သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နီပေါလ်ငလျင် သေဆုံးသူ သုံးထောင့် ခြောက်ရာကျော်ပြီ


နီပေါနိုင်ငံမှာ လူပေါင်း ၃၆၀၀ ကျော် သေဆုံးခဲ့ရပြီး ထောင်နဲ့ချီ ဒဏ်ရာတွေ ရခဲ့ကြတဲ့ ပြင်းထန်တဲ့ ငလျင်လှုပ်သွားခဲ့ပြီးတဲ့နောက် နှစ်ရက် အကြာမှာ နိုင်ငံတကာ ကယ်ဆယ်ရေး နဲ့ အကူအညီပေးရေး အဖွဲ့တွေ မြို့တော် Kathmandu မှာ စုဝေးရောက်ရှိနေကြပါတယ်။ အသက်ရှင်ကျန်ရစ်သူတွေကို ကယ်တင်နိုင်ဖို့ အပြိုအပျက်ပုံတွေကို ဆက်ပြီးတူးနေကြပါတယ်။

မြို့တော်ပြင်ပက ခေါင်တဲ့ နေရာတွေမှာ ကူညီကယ်ဆယ်ရေးတွေ လုပ်ဖို့က မြေပြိုကျထား တာတွေ၊ အပြိုအပျက်တွေကြောင့် လမ်းပိတ်နေတာတွေနဲ့ မရောက်နိုင်ဘူးဖြစ်နေတယ်လို့ ကူညီကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။ အချို့ နယ်ပိုင်းတွေမှာ ဆက်သွယ်ရေးလိုင်းတွေလည်း ပြတ်တောက်နေတာကြောင့် လူအသေအပျောက် အရေအတွက်က အခုသိထားတာထက် ပိုများနိုင်တယ်ဆိုပြီး စိုးရိမ်နေကြပါတယ်။

နီပေါနိုင်ငံအနေနဲ့ ငလျင်ကြောင့် ထိခိုက် သေကြေ ခဲ့ရတဲ့အပြင် နီပေါနိုင်ငံ အဓိက မီခိုအားထားနေရတဲ့ ခရီးသွားလုပ်ငန်းမှာ အခြေခံအဆောက်အအုံတွေ အများအပြား ပြိုကျခဲ့တာကြောင့် နီပေါအနေနဲ့ တခါမက ထိခိုက်နစ်နာရတယ်လို့ Oxfam အကူအညီပေးရေးအဖွဲ့က ညွှန်ကြားရေးမှူး Helen Szoke က ပြောပါတယ်။

ဒီသီတင်းပတ်အတွင်းမှာ အင်အားအတန်အသင့်ပြင်းတဲ့ နောက်ဆက်တွဲငလျှင်တွေ လှုပ်နိုင်တယ်လို့ အမေရိကန် ဘူမိတိုင်းတာရေးအဖွဲ့က ခန့်မှန်းထားပါတယ်။ လက်ရှိလည်း နောက်ဆက်တွဲငလျှင်တွေ လှုပ်နေတာကြောင့် Kathmandu မြို့တော်မှာ လူတွေ တနင်္ဂနွေညက ဒုတိယမြောက်ညအဖြစ် လမ်းပေါ်ထွက်ပြီး အိပ်ကြရပါတယ်။

XS
SM
MD
LG