစ်ပင်တွေပြို၊ ဓာတ်တိုင် တွေကျိုးကျခဲ့သလို စပါး စိုက်ပျိုးခင်းတွေရှိတဲ့ Luzon ကျွန်းပေါ်မှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပါတယ်။ မုန်တိုင်းကြောင့် လူ ၂ သန်းကျော်မှာလည်း လျှပ်စစ်ဓာတ်အား ပြတ်တောက်နေတယ်လို့ ဒေသခံတာဝန်ရှိသူတွေက ပြောပါတယ်။

တိုင်းဖွန်းမုန်တိုင်း မဝင်ခင်ထဲက ကမ်းရိုးတန်းဒေသမှာနေတဲ့ ထောင်နဲ့ချီတဲ့သူတွေ ဟာ ဘေးကင်းရာမှာ ပြောင်းရွှေ့နေနေခဲ့ကြပါတယ်၊ Nari
မုန်တိုင်းကြောင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry ဖိလစ်ပိုင်ကို သောကြာနဲ့ စနေ လာရောက်မဲ့ခရီးစဉ်ကို ဖျက်ခဲ့ရပါတယ်။

နောင်လာမဲ့ သီတင်းပတ်တွေကျမှ ဖိလစ်ပိုင်ကို သွားနိုင်အောင် ထပ်ကြိုးစားမယ်လို့ ဝန်ကြီး Kerry က ကြာသပတေးနေ့က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
XS
SM
MD
LG