သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ့ဒီမိုကေရစီေရးအားေပးတဲ့ NDAA ဥပေဒၾကမ္း အထက္လႊတ္ေတာ္အတည္ျပဳ 


BURMA Act ဥပေဒၾကမ္းကိုအဆိုျပဳခဲ့သူ အေမရိကန္ေအာက္လႊတ္ေတာ္ ႏိုင္ငံျခားေရးေကာ္မတီဥကၠ႒ Gregory Meeks

[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံဒီမိုကေရစီေရးအတြက္ အေမရိကန္လႊတ္ေတာ္က အေရးယူေဆာင္႐ြက္မယ့္ BURMA Act ဥပေဒ၊ ျပင္ဆင္ခ်က္အသစ္ထည့္သြင္းထားတဲ့ ၂၀၂၃ ခုႏွစ္ NDAA အေမရိကန္ အမ်ိဳးသားကာကြယ္ေရးဆိုင္ရာဥပေဒမူၾကမ္းကို အေမရိကန္ အထက္လႊတ္ေတာ္က ၾကာသပေတးေန႔ညက အတည္ျပဳ ျပဌာန္းလိုက္ပါတယ္။

Burma Unified Through Rigorous Military Accountability Act of 2022 လို႔ နာမည္ေပးထားတဲ့ ဥပေဒဟာ ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ဒီမိုကေရစီေရးအတြက္တိုက္ပြဲဝင္ေနသူေတြကို ေထာက္ပံ့ကူညီဖို႔နဲ႔ ျမန္မာစစ္တပ္ကို ပိုၿပီးထိေရာက္တဲ့ ပိတ္ဆို႔ ဒဏ္ခတ္မႈေတြခ်မွတ္ေရး အဓိကရည္႐ြယ္တဲ့ဥပေဒျဖစ္ပါတယ္။ ျမန္မာႏိုင္ငံက တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ေတြ၊ ျပည္သူ႔ကာကြယ္ေရး PDF တပ္ေတြနဲ႔ ဒီမိုကေရစီေရးလႈပ္ရွားတဲ့အဖြဲ႕ေတြကို ကြၽမ္းက်င္မႈပိုင္းနဲ႔ လက္နက္မဟုတ္တဲ့အကူအညီေတြေပးဖို႔ ထည့္သြင္းထားပါတယ္။

စစ္အာဏာသိမ္းမႈနဲ႔ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြအတြက္ တာဝန္ရွိသူေတြကို ဒဏ္ခတ္အေရးယူဖို႔၊ ျမန္မာႏိုင္ငံက တင္ပို႔တဲ့ ေက်ာက္မ်က္ေတြ အေမရိကန္ကိုတင္ပို႔ခြင့္တားျမစ္ဖို႔၊ ျမန္မာႏိုင္ငံဆိုင္ရာ ညႇိႏႈိင္းေရးမႉးတဦးခန႔္ထားၿပီးတာဝန္ေပးဖို႔နဲ႔ ကုလသမဂၢက ထိေရာက္တဲ့ အေရးယူမႈေတြလုပ္ေအာင္ အေမရိကန္က တြန္းအားေပးေဆာင္႐ြက္ဖို႔အခ်က္ေတြလည္း ထည့္သြင္းထားပါတယ္။

NUG အမ်ိဳးသားညီၫႊတ္ေရးအစိုးရကို ေထာက္ခံၿပီး တရားဝင္ေအာင္ လုပ္ေဆာင္ေရး၊ စစ္တပ္အာဏာသိမ္းမႈကိုအျပစ္တင္ၿပီး အရပ္သားအုပ္ခ်ဳပ္ေရး ျပန္လည္ေပၚေပါက္ေစေအာင္ ထုတ္ေဖာ္ေျပာတဲ့ စစ္တပ္ဖြဲ႕ဝင္ေဟာင္းေတြ၊ အျခားဒီမိုကေရစီ အစုအဖြဲ႕ေတြကို ကူညီသြားရမွာျဖစ္ပါတယ္။ စစ္ေကာင္စီအတြက္ ဝင္ေငြမရေရးနဲ႔ တရားဝင္မျဖစ္ေရး လုပ္ေဆာင္မယ့္အခ်က္ေတြကို ထည့္သြင္းထားပါတယ္။

ေအာက္လႊတ္ေတာ္မွာ ဒီဇင္ဘာလ ၇ ရက္ေန႔မွာ အတည္ျပဳထားၿပီးျဖစ္တဲ့ ဒီဥပေဒၾကမ္းကို မၾကာခင္ အေမရိကန္သမၼတ Joe Bdien လက္မွတ္ေရးထိုးၿပီး ဥပေဒအျဖစ္ အတည္ျပဳမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

ဒီမိုကေရစီေရးလႈပ္ရွားေနတဲ့ ျမန္မာျပည္သူေတြအတြက္ ေအာင္ပြဲတရပ္ျဖစ္တယ္လို႔ ဥပေဒၾကမ္းကို အဆိုျပဳခဲ့တဲ့ ေအာက္လႊတ္ေတာ္ ႏိုင္ငံျခားေရးေကာ္မတီ ဥကၠ႒ Gregory Meeks က ႀကိဳဆိုခဲ့ပါတယ္။ ၂၀၀၀ ခုႏွစ္ေတြေနာက္ပိုင္း အေမရိကန္လႊတ္ေတာ္အေနနဲ႔ ျမန္မာ့အေရးကို အထိေရာက္ဆုံး ေဆာင္႐ြက္မႈတခုျဖစ္တယ္လို႔ ဒီဥပေဒၾကမ္းအတည္ျပဳႏိုင္ေရး လႈပ္ရွားေနတဲ့ Campaign for New Myanmar အဖြဲ႕က မန္ေနဂ်ာ Michael Haack ကလည္း VOA ကို ေျပာၾကားခဲ့ပါတယ္။

အေမရိကန္အထက္လႊတ္ေတာ္က အတည္ျပဳလိုက္တဲ့ ဒီဥပေဒၾကမ္းဟာ ျမန္မာျပည္ ဒီမိုကေရစီ၊ လူ႔အခြင့္အေရးနဲ႔ တရားမွ်တမႈတိုက္ပြဲအတြက္ အေရးႀကီးတာေၾကာင့္ အခုလို အထက္လႊတ္ေတာ္က အတည္ျပဳတာကို ႀကိဳဆိုေၾကာင္း NUG ၾကားကာလ အမ်ိဳးသားညီၫြတ္ေရးအစိုးရအဖြဲ႕ကလည္း ေၾကညာခ်က္ ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================

[[Unicode]]

မြန်မာ့ဒီမိုကရေစီရေးအားပေးတဲ့ NDAA ဥပဒေကြမ်း အထက်လွှတ်တော်အတည်ပြု

မြန်မာနိုင်ငံဒီမိုကရေစီရေးအတွက် အမေရိကန်လွှတ်တော်က အရေးယူဆောင်ရွက်မယ့် BURMA Act ဥပဒေ၊ ပြင်ဆင်ချက်အသစ်ထည့်သွင်းထားတဲ့ ၂၀၂၃ ခုနှစ် NDAA အမေရိကန် အမျိုးသားကာကွယ်ရေးဆိုင်ရာဥပဒေမူကြမ်းကို အမေရိကန် အထက်လွှတ်တော်က ကြာသပတေးနေ့ညက အတည်ပြု ပြဌာန်းလိုက်ပါတယ်။

Burma Unified Through Rigorous Military Accountability Act of 2022 လို့ နာမည်ပေးထားတဲ့ ဥပဒေဟာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဒီမိုကရေစီရေးအတွက်တိုက်ပွဲဝင်နေသူတွေကို ထောက်ပံ့ကူညီဖို့နဲ့ မြန်မာစစ်တပ်ကို ပိုပြီးထိရောက်တဲ့ ပိတ်ဆို့ ဒဏ်ခတ်မှုတွေချမှတ်ရေး အဓိကရည်ရွယ်တဲ့ဥပဒေဖြစ်ပါတယ်။ မြန်မာနိုင်ငံက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေး PDF တပ်တွေနဲ့ ဒီမိုကရေစီရေးလှုပ်ရှားတဲ့အဖွဲ့တွေကို ကျွမ်းကျင်မှုပိုင်းနဲ့ လက်နက်မဟုတ်တဲ့အကူအညီတွေပေးဖို့ ထည့်သွင်းထားပါတယ်။

စစ်အာဏာသိမ်းမှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူတွေကို ဒဏ်ခတ်အရေးယူဖို့၊ မြန်မာနိုင်ငံက တင်ပို့တဲ့ ကျောက်မျက်တွေ အမေရိကန်ကိုတင်ပို့ခွင့်တားမြစ်ဖို့၊ မြန်မာနိုင်ငံဆိုင်ရာ ညှိနှိုင်းရေးမှူးတဦးခန့်ထားပြီးတာဝန်ပေးဖို့နဲ့ ကုလသမဂ္ဂက ထိရောက်တဲ့ အရေးယူမှုတွေလုပ်အောင် အမေရိကန်က တွန်းအားပေးဆောင်ရွက်ဖို့အချက်တွေလည်း ထည့်သွင်းထားပါတယ်။

NUG အမျိုးသားညီညွှတ်ရေးအစိုးရကို ထောက်ခံပြီး တရားဝင်အောင် လုပ်ဆောင်ရေး၊ စစ်တပ်အာဏာသိမ်းမှုကိုအပြစ်တင်ပြီး အရပ်သားအုပ်ချုပ်ရေး ပြန်လည်ပေါ်ပေါက်စေအောင် ထုတ်ဖော်ပြောတဲ့ စစ်တပ်ဖွဲ့ဝင်ဟောင်းတွေ၊ အခြားဒီမိုကရေစီ အစုအဖွဲ့တွေကို ကူညီသွားရမှာဖြစ်ပါတယ်။ စစ်ကောင်စီအတွက် ဝင်ငွေမရရေးနဲ့ တရားဝင်မဖြစ်ရေး လုပ်ဆောင်မယ့်အချက်တွေကို ထည့်သွင်းထားပါတယ်။

အောက်လွှတ်တော်မှာ ဒီဇင်ဘာလ ၇ ရက်နေ့မှာ အတည်ပြုထားပြီးဖြစ်တဲ့ ဒီဥပဒေကြမ်းကို မကြာခင် အမေရိကန်သမ္မတ Joe Bdien လက်မှတ်ရေးထိုးပြီး ဥပဒေအဖြစ် အတည်ပြုမယ်လို့ မျှော်လင့်ရပါတယ်။

ဒီမိုကရေစီရေးလှုပ်ရှားနေတဲ့ မြန်မာပြည်သူတွေအတွက် အောင်ပွဲတရပ်ဖြစ်တယ်လို့ ဥပဒေကြမ်းကို အဆိုပြုခဲ့တဲ့ အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီ ဥက္ကဋ္ဌ Gregory Meeks က ကြိုဆိုခဲ့ပါတယ်။ ၂၀၀၀ ခုနှစ်တွေနောက်ပိုင်း အမေရိကန်လွှတ်တော်အနေနဲ့ မြန်မာ့အရေးကို အထိရောက်ဆုံး ဆောင်ရွက်မှုတခုဖြစ်တယ်လို့ ဒီဥပဒေကြမ်းအတည်ပြုနိုင်ရေး လှုပ်ရှားနေတဲ့ Campaign for New Myanmar အဖွဲ့က မန်နေဂျာ Michael Haack ကလည်း VOA ကို ပြောကြားခဲ့ပါတယ်။

အမေရိကန်အထက်လွှတ်တော်က အတည်ပြုလိုက်တဲ့ ဒီဥပဒေကြမ်းဟာ မြန်မာပြည် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ တရားမျှတမှုတိုက်ပွဲအတွက် အရေးကြီးတာကြောင့် အခုလို အထက်လွှတ်တော်က အတည်ပြုတာကို ကြိုဆိုကြောင်း NUG ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ကလည်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG