သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

နီေပါေလယာဥ္ပ်က္က ၁၄ ေလာင္းေတြ႕ရွိ


Nepal Plane Crash


[[Zawgyi/Unicode]]

နီေပါလ္ႏိုင္ငံမွာ ခရီးသည္ ၂၂ ေယာက္ပါသြားတဲ့ ေလယာဥ္ပ်က္က်ခဲ့ရာ ဟိမဝႏၲာေတာင္တန္းေဒသတဝိုက္ ရွာေဖြေနတဲ့ ကယ္ဆယ္ေရးေတြက အေလာင္း ၁၄ ေလာင္းကို ဒီေန႔ တနလၤာေန႔မွာ ေတြ႕ရွိခဲ့ပါတယ္။

က်န္တဲ့ေပ်ာက္ဆံုးေနသူေတြ အသက္ရွင္ႏိုင္ဖို႔ အခြင့္အလမ္း အင္မတန္နည္းတယ္လို႔ တာဝန္ရွိသူေတြကေျပာပါတယ္။ ေလယာဥ္ပ်က္ အပိုင္းအစေတြကို နီေပါလ္စစ္တပ္က ဒီေန႔ အေစာပိုင္းမွာ ေတြ႕ရွိခဲ့ၾကတာျဖစ္ပါတယ္။ Tara Air ပုဂၢလိက ေလေၾကာင္းလိုင္းက ေလယာဥ္ဟာ Kathmandu ၿမိဳ႕ေတာ္ရဲ႕ အေနာက္ဘက္ မိုင္ ၈၀ ေလာက္အကြာက ကမာၻလွည့္ခရီးသည္ေတြ အလာမ်ားတဲ့ Pokhara ၿမိဳ႕ကေန ေျခလ်င္ေတာင္တက္သူေတြ အသြားမ်ားတဲ့ Jomsom ၿမိဳ႕ကို တနဂၤေႏြေန႔ မနက္ကအသြား ပ်က္က်ခဲ့တာျဖစ္ပါတယ္။

တ႐ုတ္ႏိုင္ငံနဲ႔နယ္စပ္ ကမာၻမွာ သတၱမေျမာက္အျမင့္ဆံုး Dhaulagiri (ဒိုလဂိရိ) ေတာင္ရွိရာနားမွာ ေလယာဥ္ပ်က္က်ခဲ့တာပါ။ ေလယာဥ္ပ်ံတက္ၿပီး မိနစ္ ၂၀ အၾကာ နက္႐ႈိင္းတဲ့ လွ်ဳိေျမာင္ေတြ၊ ေတာင္ထိပ္ေတြရွိတဲ့ေနရာနားအေရာက္မွာ ေလေၾကာင္းထိန္းခ်ဳပ္ေရးေမွ်ာ္စင္နဲ႔ ေလယာဥ္အဆက္အသြယ္ ျပတ္သြားခဲ့ပါတယ္။

ေလယာဥ္ေပၚမွာ နီေပါလ္လူမ်ဳိး ေလယာဥ္မွဴးေတြနဲ႔ ခရီးသည္ေတြအျပင္ အိႏၵိယလူမ်ဳိး ၄ ေယာက္၊ ဂ်ာမန္ ၂ ေယာက္တို႔ ပါသြားပါတယ္။ ဧဝရက္ေတာင္အပါအဝင္ ကမာၻမွာအျမင့္ဆံုး ေတာင္ထိပ္ ၈ ခုရွိတဲ့ နီေပါလ္ႏိုင္ငံမွာ ေလယာဥ္ပ်က္က်မႈ မၾကာခဏျဖစ္ေလ့ရွိပါတယ္။ ေတာေထာင္ထူထပ္တဲ့ေဒသမွာ ရာသီဥတု ႐ုတ္တရက္ေျပာင္းလဲႏိုင္သလို ေတာေတာင္ ထူထပ္တဲ့ေနရာေတြမွာ ေလယာဥ္ဆင္းကြင္းေတြ ရွိတာမ်ားပါတယ္။

နီေပါေလယာဥ္ပ်က္က ၁၄ ေလာင္းေတြ႕ရွိ
please wait

No media source currently available

0:00 0:00:53 0:00
တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]

နီပေါလေယာဉ်ပျက်က ၁၄ လောင်းတွေ့ရှိ

နီပေါလ်နိုင်ငံမှာ ခရီးသည် ၂၂ ယောက်ပါသွားတဲ့ လေယာဉ်ပျက်ကျခဲ့ရာ ဟိမဝန္တာတောင်တန်းဒေသတဝိုက် ရှာဖွေနေတဲ့ ကယ်ဆယ်ရေးတွေက အလောင်း ၁၄ လောင်းကို ဒီနေ့ တနင်္လာနေ့မှာ တွေ့ရှိခဲ့ပါတယ်။

ကျန်တဲ့ပျောက်ဆုံးနေသူတွေ အသက်ရှင်နိုင်ဖို့ အခွင့်အလမ်း အင်မတန်နည်းတယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။ လေယာဉ်ပျက် အပိုင်းအစတွေကို နီပေါလ်စစ်တပ်က ဒီနေ့ အစောပိုင်းမှာ တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။ Tara Air ပုဂ္ဂလိက လေကြောင်းလိုင်းက လေယာဉ်ဟာ Kathmandu မြို့တော်ရဲ့ အနောက်ဘက် မိုင် ၈၀ လောက်အကွာက ကမ္ဘာလှည့်ခရီးသည်တွေ အလာများတဲ့ Pokhara မြို့ကနေ ခြေလျင်တောင်တက်သူတွေ အသွားများတဲ့ Jomsom မြို့ကို တနင်္ဂနွေနေ့ မနက်ကအသွား ပျက်ကျခဲ့တာဖြစ်ပါတယ်။

တရုတ်နိုင်ငံနဲ့နယ်စပ် ကမ္ဘာမှာ သတ္တမမြောက်အမြင့်ဆုံး Dhaulagiri (ဒိုလဂိရိ) တောင်ရှိရာနားမှာ လေယာဉ်ပျက်ကျခဲ့တာပါ။ လေယာဉ်ပျံတက်ပြီး မိနစ် ၂၀ အကြာ နက်ရှိုင်းတဲ့ လျှိုမြောင်တွေ၊ တောင်ထိပ်တွေရှိတဲ့နေရာနားအရောက်မှာ လေကြောင်းထိန်းချုပ်ရေးမျှော်စင်နဲ့ လေယာဉ်အဆက်အသွယ် ပြတ်သွားခဲ့ပါတယ်။

လေယာဉ်ပေါ်မှာ နီပေါလ်လူမျိုး လေယာဉ်မှူးတွေနဲ့ ခရီးသည်တွေအပြင် အိန္ဒိယလူမျိုး ၄ ယောက်၊ ဂျာမန် ၂ ယောက်တို့ ပါသွားပါတယ်။ ဧဝရက်တောင်အပါအဝင် ကမ္ဘာမှာအမြင့်ဆုံး တောင်ထိပ် ၈ ခုရှိတဲ့ နီပေါလ်နိုင်ငံမှာ လေယာဉ်ပျက်ကျမှု မကြာခဏဖြစ်လေ့ရှိပါတယ်။ တောထောင်ထူထပ်တဲ့ဒေသမှာ ရာသီဥတု ရုတ်တရက်ပြောင်းလဲနိုင်သလို တောတောင် ထူထပ်တဲ့နေရာတွေမှာ လေယာဉ်ဆင်းကွင်းတွေ ရှိတာများပါတယ်။
==============

XS
SM
MD
LG