သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NATO မဟာမိတ်များနဲ့ သမ္မတTrump တွေ့ဆုံ


NATO မဟာမိတ်အဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ လုံခြုံရေးအတွက် ကာကွယ်ရေး ဆိုင်ရာကုန်ကျစားရိတ်ကို အချိုးကျ မပေးဝေ ကြတာနဲ့ ပတ်သက်ပြီး ကြာသပတေးနေ့ အစည်းအဝေးမှာ အမေရိကန် သမ္မတ Donald Trump က အဖွဲ့ဝင်နိုင်ငံတွေကို ဝေဖန်ခဲ့သလို အကြမ်းဖက်ဝါဒ နဲ့ ပတ်သက်ပြီး ပိုဦးစားပေးလုပ်ဆောင်ဖို့ ပြောကြားခဲ့ပါတယ်။

ဘရပ်ဆဲလ်မှာ ကျင်းပတဲ့ NATO ခေါင်းဆောင်တွေရဲ့ အစည်းအဝေးမှာ NATO အဖွဲ့ အနေနဲ့ လာမယ့် လုပ်ဆောင်မှုတွေမှာ အကြမ်းဖက်ဝါဒ နဲ့ လူဝင်မှု ကြီးကြပ်ရေး ဆိုင်ရာ ကိစ္စရပ်တွေအပြင် ရုရှားနဲ့ NATO အဖွဲ့ဝင် နိုင်ငံတွေရဲ့ အရှေ့နဲ့ တောင်ဘက်နယ်စပ်တွေက ခြိမ်းခြောက်မှု တွေကို အဓိက ဦးစားပေးပြီး ဆောင်ရွက်ဖို့ ပန်ကြားခဲ့ပါတယ်။

NATO အဖွဲ့ဝင် နိုင်ငံတွေရဲ့ မဟာမိတ်သဘောတူညီချက် အမှတ် ၅ Article Five မှာ ဖေါ်ပြထားတဲ့ ကာကွယ်ရေးကို လက်တွဲပြီး မျှဝေ ဆောင်ရွက်ဖို့ အခြေခံမူကို အဖွဲ့ဝင်နိုင်ငံတွေ လိုက်နာရေး အထိမ်းအမှတ် အခန်းအနားမှာ သမ္မတ Trump က ခုလို ပြောကြားခဲ့ပါတယ်။ အမေရိကန်နိုင်ငံမှာ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် အယ်လ်ကိုင်းဒါး အကြမ်းဖက်သမားတွေရဲ့ အတိုက်ခိုက်ခံခဲ့ရတဲ့ အချိန်ကျမှပဲ ဒီသဘောတူညီချက်ကို လက်တွေ့အကောင်ထည် ဖေါ်ဖို့ဖြစ်လာခဲ့တာပါ။

သမ္မတ Trump ရဲ့ မဲဆွယ်ပွဲကာလမှာ ဒီ အခြေခံ သဘောတူညီချက်ကို လက်မခံကြောင်း သူရဲ့ ပြောကြားချက်တွေအတွက် ကာကွယ်ရေး ဆိုင်ရာ မှာ အမေရိကန်က ဆက်ပြီး ပါဝင်ဖို့ ရှိမရှိ ဥရောပတလွှားက စိုးရိမ် စိတ်ပူခဲ့ကြတာ ဖြစ်ပါတယ်။

NATO မဟာမိတ်များနဲ့ သမ္မတTrump တွေ့ဆုံ
please wait

No media source currently available

0:00 0:01:11 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG