သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆွေးနွေးပွဲလာတဲ့ တာလီဘန် NATO စောင့်ရှောက်


A child (L) watches a partial solar eclipse with a woman at the Sydney Observatory. Star-gazers were treated to an annular solar eclipse in remote areas of Australia with the moon crossing in front of the Sun and blotting out much of its light.

အာဖဂန်အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးကြမယ့် တာလီဘန်သူပုန် ခေါင်းဆောင်တွေ ကဘူးလ်မြို့တော်ကို ဘေးကင်းရန်ကင်း သွားလာနိုင်ဖို့ နေတိုးတပ်ဖွဲ့က စီစဉ်ပေးခဲ့ကြောင်း အမေရိကန်နဲ့ နေတိုးတပ်ဖွဲ့တွေရဲ့ တပ်မှူးဖြစ်တဲ့ ဗိုလ်ချုပ်ကြီး David Petraeus က ပြောဆိုလိုက်ပါတယ်။

အာဖဂန်သမ္မတ ဟာမစ်ခါဇိုင်းရဲ့ စစ်သွေးကြွတွေနဲ့ ပြန်လည် သင့်မြတ်ရေး ကြိုးပမ်းနေတာတွေကို ညွှန့်ပေါင်းတပ်ဖွဲ့က ထောက်ခံကြောင်း ပြသတဲ့အနေနဲ့ အခုလို ကူညီခဲ့တာဖြစ်တယ်လို့ ဗိုလ်ချုပ်ကြီး Petraeus က ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ သောကြာနေ့ကပဲ သတင်းထောက်တွေကို ပြောခဲ့တာပါ။

ညွန့်ပေါင်းတပ်ဖွဲ့တွေကသာ ခွင့်မပြုဘူးဆိုရင် တာလီဘန် အဆင့်မြင့်တပ်မှူးတွေ အနေနဲ့ မြို့တော် ကဘူးလ်ကို သွားလာဖို့က လွယ်ကူလှတဲ့ ကိစ္စတော့မဟုတ်ဘူးလို့လည်း သူကဆိုပါတယ်။ တာလီဘန်သူပုန်တွေရဲ့ အဆင့်မြင့်တပ်မှူး အတော်များများဟာ အာဖဂန်အစိုးရနဲ့သာမက အာဖဂန်အရေးမှာ ပါဝင်ပတ်သက်နေတဲ့ နိုင်ငံတွေနဲ့ပါ ဆက်ဆံမှုတွေ ရှိနေပြီဖြစ်ပေမဲ့ အကြိုသဘော ဆွေးနွေးတဲ့ အဆင့်မှာပဲ ရှိသေးတယ်လို့လည်း ဗိုလ်ချုပ်ကြီးက ပြောဆိုခဲ့တာပါ။

XS
SM
MD
LG