သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေးရက်ကြာကျင်းပမယ့် အီးယူပါလီမန်ရွေးကောက်ပွဲတွေ နယ်သာလန်မှာစတင်


နယ်သာလန်နိုင်ငံမှာမြင်ရတဲ့ အီးယူပါလီမန်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးဆိုင်းဘုတ် (ဇွန် ၅၊ ၂၀၂၄)
နယ်သာလန်နိုင်ငံမှာမြင်ရတဲ့ အီးယူပါလီမန်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးဆိုင်းဘုတ် (ဇွန် ၅၊ ၂၀၂၄)

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကြားမှာ ၄ ရက်ကြာ ကျင်းပမယ့် ဥရောပပါလီမန် ရွေးကောက်ပွဲတွေကို နယ်သာလန်နိုင်ငံမှာ ဒီနေ့မှာ စတင်လိုက်ပါတယ်။ အဖွဲ့ဝင်နိုင်ငံအများစုကတော့ လာမယ့် တနင်္ဂနွေနေ့မှကျင်းပကြမှာဖြစ်ပြီး၊ မနက်ဖြန်သောကြာနေ့မှာတော့ အိုင်ယာလန် နဲ့ ချက်၊ စနေနေ့မှာတော့ မော်လ်တာ ၊ ဆလိုဗက်ကီးယား၊ နဲ့ လတ်ဗီးယားနိုင်ငံတွေမှာ ကျင်းပသွားမှာဖြစ်ပါတယ်။

နယ်သာလန်နိုင်ငံက လက်ယာစွန်းဝါဒီတွေကတော့ လူဝင်မှုကြီးကြပ်ရေးကိစ္စကို တင်းတင်းကျပ်ကျပ်ဆောင်ရွက်ဖို့ကိစ္စကို အဓိကထားဖို့ မဲဆန္ဒရှင်တွေကို တိုက်တွန်းနေပါတယ်။ နယ်သာလန်က လက်ယာစွန်းလွတ်မြောက်ရေးပါတီ PVV ခေါင်းဆောင် Geert Wilders ကတော့ - ကျနော်တို့အနေနဲ့ ပြည်ပကနေလာရောက်တဲ့သူတွေကိုခွင့်ပြုတာတွေလျှော့စေချင်ပြီး၊ ခိုလှုံခွင့်ပေးတဲ့ စည်းမျဉ်းတွေ နဲ့ မူဝါဒတွေကို တင်းကျပ်စေချင်တယ်လို့ ပြောပါတယ်။

ဒီရွေးကောက်ပွဲမှာ အဓိကကျတဲ့ ကိစ္စရပ်တွေကတော့ ဥရောပတိုက်ရဲ့ လုံခြုံရေး၊ လူဝင်မှုကြီးကြပ်ရေး၊ စက်မှုလုပ်ငန်းတွေ နဲ့ နိုင်ငံရေးစိန်ခေါ်မှုတွေပဲဖြစ်ပြီး လာမယ့် ဥရောပပါလီမန်အသစ်အတွက်လည်း ဒါတွေက အဓိက စိန်ခေါ်မှုတွေပဲဖြစ်ပါတယ်။

လူထုစစ်တမ်းတွေမှာတော့ လက်ယာစွန်းဝါဒီတွေအနေနဲ့ ဥရောပပါလီမန်အမတ်နေရာ ၇၂၀ ထဲက ၄ ပုံ ၁ ပုံလောက်ကို အနိုင်ရနိုင်ချေရှိတယ်လို့ဖော်ပြနေပါတယ်။

လက်ရှိဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen လည်း ဒုတိယအကြိမ်အဖြစ်နဲ့ ဒီရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး၊ သူ့အနေနဲ့ ဥပဒေတွေအတည်ပြု ပြဋ္ဌာန်းနိုင်ဖို့အတွက် သူမရဲ့ EPP ပါတီကို လက်ယာစွန်းဝါဒီတွေနဲ့ အတူတွဲလုပ်ဖို့ တံခါးဖွင့်ပေးထားတယ်လို့ ပြောပါတယ်။

Forum

XS
SM
MD
LG