သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန် ရွေးကောက်ပွဲအတွက် ဝန်ကြီးချုပ်နဲ့  နိုင်ငံရေးပါတီတွေ မဲဆွယ် စည်းရုံးမှု စတင်


အထွေထွေရွေးကောက်ပွဲမဲဆွယ်မှုတစိတ်တပိုင်းအဖြစ် ဝေလနယ်တောင်ပိုင်း ဘယ်ရီမြို့ကိုရောက်နေတဲ့ ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင် လက်ရှိဝန်ကြီးချုပ် Rishi Sunak (မေ ၂၃၊ ၂၀၂၄)
အထွေထွေရွေးကောက်ပွဲမဲဆွယ်မှုတစိတ်တပိုင်းအဖြစ် ဝေလနယ်တောင်ပိုင်း ဘယ်ရီမြို့ကိုရောက်နေတဲ့ ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင် လက်ရှိဝန်ကြီးချုပ် Rishi Sunak (မေ ၂၃၊ ၂၀၂၄)

ဗြိတိန်နိုင်ငံမှာ July လ ၄ ရက်ကျရင် အထွေထွေရွေးကောက်ပွဲကျင်းပမယ်လို့ ကြေညာခဲ့ပြီး နောက်တရက်ဖြစ်တဲ့ ဒီနေ့မှာပဲ နိုင်ငံရေးပါတီခေါင်းဆောင်တွေ မဲဆွယ် စည်းရုံးမှုတွေ စတင်လုပ်နေကြပါတယ်။ Conservative ပါတီဝန်ကြီးချုပ် Rishi Sunak က ဒီနေ့ ရေဒီယိုနဲ့ ရုပ်သံအင်တာဗျူးတွေလုပ်ပြီး မဲဆွယ်ခဲ့ပါတယ်။ သူ့ပါတီကသာ နိုင်ငံရဲ့ စီးပွားရေးတည်ငြိမ်အောင်လုပ်နိုင်မယ်လို့ မနေ့ကလည်း ပွဲတခုမှာ ပြောကြားခဲ့ပါတယ်။

"Conservative ပါတီကသာ ဒီနိုင်ငံရဲ့ စီးပွားရေးတည်ငြိမ်အောင်လုပ်နေတယ်ဆိုတာ ပြသနိုင်ခဲ့ပါပြီ။ စီးပွားရေးတည်ငြိမ်မှုဟာ နိုင်ငံရဲ့အောင်မြင်မှု အုတ်မြတ်ဖြစ်ပါတယ်။ အမေရိကန်၊ ဂျာမနီနဲ့ ပြင်သစ်နိုင်ငံတွေထက် စီးပွားရေးမြန်မြန်ဆန်ဆန် ပြန်ပြီး တိုးတက်နေပါတယ်" လို့ ဝန်ကြီးချုပ် Rishi Sunak ကပြောကြားခဲ့တာပါ။

တချိန်ထဲမှာ ၂၀၁၀ ခုနှစ်ထဲက Conservatives တွေ အာဏာယူထားပြီး နိုင်ငံကမောက်ကမဖြစ်အောင်လုပ်နေတာ အဆုံးသပ်ချိန်တန်ပြီလို့ အတိုက်အခံ Labour ပါတီခေါင်းဆောင် Keir Starmer ကပြောပြီး မဲဆွယ်နေပါတယ်။ လွန်ခဲ့တဲ့ ၁၄ နှစ်အတွင်း အလုပ်သမာလူတန်းစားတွေရဲ့ နေထိုင်မှုစံတွေ ကျဆင်းအောင် လုပ်နေတဲ့ အစိုးရနေရာမှာ နိုင်ငံအခြေအနေပြောင်းလဲပြီး အလုပ်သမားလူတန်းစားတွေရဲ့ အရေးကို ဆောင်ရွက်ပေးဖို့ သူတို့ Labour ပါတီကို ရွေးချယ်ပါလို့ Keir Starmer က ဒီနေ့ Kent နယ်မှာလုပ်ခဲ့တဲ့ မဲဆွယ်ပွဲတခုမှာ ပြောကြားခဲ့ပါတယ်။

ဗြိတိန်မှာ ၂၀၁၀ ခုနှစ်ထဲက အဆက်ဆက်အုပ်ချုပ်ခဲ့ကြတဲ့ David Cameron၊ Theresa May၊ Boris Johnson၊ Liz Truss နဲ့ လက်ရှိဝန်ကြီးချုပ် Sunak တို့အားလုံး Conservatives ပါတီက ဝန်ကြီးချုပ်တွေဖြစ်ကြပါတယ်။ ဗြိတိန်နိုင်ငံ EU ဥရောပသမဂ္ဂကနေ နှုတ်ထွက်မှုနဲ့ ကိုဗစ်ကပ်ရောဂါ တို့ရဲ့အကျိုးဆက်အဖြစ် နေစရိတ် စားစရိတ်တွေ မြင့်တက်တဲ့ဒဏ်ကို ဗြိတိန်ပြည်သူတွေ ခံစားနေရချိန်မှာ အထွေထွေရွေးကောက်ပွဲကို ကျင်းပမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG