[[Zawgyi/Unicode]]
႐ုရွားက်ဴးေက်ာ္စစ္အရွိန္ေၾကာင့္ အိမ္နီးခ်င္းဖင္လန္နဲ႔ ေနာက္ ဆီြဒင္တို႔ ေနတိုး စစ္မဟာမိတ္အဖြဲ႔ဝင္ဖို႔ တရားဝင္ ေလွ်ာက္ထားလိုက္ပါၿပီ။
အခုလိုေလွ်ာက္လႊာေတြကို ေနတိုး ေျမာက္အတၱလန္တစ္စစ္စာခ်ဳပ္အဖြဲ႔ အႀကီးအကဲ Jens Stoltenberg ကလက္ခံၿပီးတဲ့ေနာက္ ဖင္လန္နဲ႔ ဆီြဒင္သံအမတ္ႀကီး ၂ ဦးနဲ႔တြဲၿပီး ေနတိုးဌာနခ်ဳပ္ကေန ဒီေန႔ ေၾကညာလိုက္တာပါ။
ဒီေန႔ဟာ လံုျခံဳေရးအတြက္အေရးပါတဲ့ ေန႔ထူးေန႔ျမတ္ျဖစ္ၿပီး ေနတိုးခ်ဲ႕ထြင္မႈ အေရးႀကီးလာတာကို မဟာမိတ္ေတြအားလံုးက နားလည္လက္ခံလာတာလည္းျဖစ္တယ္လို႔ ေနတိုးအဖြဲ႔ အေထြေထြအတြင္းေရးမႉး Stolenberg က ဆိုပါတယ္။
ဒါ့အျပင္ အားလံုး တညီတၫြတ္တည္း ဝိုင္းရပ္တည္မွရေတာ့မယ္ဆိုတာကိုလည္း အားလံုးက လက္ခံလာၿပီး ဒီ သမိုင္းဝင္အခိုက္အတန္႔ကို လက္မလႊတ္တမ္း အမိအရဆုပ္ကိုင္သြားမွ ျဖစ္မယ္လို႔ Stoltenberg က ဆက္ေျပာပါတယ္။
ဖင္လန္လႊတ္ေတာ္အေနနဲ႔ အခုလို ေနတိုးအဖြဲ႔ဝင္ဖို႔ ဒီေန႔ မနက္မွာပဲ ေထာက္ခံမဲ ၁၈၈ မဲ၊ ကန္႔ကြက္မဲ ၈ မဲနဲ႔ တခဲနက္ မဲေပးဆံုးျဖတ္ခဲ့ၾကအၿပီး အခုလို ေနတိုး ေၾကညာခ်က္ ခ်က္ခ်င္း ထြက္လာတာပါ။
တကယ္ေတာ့ စစ္ေအးကာလအစကတည္းက ေနတိုးမဝင္ဘဲ စစ္ေရး ၾကားေနအျဖစ္ ေတာက္ေလွ်ာက္ ရပ္တည္လာခဲ့တဲ့ ဖင္လန္နဲ႔ ဆြီဒင္ႏိုင္ငံတို႔ဟာ ယူကရိန္းကို ႐ုရွားက်ဴးေက်ာ္လာမႈေၾကာင့္ စိုးရိမ္ႀကီးၿပီး ေနာက္ဆံုး သမိုင္းဝင္ ရပ္တည္ခ်က္ ေျပာင္းသြားရတာပါ ခင္ဗ်ာ။
=========
[[Unicode]]
ဖင်လန်နဲ့ ဆွီဒင် NATO အဖွဲ့ဝင်လျှောက်ထား
ရုရှားကျူးကျော်စစ်အရှိန်ကြောင့် အိမ်နီးချင်းဖင်လန်နဲ့ နောက် ဆွီဒင်တို့ နေတိုး စစ်မဟာမိတ်အဖွဲ့ဝင်ဖို့ တရားဝင် လျှောက်ထားလိုက်ပါပြီ။
အခုလိုလျှောက်လွှာတွေကို နေတိုး မြောက်အတ္တလန်တစ်စစ်စာချုပ်အဖွဲ့ အကြီးအကဲ Jens Stoltenberg ကလက်ခံပြီးတဲ့နောက် ဖင်လန်နဲ့ ဆွီဒင်သံအမတ်ကြီး ၂ ဦးနဲ့တွဲပြီး နေတိုးဌာနချုပ်ကနေ ဒီနေ့ ကြေညာလိုက်တာပါ။
ဒီနေ့ဟာ လုံခြုံရေးအတွက်အရေးပါတဲ့ နေ့ထူးနေ့မြတ်ဖြစ်ပြီး နေတိုးချဲ့ထွင်မှု အရေးကြီးလာတာကို မဟာမိတ်တွေအားလုံးက နားလည်လက်ခံလာတာလည်းဖြစ်တယ်လို့ နေတိုးအဖွဲ့ အထွေထွေအတွင်းရေးမႉး Stolenberg က ဆိုပါတယ်။
ဒါ့အပြင် အားလုံး တညီတညွတ်တည်း ဝိုင်းရပ်တည်မှရတော့မယ်ဆိုတာကိုလည်း အားလုံးက လက်ခံလာပြီး ဒီ သမိုင်းဝင်အခိုက်အတန့်ကို လက်မလွှတ်တမ်း အမိအရဆုပ်ကိုင်သွားမှ ဖြစ်မယ်လို့ Stoltenberg က ဆက်ပြောပါတယ်။
ဖင်လန်လွှတ်တော်အနေနဲ့ အခုလို နေတိုးအဖွဲ့ဝင်ဖို့ ဒီနေ့ မနက်မှာပဲ ထောက်ခံမဲ ၁၈၈ မဲ၊ ကန့်ကွက်မဲ ၈ မဲနဲ့ တခဲနက် မဲပေးဆုံးဖြတ်ခဲ့ကြအပြီး အခုလို နေတိုး ကြေညာချက် ချက်ချင်း ထွက်လာတာပါ။
တကယ်တော့ စစ်အေးကာလအစကတည်းက နေတိုးမဝင်ဘဲ စစ်ရေး ကြားနေအဖြစ် တောက်လျှောက် ရပ်တည်လာခဲ့တဲ့ ဖင်လန်နဲ့ ဆွီဒင်နိုင်ငံတို့ဟာ ယူကရိန်းကို ရုရှားကျူးကျော်လာမှုကြောင့် စိုးရိမ်ကြီးပြီး နောက်ဆုံး သမိုင်းဝင် ရပ်တည်ချက် ပြောင်းသွားရတာပါ ခင်ဗျာ။
=========