သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြက်တုပ်ကွေးအန္တရာယ် နီပေါ အရေးပေါ်စီမံ


အရေးပေါ်စီမံဆောင်ရွက်ရေးအဖွဲ့က ကြက်ငှက်တွေကို သုတ်သင်ခဲ့စဉ်။ (သြဂုတ်လ ၂ ရက်၊ ၂၀၁၃)။
အရေးပေါ်စီမံဆောင်ရွက်ရေးအဖွဲ့က ကြက်ငှက်တွေကို သုတ်သင်ခဲ့စဉ်။ (သြဂုတ်လ ၂ ရက်၊ ၂၀၁၃)။
နီပေါနိုင်ငံမှာ H5N1 ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်ပိုး မပျံ့ပွားအောင် လုပ်ဆောင်တဲ့အေနနဲ့ ဒီကိစ္စ အရေးပေါ် ကိုင်တွယ် ဖြေရှင်းရေးအဖွဲ့က ကြက်တွေကို ဆက်ပြီး သုတ်သင်နေပါတယ်။ Bhaktapur ခရိုင်ကို ကြက်ငှက်တုတ်ကွေး ပြဿနာ နယ်မြေအဖြစ် သတ်မှတ်ထားပါတယ်။ အရေးပေါ် ကိုင်တွယ်ဖြေရှင်းရေးအဖွဲ့က ကြက်တွေကို သုတ်သင်ပစ်တဲ့အပြင် ကြက်စာတွေ ကြက်ဥတွေကိုလည်း ရှင်းလင်းပစ်တာပါ။

သြဂုတ်လ ၁၄ ရက်နေ့ကစပြီး အဲဒီနယ်မြေက ကြက်ဘဲနဲ့ သူတို့နဲ့ပတ်သတ်တဲ့ ထွက်ကုန်တွေ တင်ပို့၊ တင်သွင်း ရောင်းချတာတွေကို တားမြစ်လိုက်ပါတယ်။ နယ်စပ်တလျှောက်မှာလည်း လုံခြုံရေးကို တိုးမြှင့်လုပ်ဆောင်ဖို့ အမိန့်ထုတ် ထားတာပါ။ အဲဒီနေရာမှာ ဇူလိုင်လက H5N1 ကြက်ငှက်တုတ်ကွေး ဗိုင်းရပ်ကို စတွေ့တာပါ။ သြဂုတ်လလယ်မှာတော့ ကြက်ငှက်တုတ်ကွေး ဗိုင်းရပ်စ်ပိုးက တခြား မွေးမြူရေးခြံတွေ ဆီပါ ကူးစက်တာတွေ့ရတာမို့ ခရိုင် ကြက်ငှက်တုတ်ကွေး ထိန်းချုပ်ရေးအဖွဲ့ တော်မတီက လိုအပ်တာတွေ ဆက်လုပ်ဆောင်ခဲ့ကြတာပါ။ ဒီ မွေးမြူရေးခြံတွေနဲ့ ၁၀ မိုင်တောင် မဝေးတဲ့ Kathmandu မြို့တော်မှာတော့ ကြက်သားစားသုံးမှု အများကြီး လျော့ကျသွား တာပါ။

Himalayan Times သတင်းစာမှာ ဖော်ပြထားတာကတော့ သြဂုတ်လ ၁၃ ရက်နေ့ထိဆိုရင် ကြက် မွေးမြူရေးခြံ ၅၂ ခြံက ကြက်ကောင်ရေ နှစ်သိန်း ခုနှစ်သောင်းခုနှစ်ထောင် နီးပါး၊ ကြက်ဥ အလုံးပေါင်း ခြောက်သိန်းကျော်နဲ့ ကြက်စာ အမြောက်အများကို အစိုးရက ဖျက်ဆီးပစ်ခဲ့ပါတယ်။ နောက်ထပ် ကြက်ကောင်ရေ ၅သိန်းကိုလည်း သုတ်သင်ပစ်မယ်လို့ ခရိုင်မွေးမြူရေးရုံး က ပြောပါတယ်။
XS
SM
MD
LG