သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ၾသစေၾတးလ် ဌာေနတိုင္းရင္းသားေတြ ၿဗိတိန္ဘုရင္စနစ္ကို ဆန႔္က်င္ဆႏၵျပ


[[ ZAWGYI / UNICODE ]]

ၾသစေၾတးလ် ဌာေနတိုင္းရင္းသားေတြ ၿဗိတိန္ဘုရင္စနစ္ကို ဆန႔္က်င္ဆႏၵျပ

ၿဗိတိန္ဘုရင္မႀကီး ဒုတိယေျမာက္ အဲလိဇဘတ္ ကြယ္လြန္သြားတဲ့အတြက္ ၾသစေၾတးလ်ႏိုင္ငံမွာ ႏိုင္ငံေတာ္ဝမ္းနည္းျခင္း အထိမ္းအမွတ္ေန႔ သတ္မွတ္က်င္းပေနခ်ိန္မွာပဲ ဘုရင္နဲ႔ ကိုလိုနီစနစ္ရဲ႕ ဆိုးေမြေတြကို ဌာေနတိုင္းရင္းသားေတြ ကန႔္ကြက္ဆႏၵျပၾကပါတယ္။

စည္းမ်ဥ္းခံ ဘုရင္စနစ္အရ ၾသစေၾတးလ်ကို အုပ္ခ်ဳပ္ခဲ့တဲ့ ဘုရင္မႀကီး အဲလိဇဘတ္ရဲ႕ စြမ္းေဆာင္မႈေတြကို ဝန္ႀကီးခ်ဳပ္ Anthony Albanese က ၾကာသပေတးေန႔ ကင္ဘာရာၿမိဳ႕က အခမ္းအနားမွာ ခ်ီးက်ဳးေျပာၾကားတဲ့ တခ်ိန္တည္းမွာပဲ ဘုရင္စနစ္ဖ်က္သိမ္းေရး ဆႏၵျပပြဲေတြလည္း ႏိုင္ငံအႏွံ႔ ေပၚေပါက္ခဲ့တာပါ။

ၾသစေၾတးလ် ႏိုင္ငံသား အမ်ားအျပား ဘုရင္မႀကီးကို အထြတ္အျမတ္ထား ေလးစားၾကေပမဲ့၊ ဌာေနတိုင္းရင္းသားေတြအတြက္ေတာ့ ၁၇၈၈ ခုႏွစ္ ၿဗိတိသွ် အေျခခ်သူေတြ ေရာက္လာၿပီး ရက္ရက္စက္စက္ ကိုလိုနီနယ္ခ်ဲ႕စနစ္ကို ကိုယ္စားျပဳသူအျဖစ္ ျမင္ၾကပါတယ္။ ၾကာသပေတးေန႔မွာပဲ ဘုရင္စနစ္ ဆန႔္က်င္ေရး ရာနဲ႔ခ်ီတဲ့ ဆႏၵျပသူေတြ Brisbane, Sydney, Melbourne နဲ႔ Canberra ၿမိဳ႕ေတြမွာ စုေဝးခဲ့ၾကတာပါ။

လူမ်ိဳးေရးခြဲျခားတဲ့ ကိုလိုနီ နယ္ခ်ဲ႕စနစ္ ဆန႔္က်င္ေရး ဆႏၵျပတဲ့အေနနဲ႔ ၾသစေၾတးလ်နဲ႔ ၿဗိတိန္ အလံေတြကိုလည္း မီးရႈိ႕ခဲ့ၾကပါတယ္။ ၿဗိတိန္ဘုရင္အုပ္ခ်ဳပ္မႈကို ကိုယ္စားျပဳတဲ့ ဘုရင္ခံခ်ဳပ္ David Hurley ကေတာ့ ဌာေနတိုင္းရင္းသားေတြရဲ႕ နာက်င္ခံစာမႈေတြကို နားလည္လက္ခံေၾကာင္း ေျပာခဲ့တာပါ။

ဝန္ႀကီးခ်ဳပ္ကေတာ့ ၾသစေၾတးလ်ကို သမၼတႏိုင္ငံအျဖစ္ ေျပာင္းလဲသင့္၊ မသင့္ လူထုဆႏၵခံယူပြဲ ေနာက္တႀကိမ္ က်င္းပမယ့္ အစီအစဥ္ကို အနည္းဆုံး ၂၀၂၅ ခုႏွစ္အထိ ဆိုင္းထားဖို႔ ဆုံးျဖတ္ထားၿပီး၊ တခ်ိန္တည္းမွာပဲ ဌာေနတိုင္းရင္းသားေတြ အခြင့္အေရးေတြကို အေျခခံဥပေဒမွာ အခိုင္အမာ ထည့္သြင္းႏိုင္ေရး အာ႐ုံစိုက္ဖို႔ ေျပာဆိုထားပါတယ္။

၁၉၉၉ ခုႏွစ္က ေနာက္ဆုံးအႀကိမ္ လူထုဆႏၵခံယူပြဲက်င္းပရာမွာေတာ့ ၿဗိတိန္ဘုရင္စနစ္နဲ႔ လမ္းခြဲမယ့္ အစီအစဥ္ကို ၾသစေၾတးလ်ႏိုင္ငံသား အမ်ားစုက လက္မခံခဲ့ၾကပါဘူး။

==============

{{ UNICODE }}

သြစတြေးလျ ဌာနေတိုင်းရင်းသားတွေ ဗြိတိန်ဘုရင်စနစ်ကို ဆန့်ကျင်ဆန္ဒပြ

ဗြိတိန်ဘုရင်မကြီး ဒုတိယမြောက် အဲလိဇဘတ် ကွယ်လွန်သွားတဲ့အတွက် သြစတြေးလျနိုင်ငံမှာ နိုင်ငံတော်ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့ သတ်မှတ်ကျင်းပနေချိန်မှာပဲ ဘုရင်နဲ့ ကိုလိုနီစနစ်ရဲ့ ဆိုးမွေတွေကို ဌာနေတိုင်းရင်းသားတွေ ကန့်ကွက်ဆန္ဒပြကြပါတယ်။

စည်းမျဉ်းခံ ဘုရင်စနစ်အရ သြစတြေးလျကို အုပ်ချုပ်ခဲ့တဲ့ ဘုရင်မကြီး အဲလိဇဘတ်ရဲ့ စွမ်းဆောင်မှုတွေကို ဝန်ကြီးချုပ် Anthony Albanese က ကြာသပတေးနေ့ ကင်ဘာရာမြို့က အခမ်းအနားမှာ ချီးကျုးပြောကြားတဲ့ တချိန်တည်းမှာပဲ ဘုရင်စနစ်ဖျက်သိမ်းရေး ဆန္ဒပြပွဲတွေလည်း နိုင်ငံအနှံ့ ပေါ်ပေါက်ခဲ့တာပါ။

သြစတြေးလျ နိုင်ငံသား အများအပြား ဘုရင်မကြီးကို အထွတ်အမြတ်ထား လေးစားကြပေမဲ့၊ ဌာနေတိုင်းရင်းသားတွေအတွက်တော့ ၁၇၈၈ ခုနှစ် ဗြိတိသျှ အခြေချသူတွေ ရောက်လာပြီး ရက်ရက်စက်စက် ကိုလိုနီနယ်ချဲ့စနစ်ကို ကိုယ်စားပြုသူအဖြစ် မြင်ကြပါတယ်။ ကြာသပတေးနေ့မှာပဲ ဘုရင်စနစ် ဆန့်ကျင်ရေး ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေ Brisbane, Sydney, Melbourne နဲ့ Canberra မြို့တွေမှာ စုဝေးခဲ့ကြတာပါ။

လူမျိုးရေးခွဲခြားတဲ့ ကိုလိုနီ နယ်ချဲ့စနစ် ဆန့်ကျင်ရေး ဆန္ဒပြတဲ့အနေနဲ့ သြစတြေးလျနဲ့ ဗြိတိန် အလံတွေကိုလည်း မီးရှို့ခဲ့ကြပါတယ်။ ဗြိတိန်ဘုရင်အုပ်ချုပ်မှုကို ကိုယ်စားပြုတဲ့ ဘုရင်ခံချုပ် David Hurley ကတော့ ဌာနေတိုင်းရင်းသားတွေရဲ့ နာကျင်ခံစာမှုတွေကို နားလည်လက်ခံကြောင်း ပြောခဲ့တာပါ။

ဝန်ကြီးချုပ်ကတော့ သြစတြေးလျကို သမ္မတနိုင်ငံအဖြစ် ပြောင်းလဲသင့်၊ မသင့် လူထုဆန္ဒခံယူပွဲ နောက်တကြိမ် ကျင်းပမယ့် အစီအစဉ်ကို အနည်းဆုံး ၂၀၂၅ ခုနှစ်အထိ ဆိုင်းထားဖို့ ဆုံးဖြတ်ထားပြီး၊ တချိန်တည်းမှာပဲ ဌာနေတိုင်းရင်းသားတွေ အခွင့်အရေးတွေကို အခြေခံဥပဒေမှာ အခိုင်အမာ ထည့်သွင်းနိုင်ရေး အာရုံစိုက်ဖို့ ပြောဆိုထားပါတယ်။

၁၉၉၉ ခုနှစ်က နောက်ဆုံးအကြိမ် လူထုဆန္ဒခံယူပွဲကျင်းပရာမှာတော့ ဗြိတိန်ဘုရင်စနစ်နဲ့ လမ်းခွဲမယ့် အစီအစဉ်ကို သြစတြေးလျနိုင်ငံသား အများစုက လက်မခံခဲ့ကြပါဘူး။

XS
SM
MD
LG