သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“နေ” အနီးကပ်လေ့လာရေး အာကာသယာဉ် NASA လွှတ်တင်မည်


အမေရိကန် အာကာသ အေဂျင်စီ NASA က နောက်နှစ် အတွင်း နေ ပတ်လမ်း အတွင်း အာကာသယာဉ် တစင်း လွှတ်တယ်မယ်လို့ ကြေညာလိုက်ပါတယ်။

Parker Space Probe အာကာသယာဉ်က နေရောင်ခြည်ရဲ့ လှုပ်ရှားမှု အချက်အလက်တွေကို စုဆောင်းရယူမှာ ဖြစ်ပြီး ဒီအချက်အလက်တွေက အာကသထဲက ရာသီဥတု အဖြစ်အပျက်တွေက မြေကမ္ဘာအပေါ် ဘယ်လို သက်ရောက်သလဲ ဆိုတဲ့ အပေါ် ပိုပြီး ရှင်းလင်းလာစေနိုင်ပါတယ်။

နေ ရဲ့ မျက်နှာပြင်နဲ့ မိုင်ပေါင်း ၄ သန်း အကွာအထိ ဒီ အာကသယာဉ် ရောက်ရှိမှာ ဖြစ်ပြီး ဒီအကွာအဝေး ဟာဆိုရင်လည်း အရင် အာကာသယာဉ်တွေ သွားရောက်နိုင်ခဲ့တာထက် ၈ ဆ ပိုပြီး နေနဲ့ နီးကပ်လာတာ ဖြစ်ပါတယ်။ နေ နဲ့ အနီးဆုံး နေရာမှာတော့ အာကာသယာဉ်ရဲ့ ၁၂ စင်တီမီတာ ထူတဲ့ နေရောင်ခြည် အကာအကွယ်က အပူချိန် ၁၃၀၀ ဒီဂရီ စင်တီဂရိတ်ကို ခံနိုင်ရည် ရှိဖို့ လိုအပ်မှာပါ။

အာကာသ သိပ္ပံ ပညာရှင် Eugene Parker ကို ဂုဏ်ပြုတဲ့ အနေနဲ့ အာကာသယာဉ်ကို သူ့နာမည်ပေးခဲ့တဲ့ ချီကာဂိုတက္ကသိုလ်မှာ ပြုလုပ်တဲ့ မနေ့ ဗုဒ္ဓဟူးနေ့က အခမ်းအနားမှာNASA က ဒီအစီအစဉ်ကို ကြေညာခဲ့တာပါ။ ဒီစူစမ်းလေ့လာရေး ခရီးစဉ်ကိုတော့ လာမယ့် ၂၀၁၈ ခုနှစ် သြဂုတ်လမှ စတင်မှာ ဖြစ်ပြီး ဇူလိုင်လ ၂၀၂၅ ခုနှစ် ဇွန်လ အထိ ဆောင်ရွက်သွားဖို့ စီစဉ်ထားပါတယ်။

“နေ” အနီးကပ်လေ့လာရေး အာကာသယာဉ် NASA လွှတ်တင်မည်
please wait

No media source currently available

0:00 0:00:56 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG