သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်ဘုရင်မကြီး ကွယ်လွန်မှု တနှစ်ပြည့် အထိမ်းအမှတ် ဂါရဝပြု


BRITAIN-ROYALS/QUEEN-ANNIVERSARY
BRITAIN-ROYALS/QUEEN-ANNIVERSARY

ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် ကွယ်လွန်ခဲ့တာ တနှစ်ပြည့် အထိမ်းအမှတ်အဖြစ် တော်ဝင်မိသားစုတွေနဲ့ ဗြိတိန်ပြည်သူတွေဟာ ကွယ်လွန်သူ ဘုရင်မကြီးကို ဂုဏ်ပြု ဂါရဝပြုခဲ့ကြပါတယ်။

ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် ကွယ်လွန်ခဲ့တာ တနှစ်ပြည့် အထိမ်းအမှတ်အဖြစ် တော်ဝင်မိသားစုတွေနဲ့ ဗြိတိန်ပြည်သူတွေဟာ ကွယ်လွန်သူ ဘုရင်မကြီးကို ဂုဏ်ပြု ဂါရဝပြုခဲ့ကြပါတယ်။

အဲလိဇဘက်ဘုရင်မကြီးရဲ့ အရိုက်အရာကိုဆက်ခံခဲ့တဲ့ အကြီးဆုံးသား ချားလ်စ်ဘုရင်နှင့်မိဖုရား ကမ်မီလာ (Camilla)တို့ဟာ Balmoral အနီးက ဘုရားကျောင်းတခုမှာ ဘုရင်မကြီး အတွက် သီးသန့် ဝတ်ပြုဆုတောင်းခဲ့ကြပါတယ်။ တခါ ဗြိတိန်နိုင်ငံတဝန်းက မြို့ကြီးတွေမှာလည်း ချားလ်စ်ဘုရင် နန်းတက်တဲ့ နှစ်ပတ်လည် အထိမ်းအမှတ် သေနတ်တွေ ပစ်ဖောက် ဂုဏ်ပြုခဲ့ကြပါတယ်။

ချားလ်စ်ဘုရင်ဟာ မယ်တော် အဲလိဇဘက်ဘုရင်မကြီးရဲ့ အရင်က အများပြည်သူကို မထုတ်ပြန်ရသေးတဲ့ ဓာတ်ပုံတပုံနဲ့အတူ ဆိုရှယ်မီဒီယာပေါ်မှာ ဂုဏ်ပြုစကားဆိုခဲ့ပြီး ဒီတနှစ်အတွင်းမှာ သူနဲ့ မိဖုရားတို့အပေါ် ချစ်ခြင်းမေတ္တာနဲ့ ထောက်ခံမှုအတွက် ပြည်သူတွေကို အထူးကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။

သက်တော် ၉၆ နှစ် အရွယ်၊ မနှစ် စက်တင်ဘာ ၈ ရက်က စကော့တလန်ရှိ Balmoral ရဲတိုက်မှာ နတ်ရွာစံ ကံတော်ကုန်ချိန်မှာ ဘုရင်မကြီးဟာ ဗြိတိန်ထီးနန်းကို စိုးစံခဲ့တာ ဆယ်စုနှစ်(၇)ခု ကြာမြင့်ခဲ့ပါတယ်။ မျိုးဆက်သစ်လူငယ်တွေကြားမှာ တော်ဝင်မိသားစုအပေါ် ထောက်ခံမှု ကျဆင်းလာကြောင်း စစ်တမ်းတွေ ထွက်ပေါ်လာချိန်မှာ အခုလို နှစ်ပတ်လည်နေ့ကျရောက်ခဲ့တာပါ။

တဖက်မှာလည်း ဒီသီတင်းပတ်ထဲ ထုတ်ပြန်ခဲ့တဲ့ စစ်တမ်းတခုမှာ ဗြိတိန်နိုင်ငံသား ၆၂ % က တော်ဝင်မိသားစုကို ထောက်ခံကြောင်း ပြသခဲ့ပေမယ့် ဒီအထဲမှာ အသက် ၁၈ နှစ်ကနေ ၂၄ နှစ်အရွယ် လူငယ်တွေထဲမှာတော့ ၃၀ ရာခိုင်နှုန်းကပဲ ဘုရင်စနစ်က ဗြိတိန်အတွက် ကောင်းမွန်တယ်လို့ ယူဆထားတယ် ဆိုပါတယ်။ ဒါ့အပြင် တနှစ်တာ ကာလအတွင်း ချားလ်စ်ဘုရင်ဟာ သူ့ အလုပ်တာဝန်ကို ကောင်းကောင်မွန်မွန်နဲ့ လုပ်ဆောင်နေတယ်လို့ ယူဆတဲ့ ဗြိတိန်နိုင်ငံသားက ၅၉% ပဲရှိပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG