သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Nashville ဗုံးကွဲမှု ကြံရွယ်လုပ်ဆောင်မှုဟု ရဲတပ်ဖွဲ့ယူဆ


Nashville မြို့ ပေါက်ကွဲမှုဖြစ်ခဲ့တဲ့နေရာအနီး တွေ့ရတဲ့ အပျက်အစီးတွေနဲ့ စစ်ဆေးနေတဲ့ ရဲတပ်ဖွဲ့ဝင်များ။ (ဒီဇင်ဘာ ၂၅၊ ၂၀၂၀)
Nashville မြို့ ပေါက်ကွဲမှုဖြစ်ခဲ့တဲ့နေရာအနီး တွေ့ရတဲ့ အပျက်အစီးတွေနဲ့ စစ်ဆေးနေတဲ့ ရဲတပ်ဖွဲ့ဝင်များ။ (ဒီဇင်ဘာ ၂၅၊ ၂၀၂၀)

(Zawgyi / Unicode)

အမေရိကန်ပြည်ထောင်စု၊ တန်နက်ဆီပြည်နယ်၊ Nashville မြို့လယ်ခေါင်မှာ ခရစ္စမတ်နေ့က အိမ်လိုနေထိုင်ကြတဲ့ မော်တော်ကားကြီးတစီး ပေါက်ကွဲတာကြောင့် လူသုံးယောက် ဒဏ်ရာရသွားပါတယ်။ ဒီပေါက်ကွဲမှုဟာ တမင်ရည်ရွယ်ချက်နဲ့လုပ်တဲ့ ဖောက်ခွဲမှုဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ပေါက်ကွဲမှု မဖြစ်ခင်လေးမှာ အဲဒီမော်တော်ယာဉ်ကနေ အသံသွင်းထားတဲ့ စကားသံတခု ထွက်လာပြီး ၁၅ မိနစ်အတွင်း ဗုံးတလုံး ပေါက်ကွဲတော့မယ်လို့ ပြောခဲ့ပါတယ်။

အဲဒီနေရာနားမှာ သေနတ်ပစ်ခတ်သံတွေ ကြားရတယ်ဆိုတဲ့ သတင်းပေးချက်ကြောင့် ရဲတပ်ဖွဲ့က အနီးနားမှာ ရောက်နေရာကနေ အဲဒီကားကို သတိထားမိပြီး စကားပြောသံကို ကြားခဲ့ကြတာပါ။ အဲဒီနောက် အနီးနား အဆောက်အဦးတွေက လူတွေကို ရွှေ့ပြောင်းပေးခဲ့ပြီး ဗုံးရှင်းလင်းရေးတပ်ဖွဲ့ကို ခေါ်ယူခဲ့ပါတယ်။ ဗုံးရှင်းတပ်ဖွဲ့ လာနေချိန်မှာပဲ ပေါက်ကွဲမှုဖြစ်ခဲ့တာပါ။

ဒဏ်ရာရသူတွေကို ဆေးရုံပို့ခဲ့ပြီး တယောက်မှ စိုးရိမ်ရတဲ့ အခြေအနေ မရှိဘူးလို့ Nashville ရဲတပ်ဖွဲ့ကပြောသလို ပေါက်ကွဲချိန်က ကားထဲမှာ တယောက်ယောက် ရှိနေသလား ဆိုတာလည်း သူတို့မသိဘူးလို့ ပြောပါတယ်။

လူရဲ့ ရုပ်ကြွင်းအစအန ဖြစ်နိုင်ခြေရှိတဲ့ တစ်ရှူးစတွေကို ပေါက်ကွဲမှုဖြစ်တဲ့နားမှာ စုံစမ်းစစ်ဆေးသူတွေ တွေ့ခဲ့ရတယ်လို့ Nashville မြို့ ရဲတပ်ဖွဲ့မှူး John Drake က သောကြာနေ့လယ် သတင်းစာရှင်းလင်းပွဲအတွင်း ပြောခဲ့ပါတယ်။ ဒါပေမယ့်လည်း မနေ့က နေ့လယ်ပိုင်းအထိတော့ လူသေဆုံးတဲ့ အတည်ပြုချက် မရသေးဘူးလို့ Nashville Tennessean နေ့စဉ်သတင်းစာက ဖော်ပြပါတယ်။

တိုက်ရိုက် လင့်ခ်

----------------------

(Unicode)







XS
SM
MD
LG