သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန် ချားလ်စ်ဘုရင် တနင်္ဂနွေဝတ်ပြုဆုတောင်းပွဲ တက်ရောက်လာ


ဗြိတိန်ဘုရင် တတိယမြောက် ချားလ်စ် နဲ့ကြင်ယာတော် ကမ်မီလာ
ဗြိတိန်ဘုရင် တတိယမြောက် ချားလ်စ် နဲ့ကြင်ယာတော် ကမ်မီလာ

ဗြိတိန်ဘုရင် တတိယမြောက်ချားလ်စ်ဟာ တနင်္ဂနွေ ဝတ်ပြုဆုတောင်းပွဲကို တက်ရောက်ခဲ့ပြီး ဘုရားကျောင်းက ထွက်လာတဲ့အခါ လက်ပြနှုတ်ဆက်လိုက်ပါတယ်။

ကင်ဆာကုသမှုယူလိုက်ပြီးနောက် ဘုရင်ချားလ်စ်နဲ့ ကြင်ယာတော် ကမ်မီလာတို့ဟာ လန်ဒန်နဲ့ မိုင် ၁၁၀ အကွာ အင်္ဂလန်အရှေ့ပိုင်းက ဆန်ဒရင်ဂမ် (Sandringham) စံအိမ်ကို ပြောင်းရွှေ့နေထိုင်ခဲ့ကြတာဖြစ်ပြီး အနီးက စိန့်မေရီ မက်ဂ်ဒလင်း ဘုရားကျောင်း (St. Mary Magdalene) ကို သွားရောက်ခဲ့ကြတာပါ။ ပြည်သူလူထုဆီက ပို့ပေးကြတဲ့ အားပေးစကားတွေဟာ သူ့အတွက် စိတ်သက်သာရာရစေပြီး အားရှိစေပါတယ်လို့ စနေနေ့နှောင်းပိုင်းတုန်းက ချားလ်စ်ဘုရင်က သတင်းထုတ်ပြန်ခဲ့ပါသေးတယ်။

ယူကေနဲ့ ကမ္ဘာမှာ ကင်ဆာဝေဒနာရှင်တွေအတွက် ကူညီနေတဲ့အဖွဲ့အစည်းတွေ လုပ်ကိုင်နေကြပုံကို လူတွေသိလာတဲ့အတွက်လည်း သူ နွေးထွေးကျေနပ်ရကြောင်း ထုတ်ပြန်ချက်မှာ ပြောပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့က သူ့ရောဂါ ကို ဘာမင်ဂမ်နန်းတော်က ထုတ်ပြန်ကြေညာခဲ့ပြီး လန်ဒန် ကလဲရင့်စ် အိမ်တော်က ထွက်ခွါတဲ့အခိုက် အင်္ဂါနေ့မှာ သူ့ကို နောက်ဆုံးတွေ့ခဲ့ရပြီးတဲ့နောက် ခု ဘုရားကျောင်းအထွက် တနင်္ဂနွေနေ့မှာ ပြည်သူတွေက ထပ်မံမြင်ကြရတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG