သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Nashville ဗံုးကဲြမႈ ဆက္စပ္ၿပီး ၿမိဳ႕ဆင္ေျခဖံုး ေနအိမ္တလံုးကို ရွာေဖြ


Nashville ၿမိဳ႕မွာ ေပါက္ကဲြမႈနဲ႔ ပတ္သက္ၿပီး ဆင္ေျခဖုံးရွိ ၂ ထပ္အိမ္တအိမ္ကို စုံစမ္းစစ္ေဆးေနတဲ့ ဗဟိုအစိုးရ စုံစမ္းစစ္ေဆးသူမ်ား။ (ဒီဇင္ဘာ ၂၆၊ ၂၀၂၀)

(Zawgyi / Unicode)

အေမရိကန္ႏုိင္ငံ Nashville ၿမိဳ႕မွာ အိမ္လိုေနထုိင္တဲ့ ကားတစင္း ေပါက္ကဲြသြားတာနဲ႔ ပတ္သက္ၿပီး စုံစမ္းစစ္ေဆးေနတဲ့ ဗဟိုအစိုးရ စုံစမ္းစစ္ေဆးသူေတြဟာ ေပါက္ကဲြမႈနဲ႔ ပတ္သက္ၿပီး သဲလြန္စရရွိဖို႔အတြက္ အဲဒီၿမိဳ႕ ဆင္ေျခဖုံးမွာရွိတဲ့ ၂ ထပ္အိမ္တအိမ္ကို မေန႔က ရွာေဖြခဲ့ၾကပါတယ္။ ခရစၥမတ္ေန႔ကျဖစ္ခဲ့တဲ့ အဲဒီေပါက္ကဲြမႈေၾကာင့္ လူ ၃ ေယာက္ ဒဏ္ရာရသြားခဲ့ပါတယ္။

ဒါ့အျပင္ အဲဒီေပါက္ကဲြသြားတဲ့ ကားနားကေန ရရွိခဲ့တဲ့ လူ႔ခႏၶာကိုယ္ အစိတ္အပိုင္း တခ်ိဳ႕ကိုလည္း ေဖာ္ထုတ္ႏုိင္ဖို႔အတြက္ ဗဟိုအစိုးရ တာဝန္ရွိသူေတြ ႀကိဳးပမ္းေနၾကပါတယ္။

Nashville ၿမိဳ႕လယ္ေခါင္မွာ ရပ္ထားတဲ့ အဲဒီ အိမ္လိုေနထုိင္တဲ့ကားဟာ ေသာၾကာေန႔ မနက္အေစာပိုင္းက ေပါက္ကဲြခဲ့တာ ျဖစ္ပါတယ္။ ဒီေပါက္ကဲဲြမႈေၾကာင့္ အနီးနားက ကားအေတာ္မ်ားမ်ား ပ်က္စီးသြားခဲ့ၿပီး စီးပြားေရးလုပ္ငန္း ၄၀ ေက်ာ္ရဲ႕ ဆုိင္ခန္းေတြလည္း ျပတင္းေပါက္ေတြကဲြၿပီး ထိခိုက္ပ်က္စီးသြားခဲ့ပါတယ္။

ေဒသခံရဲတပ္ဖဲြ႔နဲ႔ FBI ျပည္ေထာင္စု စုံစမ္းစစ္ေဆးေရးဗ်ဴ႐ုိ တာဝန္ရွိသူေတြနဲ႔ တျခား အေမရိကန္အစိုးရ တာဝန္ရွိသူေတြဟာ Nashville ၿမိဳ႕နဲ႔ ၁၁ မိုင္အကြာ Antioch ၿမိဳ႕က ၂ ထပ္အိမ္တခုက ေျမေအာက္ခန္းထဲကို အဓိက ဝင္ေရာက္ရွာေဖြခဲ့တယ္လို႔ မ်က္ျမင္သက္ေသတေယာက္ကို ကိုးကားၿပီး ႐ုိက္တာသတင္းက ေဖာ္ျပပါတယ္။

ဒီေပါက္ကဲြမႈနဲ႔ပတ္သက္ၿပီး စုံစမ္းစစ္ေဆးေနတဲ့သူဟာ ဘယ္သူဘယ္ဝါျဖစ္တယ္ ဆုိတာကိုေတာ့ တာဝန္ရွိသူေတြက ထုတ္ေဖာ္ေျပာဆုိျခင္း မရွိပါဘူး။ ဒါေပမယ့္လည္း အဲဒီလူဟာ Bakertown လမ္းက အိမ္နံပါတ္မွာ ေနသြားတဲ့ အသက္ ၆၃ ႏွစ္အရြယ္ အမ်ိဳးသားျဖစ္တယ္လို႔ CBS ႐ုပ္သံသတင္းက ေဖာ္ျပပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

Nashville ဗုံးကွဲမှု ဆက်စပ်ပြီး မြို့ဆင်ခြေဖုံး နေအိမ်တလုံးကို ရှာဖွေ

အမေရိကန်နိုင်ငံ Nashville မြို့မှာ အိမ်လိုနေထိုင်တဲ့ ကားတစင်း ပေါက်ကွဲသွားတာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေတဲ့ ဗဟိုအစိုးရ စုံစမ်းစစ်ဆေးသူတွေဟာ ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး သဲလွန်စရရှိဖို့အတွက် အဲဒီမြို့ ဆင်ခြေဖုံးမှာရှိတဲ့ ၂ ထပ်အိမ်တအိမ်ကို မနေ့က ရှာဖွေခဲ့ကြပါတယ်။ ခရစ္စမတ်နေ့ကဖြစ်ခဲ့တဲ့ အဲဒီပေါက်ကွဲမှုကြောင့် လူ ၃ ယောက် ဒဏ်ရာရသွားခဲ့ပါတယ်။

ဒါ့အပြင် အဲဒီပေါက်ကွဲသွားတဲ့ ကားနားကနေ ရရှိခဲ့တဲ့ လူ့ခန္ဓာကိုယ် အစိတ်အပိုင်း တချို့ကိုလည်း ဖော်ထုတ်နိုင်ဖို့အတွက် ဗဟိုအစိုးရ တာဝန်ရှိသူတွေ ကြိုးပမ်းနေကြပါတယ်။

Nashville မြို့လယ်ခေါင်မှာ ရပ်ထားတဲ့ အဲဒီ အိမ်လိုနေထိုင်တဲ့ကားဟာ သောကြာနေ့ မနက်အစောပိုင်းက ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ ဒီပေါက်ကဲွဲမှုကြောင့် အနီးနားက ကားအတော်များများ ပျက်စီးသွားခဲ့ပြီး စီးပွားရေးလုပ်ငန်း ၄၀ ကျော်ရဲ့ ဆိုင်ခန်းတွေလည်း ပြတင်းပေါက်တွေကွဲပြီး ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။

ဒေသခံရဲတပ်ဖွဲ့နဲ့ FBI ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို တာဝန်ရှိသူတွေနဲ့ တခြား အမေရိကန်အစိုးရ တာဝန်ရှိသူတွေဟာ Nashville မြို့နဲ့ ၁၁ မိုင်အကွာ Antioch မြို့က ၂ ထပ်အိမ်တခုက မြေအောက်ခန်းထဲကို အဓိက ဝင်ရောက်ရှာဖွေခဲ့တယ်လို့ မျက်မြင်သက်သေတယောက်ကို ကိုးကားပြီး ရိုက်တာသတင်းက ဖော်ပြပါတယ်။

ဒီပေါက်ကွဲမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေတဲ့သူဟာ ဘယ်သူဘယ်ဝါဖြစ်တယ် ဆိုတာကိုတော့ တာဝန်ရှိသူတွေက ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။ ဒါပေမယ့်လည်း အဲဒီလူဟာ Bakertown လမ်းက အိမ်နံပါတ်မှာ နေသွားတဲ့ အသက် ၆၃ နှစ်အရွယ် အမျိုးသားဖြစ်တယ်လို့ CBS ရုပ်သံသတင်းက ဖော်ပြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG