နီပေါလ်နိုင်ငံမှာ စနေနေ့က လှုတ်ခတ်ခဲ့တဲ့ အင်အားပြင်း မြေငလျှင် ဗဟိုပြုသွားတဲ့ နေရာအနီးတဝိုက်မှာ ဆေးနဲ့ အစားသောက်တွေ စတင်ဖြန့်ဝေပေးနေပြီ ဖြစ်တယ်လို့ ကုလသမဂ္ဂ က ပြောပါတယ်။ ငလျှင်ဒဏ်ကြောင့် သေဆုံးတဲ့သူ အရေတွက် ဆက်လက်တိုးနေပါတယ်။
အခုဆိုရင် သေဆုံးသူ အရေအတွက်ဟာ ၅,၀၀၀ ကျော်သွားပြီလို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
နီပေါလ်အစိုးရတာဝန်ရှိသူတွေက အစိုးရအနေနဲ့ လိုအပ်တဲ့ ရေ၊ အစားအစာ နဲ့ နေထိုင်စရာလိုအပ်ချက်တွေ စီစဉ်ဆောင်ရွက် ပေးနေတာကို ပိုမိုကောင်းမွန်အောင် လုပ်ပေးပါမယ်လို့ ကတိပြုထားပြီး ဂိုခါ အရပ်ဒေသတဝိုက်ကို အမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် WFP က အကူညီပေးနေပါတယ်။
တချိန်ထဲမှာပဲ ကယ်ဆယ်ရေး အလုပ်သမားတွေဟာ ၇.၈ ပြင်းအားရှိတဲ့ မြေငလျှင်ကြောင့်ပြိုလဲကျကုန်တဲ့ အဆောက်ဦတွေ အပျက်စီးတွေအအောက်မှာ ပိနေသူတွေကို ရှာဖွေ ကယ်ဆယ်ဖို့ ကြိုးစားနေပါတယ်။
အင်္ဂါနေ့ ညနေနှောင်းပိုင်းမှာ ပြင်သစ်နိုင်ငံက ကူညီကယ်ဆယ်ရေးအဖွဲ့ဟာ ခတ္တမန္ဓူမြို့တွင်းက ပြိုကျနေတဲ့ သူ့ရဲ့ အိမ်အောက်မှာ ပိနေသူ အမျိုးသားတယောက်ကို ရှာဖွေကယ်တင်နိုင်ခဲ့ပါတယ်။ သူဟာ အဆောက်ဦပျက်ရဲ့အောက်မှာ နာရီပေါင်း ၈၀ ကြာ ပိတ်မိနေခဲ့တာပါ။
အစိုးရဖက်က တုန့်ပြန်ဆောင်ရွက်မှုတွေ နှေးကွေးနေတယ်ဆိုပြီးတော့ အလိုမကျဖြစ်နေတဲ့သူတွေ တော်တော်များ ပါတယ်။
ထောင်နဲ့ချီတဲ့ လူတွေဟာ ဗုဒ္ဒဟူးနေ့မှာ ခတ္တမန္ဓူမြို့မှာ စုဝေးခဲ့ကြပြီးနောက် အမျိုးဆွေတွေရှိတဲ့ နယ်တွေကို သွားဖို့ ဘတ်စကားတွေကို ရှာဖွေနေကြပါတယ်။ မကျေမနပ် ဖြစ်နေကြသူတွေဟာ မြို့တော်မှာ ဆန္ဒပြနေကြပြီး လမ်းတွေကို ပိတ်ထားကာ ရဲတွေနဲ့ ထိပ်တိုက်တွေ့နေကြပါတယ်။