သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS ထောက်ခံတဲ့ Twitter အသုံးပြုသူ လေးသောင်းခွဲကျော်


islamic state twitter
islamic state twitter

အစ္စလာမ်စစ်သွေးကြွ IS အဖွဲ့ကို ထောက်ခံသူ ၄ သောင်း ၆ ထောင်ထက် မနည်းဟာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်ထဲ Twitter အင်တာနက် လူမှုကွန်ယက်တွေကို အသုံးပြုခဲ့ကြတယ်လို့ ဝါရှင်တန်အခြေစိုက် ဘရုတ်ကင်းစ် အင်စတီကျူ့ (Brookings Institution) သုတေသနအဖွဲ့ရဲ့ အစီရင်ခံစာက ဖော်ပြပါတယ်။
စစ်သွေးကြွတွေ ကို ထောက်ခံသူတွေဟာ ပုံမှန်အားဖြင့် အီရတ်နဲ့ ဆီးရီးယားနိုင်ငံတွေမှာ ရှိတဲ့ IS အဖွဲ့ ထိန်းချုပ်ရာ နယ်မြေထဲက သူတွေ ဖြစ်တာကို တွေ့ရကြောင်းလည်း ဆန်းစစ်သူတွေက ပြောပါတယ်။

Twitter အကောင့်တွေကို ပြီးခဲ့တဲ့ စက်တင်ဘာလကနေ ဒီဇင်ဘာလအတွင်း အသုံးပြုခဲ့ကြပေမဲ့ - အားလုံး - တချိန်တည်းမှာ သုံးကြတာမျိုးတော့ မဟုတ်ဘူးလို့လည်း အစီရင်ခံစာက ဖော်ပြခဲ့တာပါ။ အင်တာနက် လူမှုကွန်ယက် မှာ IS စစ်သွေးကြွအဖွဲ့ - အောင်မြင်မှုတွေ ရခဲ့တာကတော့ Twitter ကို အကြီးအကျယ် သုံးကြတဲ့ အကောင့် ၅၀၀ ကနေ ၂,၀၀၀ လောက်ကြောင့် ဖြစ်တယ်လို့လည်း ဆိုပါတယ်။

လူမှုကွန်ယက် မီဒီယာတွေမှာ အကြမ်းဖက်ဝါဒ ပျံ့နှံ့နေတာတွေကို အင်တာနက် လူမှုဆက်သွယ်ရေး လုပ်ငန်းတွေနဲ့ အမေရိကန် အစိုးရတို့ အတူလက်တွဲ တုံ့ပြန်ဖို့ လိုတယ်လို့လည်း စာမျက် ၆၈ မျက်နှာ ပါဝင်တဲ့ အစီရင်ခံစာ သုံးသပ်ချက်မှာ တိုက်တွန်းထားပါတယ်။


အကောင့်တွေကို ပိတ်လိုက်တာမျိုးဟာ အလုပ်မဖြစ်ဘူးလို့ ဘရုတ်ကင်းစ် (Brookings) သုတေသန အဖွဲ့က ပြောဆိုခဲ့ပေမဲ့လည်း လူမှုကွန်ယက်တွေကို စစ်သွေးကြွတွေ ကျယ်ကျယ်ပြန့်ပြန့် မသုံးနိုင်အောင် ကန့်သတ်ရာမှာတော့ ထိရောက်တဲ့ အကျိုးသက်ရောက်မှုတွေ ရှိခဲ့တယ်လို့လည်း ပြောပါတယ်။

XS
SM
MD
LG