သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ၿဗိတိန္ဘုရင္မႀကီး ႏိုင္ငံေတာ္ စ်ာပနအခမ္းအနားၿပီးဆုံး 


Wa Charles III, Ren Konso, Prenses Wayalla ak lot manm fami wayal la akonpaye sekey Ren Elizabeth II pandan fineray li nan Westminster Abbey, Lond, Lendi 19 Sept. 2022.

ၿဗိတိန္ ဘုရင္မႀကီး Elizabeth ရဲ႕ စ်ာပန အခမ္းအနားကို တနလာၤေန႔က က်င္းပၿပီးစီးခဲ႔ပါၿပီ။ ဘုရင္မႀကီး ရဲ႔ ႏိုင္ငံေတာ္ စ်ာပန အခမ္းအနားမွာေတာ့ ကမ ၻာတလႊားက သမၼတေတြ နဲ႔ ဘုရင္ေတြ၊ ေတာ္၀င္ မင္းသားေတြနဲ႔ ၀န္ႀကီးခ်ဳပ္ေတြ တက္ေရာက္ၿပီး ေနာက္ဆံုး ႏုတ္ဆက္ခဲ႔ၾကပါတယ္။ မသိဂၤ ီထိုက္ စုစည္းတင္ျပေပးပါမယ္။


ၿဗိတိန္ဘုရင္မႀကီး ႏိုင္ငံေတာ္ စ်ာပနအခမ္းအနားၿပီးဆုံး

{{Zawgyi/Unicode}}
ၿဗိတိန္ ဘုရင္မႀကီး ဒုတိယေျမာက္ Elizabeth ရဲ႕ စ်ာပန အခမ္းအနားကို တနလာၤေန႔မွာ က်င္းပ ၿပီးစီးခဲ႔ပါၿပီ။ တနလာၤေန႔မွာ က်င္းပတဲ႔ ဘုရင္မႀကီး အတြက္ ႏိုင္ငံေတာ္ စ်ာပန အခမ္းအနားမွာေတာ့ ကမ ၻာတလႊားက သမၼတေတြ နဲ႔ ဘုရင္ေတြ၊ ေတာ္၀င္ မင္းသားေတြနဲ႔ ၀န္ႀကီးခ်ဳပ္ေတြ တက္ေရာက္ၿပီး ေနာက္ဆံုး ႏုတ္ဆက္ခဲ႔ၾကပါတယ္။ သိန္းနဲ႔ခ်ီတဲ႔ ၿဗိတိန္ ျပည္သူေတြလည္း ေနာက္ဆံုး အေနနဲ႔ ဂါရဝျပဳ ခဲ႔ၾကပါတယ္။ မသိဂၤ ီထိုက္ စုစည္းတင္ျပေပးပါမယ္။

ၿဗိတိန္ ဘုရင္မႀကီး Elizabeth ရဲ႕ ႏိုင္ငံေတာ္ စ်ာပန အခမ္းအနားကို စက္တင္ဘာလ ၁၉ ရက္ေန႔ တနလာၤေန႔မွာ လန္ဒန္က Westminster ဘုရားေက်ာင္းမွာ က်င္းပခဲ႔ပါတယ္။ ႏိုင္ငံေတာ္ စ်ာပန အခမ္းအနားကို သမၼတေတြ၊ ၀န္ႀကီးခ်ဳပ္ေတြ၊ ေတာ္၀င္ အသိုင္းအဝိုင္းနဲ႔ ဂုဏ္သေရရွိ ပုဂၢိဳလ္ေတြ တက္ေရာက္ခဲ႔ၾကၿပီး အေမရိကန္ သမၼတ Joe Biden နဲ႔ သမၼတ ကေတာ္ Jill Biden တို႔လည္း ပါ၀င္ခဲ႔ပါတယ္။ နန္းသက္ ၇၀ အုပ္ခ်ဳပ္ခဲ႔တဲ႔ ဘုရင္မႀကီး Elizabeth ဟာ ၿပီးခဲ႔တဲ႔ စက္တင္ဘာလ ၈ ရက္ေန႔တုန္းက စေကာ့တလန္မွာ ကြယ္လြန္ခဲ႔တာ ျဖစ္ပါတယ္။ ကြယ္လြန္ခ်ိန္မွာ အသက္ ၉၆ ႏွစ္ ရွိပါၿပီ။ Westminster ဘုရားေက်ာင္းက အခမ္းအနား အၿပီးမွာေတာ့ ဘုရင္မႀကီးရဲ႕႐ုပ္အေလာင္းကို ျမႇဳပ္ႏွံသၿဂႋဳဟ္မယ့္ ၀င္ဆာ ရဲတိုက္ကို သယ္ေဆာင္ခဲ႔ပါတယ္။ လန္ဒန္က လမ္းေတြကို ျဖတ္ၿပီး သူမရဲ႕ ေခါင္းတလားကို သယ္ေဆာင္ရာမွာလည္း သိန္းခ်ီတဲ႔ ျပည္သူေတြ ေနာက္ဆံုး အေနနဲ႔ ဂါရဝျပဳ ႏုတ္ဆက္ခဲ႔ၾကတာမွာ ေက်ာင္းဆရာမ Angla Vocese လည္းပါ၀င္ပါတယ္။

" ဟုတ္ပါတယ္။ သိပ္ၿပီး ၀မ္းနည္းရတဲ႔ ေန႔ပါ။ က်မတို႔က ဒီမွာ ရွိခ်င္ပါတယ္။ တႏိုင္ငံလံုး အတြက္ သူမဟာ သိပ္ၿပီး အေရးပါတဲ႔ ေက်းဇူးတင္စရာ ျဖစ္ေကာင္း ျဖစ္ႏိုင္ပါတယ္။ က်မတို႔ အေနနဲ႔ေတာ့ ေက်းဇူးတင္ေၾကာင္း ေျပာဖို႔ ဒီကို လာႏိုင္ခဲ႔တဲ႔ အတြက္ ေက်နပ္ရပါတယ္"

ဘုရင္မႀကီး Elizabeth ရဲ႕ ႐ုပ္အေလာင္းကို လန္ဒန္က လမ္းေတြကို ျဖတ္ၿပီး သယ္ေဆာင္ရာမွာေတာ့ သိန္းခ်ီတဲ႔ ျပည္သူေတြက ႏုတ္ဆက္ေႂကြးေၾကာ္ ၾကသလို ပန္းေတြ၊ လက္ခုပ္သံေတြနဲ႔ ေနာက္ဆံုး ဂါရ၀ ျပဳ ႏုတ္ဆက္ခဲ႔ၾကတာပါ။ JOHN VILLACRUZES ကေတာ့ ေလဆိပ္ ၀န္ထမ္းတဦး ျဖစ္ပါတယ္။

" ၀မ္းနည္းစရာပါ။ သူမဟာ က်ေနာ္တို႔ ဘုရင္မ အျဖစ္ ႏွစ္ေပါင္း ၇၀ ရွိခဲ႔တာပါ။ အခုလို ေတြ႕ရတာ ၀မ္းနည္းရပါတယ္ "

ဘုရင္မႀကီး Elizabeth ရဲ႕ စ်ာပန အခမ္းအနားကို တက္ေရာက္ဖို႔ ႏိုင္ငံတ၀ွမ္းက လူေပါင္းမ်ားစြာ လန္ဒန္ကို ေရာက္လာၾကတာပါ။ Karen Manson ကေတာ့ Kent ကေန လန္ဒန္ကို လာခဲ႔သူပါ။

" ေတြ႕ျမင္ခြင့္ရတဲ႔အတြက္ သိပ္ၿပီး ကံေကာင္းတာဘဲလို႔ ခံစားရပါတယ္။ ဘယ္ေတာ့မွ ေမ႔မွာ မဟုတ္ပါဘူး။ မယံုႏိုင္စရာပါဘဲ။ သိပ္ၿပီး ခံစားရလိမ့္မယ္လို႔ မထင္ခဲ႔ေပမယ့္္ စိတ္ထိခိုက္ရပါတယ္"

ဘုရင္မႀကီးရဲ႕ ေခါင္းတလားေပၚမွာေတာ့ စိန္အလံုးေပါင္း ၃၀၀၀ ေလာက္ စီခ်ယ္ထားတဲ႔ ဖိတ္ဖိတ္ေတာက္ေနတဲ႔ ဘုရင္မ သရဖူကို ခရမ္းေရာင္ ကူရွင္ေပၚမွာ တင္ထားၿပီး ေရႊ ေက်ာက္မ်က္ေတြ စီခ်ယ္ထားတဲ႔ ဘုရင့္ အေဆာင္အေယာင္ ရတနာ၊ ေနာက္ က်ိဳင္းတို႔နဲ႔ အတူ ပန္းေတြ တင္ေဆာင္ထားပါတယ္။

ကြယ္လြန္သူ ဘုရင္မႀကီး Elizabeth ကို ေနာက္ဆံုး ျမႇပ္ႏွံ သၿဂႋဳဟ္မယ့္ ၀င္ဆာရဲတိုက္က St. George ဘုရားေက်ာင္း အခမ္းအနားတြင္းမွာေတာ့ ေခါင္းတလားေပၚက ဘုရင္မ သရဖူ၊ အေဆာင္အေယာင္ ရတနာနဲ႔ က်ိဳင္းတို႔ကို ဖယ္ရွားလိုက္ၿပီး ေနာက္ ဘုရင့္နန္းေတာ္ေရးရာကို စီမံရသူ Lord Chamberlain က သူ႔ရဲ႕ ႏွင္တံကို ခ်ိဳးၿပီး ဘုရင္မႀကီးရဲ႕ ေခါင္းတလားေပၚကို တင္ခဲ႔ပါတယ္။ ဒါဟာဆိုရင္ ဘုရင္မႀကီး အတြက္ သူ႔အမႈထမ္းမႈ အဆံုးသတ္လိုက္ၿပီ ဆိုတဲ႔ အဓိပၸါယ္ပါ။ အဲဒီေနာက္မွာေတာ့ ဘုရင္မႀကီးရဲ႕ ေခါင္းတလားကို ေတာ္၀င္ ေျမေအာက္ခန္းထဲကို ခ်ၿပီး အခမ္းအနားကို အဆံုးသတ္ခဲ႔ပါတယ္။

ေနာက္ပိုင္း ေတာ္၀င္မိသားစု၀င္ေတြရဲ႕ သီးသန္႔ စ်ာပန အခမ္းအနားအၿပီးမွာေတာ့ ဘုရင္မႀကီး ႐ုပ္အေလာင္းကို ၿပီးခဲ့တဲ့ႏွစ္က ကြယ္လြန္သြားတဲ့ ၾကင္ယာေတာ္ မင္းသားႀကီးဖိလစ္ ျမႇဳပ္ႏွံထားတဲ့ ၀င္ဆာရဲတိုက္မွာ ျမႇဳပ္ႏွံခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

..................................................................


ဗြိတိန်ဘုရင်မကြီး နိုင်ငံတော် ဈာပနအခမ်းအနားပြီးဆုံး

{{Zawgyi/Unicode}}
ဗြိတိန် ဘုရင်မကြီး ဒုတိယမြောက် Elizabeth ရဲ့ ဈာပန အခမ်းအနားကို တနလာၤနေ့မှာ ကျင်းပ ပြီးစီးခဲ့ပါပြီ။ တနလာၤနေ့မှာ ကျင်းပတဲ့ ဘုရင်မကြီး အတွက် နိုင်ငံတော် ဈာပန အခမ်းအနားမှာတော့ ကမ ္ဘာတလွှားက သမ္မတတွေ နဲ့ ဘုရင်တွေ၊ တော်ဝင် မင်းသားတွေနဲ့ ဝန်ကြီးချုပ်တွေ တက်ရောက်ပြီး နောက်ဆုံး နုတ်ဆက်ခဲ့ကြပါတယ်။ သိန်းနဲ့ချီတဲ့ ဗြိတိန် ပြည်သူတွေလည်း နောက်ဆုံး အနေနဲ့ ဂါရဝပြု ခဲ့ကြပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြပေးပါမယ်။

ဗြိတိန် ဘုရင်မကြီး Elizabeth ရဲ့ နိုင်ငံတော် ဈာပန အခမ်းအနားကို စက်တင်ဘာလ ၁၉ ရက်နေ့ တနလာၤနေ့မှာ လန်ဒန်က Westminster ဘုရားကျောင်းမှာ ကျင်းပခဲ့ပါတယ်။ နိုင်ငံတော် ဈာပန အခမ်းအနားကို သမ္မတတွေ၊ ဝန်ကြီးချုပ်တွေ၊ တော်ဝင် အသိုင်းအဝိုင်းနဲ့ ဂုဏ်သရေရှိ ပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့ကြပြီး အမေရိကန် သမ္မတ Joe Biden နဲ့ သမ္မတ ကတော် Jill Biden တို့လည်း ပါဝင်ခဲ့ပါတယ်။ နန်းသက် ၇၀ အုပ်ချုပ်ခဲ့တဲ့ ဘုရင်မကြီး Elizabeth ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ ရက်နေ့တုန်းက စကော့တလန်မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၉၆ နှစ် ရှိပါပြီ။ Westminster ဘုရားကျောင်းက အခမ်းအနား အပြီးမှာတော့ ဘုရင်မကြီးရဲ့ရုပ်အလောင်းကို မြှုပ်နှံသင်္ဂြိုဟ်မယ့် ဝင်ဆာ ရဲတိုက်ကို သယ်ဆောင်ခဲ့ပါတယ်။ လန်ဒန်က လမ်းတွေကို ဖြတ်ပြီး သူမရဲ့ ခေါင်းတလားကို သယ်ဆောင်ရာမှာလည်း သိန်းချီတဲ့ ပြည်သူတွေ နောက်ဆုံး အနေနဲ့ ဂါရဝပြု နုတ်ဆက်ခဲ့ကြတာမှာ ကျောင်းဆရာမ Angla Vocese လည်းပါဝင်ပါတယ်။

" ဟုတ်ပါတယ်။ သိပ်ပြီး ဝမ်းနည်းရတဲ့ နေ့ပါ။ ကျမတို့က ဒီမှာ ရှိချင်ပါတယ်။ တနိုင်ငံလုံး အတွက် သူမဟာ သိပ်ပြီး အရေးပါတဲ့ ကျေးဇူးတင်စရာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ကျမတို့ အနေနဲ့တော့ ကျေးဇူးတင်ကြောင်း ပြောဖို့ ဒီကို လာနိုင်ခဲ့တဲ့ အတွက် ကျေနပ်ရပါတယ်"

ဘုရင်မကြီး Elizabeth ရဲ့ ရုပ်အလောင်းကို လန်ဒန်က လမ်းတွေကို ဖြတ်ပြီး သယ်ဆောင်ရာမှာတော့ သိန်းချီတဲ့ ပြည်သူတွေက နုတ်ဆက်ကြွေးကြော် ကြသလို ပန်းတွေ၊ လက်ခုပ်သံတွေနဲ့ နောက်ဆုံး ဂါရ၀ ပြု နုတ်ဆက်ခဲ့ကြတာပါ။ JOHN VILLACRUZES ကတော့ လေဆိပ် ဝန်ထမ်းတဦး ဖြစ်ပါတယ်။

" ဝမ်းနည်းစရာပါ။ သူမဟာ ကျနော်တို့ ဘုရင်မ အဖြစ် နှစ်ပေါင်း ၇၀ ရှိခဲ့တာပါ။ အခုလို တွေ့ရတာ ဝမ်းနည်းရပါတယ် "

ဘုရင်မကြီး Elizabeth ရဲ့ ဈာပန အခမ်းအနားကို တက်ရောက်ဖို့ နိုင်ငံတဝှမ်းက လူပေါင်းများစွာ လန်ဒန်ကို ရောက်လာကြတာပါ။ Karen Manson ကတော့ Kent ကနေ လန်ဒန်ကို လာခဲ့သူပါ။

" တွေ့မြင်ခွင့်ရတဲ့အတွက် သိပ်ပြီး ကံကောင်းတာဘဲလို့ ခံစားရပါတယ်။ ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။ မယုံနိုင်စရာပါဘဲ။ သိပ်ပြီး ခံစားရလိမ့်မယ်လို့ မထင်ခဲ့ပေမယ့် စိတ်ထိခိုက်ရပါတယ်"

ဘုရင်မကြီးရဲ့ ခေါင်းတလားပေါ်မှာတော့ စိန်အလုံးပေါင်း ၃၀၀၀ လောက် စီချယ်ထားတဲ့ ဖိတ်ဖိတ်တောက်နေတဲ့ ဘုရင်မ သရဖူကို ခရမ်းရောင် ကူရှင်ပေါ်မှာ တင်ထားပြီး ရွှေ ကျောက်မျက်တွေ စီချယ်ထားတဲ့ ဘုရင့် အဆောင်အယောင် ရတနာ၊ နောက် ကျိုင်းတို့နဲ့ အတူ ပန်းတွေ တင်ဆောင်ထားပါတယ်။

ကွယ်လွန်သူ ဘုရင်မကြီး Elizabeth ကို နောက်ဆုံး မြှပ်နှံ သင်္ဂြိုဟ်မယ့် ဝင်ဆာရဲတိုက်က St. George ဘုရားကျောင်း အခမ်းအနားတွင်းမှာတော့ ခေါင်းတလားပေါ်က ဘုရင်မ သရဖူ၊ အဆောင်အယောင် ရတနာနဲ့ ကျိုင်းတို့ကို ဖယ်ရှားလိုက်ပြီး နောက် ဘုရင့်နန်းတော်ရေးရာကို စီမံရသူ Lord Chamberlain က သူ့ရဲ့ နှင်တံကို ချိုးပြီး ဘုရင်မကြီးရဲ့ ခေါင်းတလားပေါ်ကို တင်ခဲ့ပါတယ်။ ဒါဟာဆိုရင် ဘုရင်မကြီး အတွက် သူ့အမှုထမ်းမှု အဆုံးသတ်လိုက်ပြီ ဆိုတဲ့ အဓိပ္ပါယ်ပါ။ အဲဒီနောက်မှာတော့ ဘုရင်မကြီးရဲ့ ခေါင်းတလားကို တော်ဝင် မြေအောက်ခန်းထဲကို ချပြီး အခမ်းအနားကို အဆုံးသတ်ခဲ့ပါတယ်။

နောက်ပိုင်း တော်ဝင်မိသားစုဝင်တွေရဲ့ သီးသန့် ဈာပန အခမ်းအနားအပြီးမှာတော့ ဘုရင်မကြီး ရုပ်အလောင်းကို ပြီးခဲ့တဲ့နှစ်က ကွယ်လွန်သွားတဲ့ ကြင်ယာတော် မင်းသားကြီးဖိလစ် မြှုပ်နှံထားတဲ့ ဝင်ဆာရဲတိုက်မှာ မြှုပ်နှံခဲ့ပါတယ်။

XS
SM
MD
LG