သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်ဘုရင် ချားလ်စ် ကင်ဆာရောဂါတွေ့ရှိ


Britain King Charles III
Britain King Charles III

ဗြိတိန်ဘုရင် ချားလ်စ် ကင်ဆာရောဂါတွေ့ရှိ

ဗြိတိန်နိုင်ငံက တတိယမြောက်ချားလ်စ်ဘုရင်ကြီး ကင်ဆာရောဂါတမျိုး ဖြစ်ပွားနေကြောင်း ဆေးစစ်သိရှိရပြီး ကုသမှုစတင်ခံယူနေပြီလို့ ဘာကင်ဟမ်နန်းတော်က ဖေဖော်ဝါရီ ၅ ရက် ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

ဒီကင်ဆာက ချားလ်စ်ဘုရင် တလောကပဲ ဆေးစစ်ခဲ့တဲ့ ဆီးကျိတ်ကိစ္စ ဆေးကုသမှုခံခဲ့တာနဲ့ မဆိုင်ဘူးလို့လည်း ပြောထားပါတယ်။ ဘုရင်ကြီးမှာတွေ့ရတာ ကင်ဆာ ဘာအမျိုးအစားလဲ ဆိုတာတော့ မပြောပါဘူး။ အရင်လက ချားလ်စ်ဘုရင်ကို ဆီးကျိတ်ရောင်နေလို့ ဆေးကုသမှုလုပ်တာမှာ စစ်ဆေးကြည့်ရမယ့် အခြေအနေတွေ့လို့ စစ်ဆေးကြည့်တာကနေ အခုကင်ဆာရောဂါကို တွေ့ရှိခဲ့တာဖြစ်တယ်လို့ ဘာကင်ဟမ်နန်းတော်က ပြောထားတာပါ။

ဗြိတိန်ဘုရင်ရဲ့ ပထမဆုံးပြည်ပခရီးစဉ်
please wait

No media source currently available

0:00 0:01:38 0:00

ပုံမှန်ဆေးကုသမှု ယူသွားရမှာဖြစ်ပြီး ဆေးကုသမှုခံယူနေတဲ့ အတောအတွင်းမှာတော့ လူထုနဲ့ တွေ့ဆုံမှုတွေ ရပ်နားထားဖို့ ဆရာဝန်တွေက ညွှန်ကြားထားပါတယ်။

နိုင်ငံတော် အရေးအခင်းတွေ၊ စာရွတ်စာတမ်းဆိုင်ရာ လုပ်ငန်းတာဝန်တွေကိုတော့ ထုံးစံအတိုင်း ဆက်လက်လုပ်ဆောင်သွားမယ်လို့ နန်းတော်က သတင်းထုတ်ပြန်ပါတယ်။ သက်တော် ၇၅ နှစ်ရှိပြီဖြစ်တဲ့ ဘုရင်ကြီးက စိတ်အားဖြင့်တော့ တက်တက်ကြွကြွရှိပြီး ဆေးကုသမှုခံယူပြီး ဘုရင့်တာဝန်တွေကို အမြန်ဆုံးပြန်ထမ်းရွတ်နိုင်ဖို့ ဆန္ဒရှိတယ်လို့ နန်းတော်ရဲ့ ကြေညာချက်မှာပါရှိပါတယ်။

ဒီလို ဗြိတိသျှ ဘုရင် တတိယမြောက်ချားလ်စ်ဘုရင်ကြီးရဲ့ ကင်ဆာဝေဒနာ ကြေညာချက်ထွက်လာပြီး မကြာခင်မှာပဲ နိုင်ငံတကာက စိုးရိမ်ကြောင်းပြောကြားမှုတွေလည်း ထွက်လာတာပါ။

အမေရိကန်သမ္မတ ဂျိူးဘိုင်ဒန်အစိုးရအဖွဲ့အနေနဲ့ မိသားစုနဲ့ ထပ်တူ စိုးရိမ်ပူပန်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန ဒုတိယပြောရေးဆိုခွင့်ရှိသူ ဗီဒန့် ပတဲလ်က ပြောပါတယ်။

“ဘုရင်ကြီးနဲ့ မိသားစုနဲ့ စိုးရိမ်ပူပန်ပါတယ်။ အထူးစိတ်မကောင်းစရာ သတင်းပါပဲ” လို့ နိုင်ငံခြားရေးဌာန နေ့စဉ်သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောသွားပါတယ်။

ဗြိတိန်ဘုရင် ချားလ်စ် ကင်ဆာရောဂါတွေ့ရှိ
please wait

No media source currently available

0:00 0:01:04 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG