သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး အာဆီယံနဲ့ ဗြိတိန် ပူးပေါင်းဆောင်ရွက်မည်


ထိုင်းလေတပ်စခန်းတခုမှာတွေ့ရတဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး David Cameron (မတ် ၂၀၊ ၂၀၂၄)
ထိုင်းလေတပ်စခန်းတခုမှာတွေ့ရတဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး David Cameron (မတ် ၂၀၊ ၂၀၂၄)

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် ကျယ်ပြန့်လာနေတာကြောင့် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) နဲ့အတူ ငြိမ်းချမ်းရေးရအောင် ဝိုင်းဝန်းကြိုးပမ်းကြဖို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး David Cameron က တိုက်တွန်းလိုက်ပါတယ်။

“ပဋိပက္ခတွေ ကြီးထွားလာနေပြီး ဘက်ပေါင်းစုံမှာ ပြည်တွင်းစစ်နဲ့ ရင်ဆိုင်နေရတာကြောင့် ရေတိုကာလမှာ အာဆီယံ အသင်းဝင် မိတ်ဖက်နိုင်ငံတွေနဲ့အတူ ကူညီနိုင်အောင် ကြိုးပမ်းလိုပါတယ်။ ကျနော်တို့ အခန်းကဏ္ဍကတော့ အကူအညီတွေ ထောက်ပံ့ဖို့ ဖြစ်မယ်လို့ ထင်ပါတယ်” - လို့ ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက ဒီကနေ့ပဲ ပြောလိုက်တာပါ။

မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ ကြီးထွားလာရာက နေရပ်စွန့်ခွာကြရတဲ့ ဒုက္ခသည်တွေအတွက် ဗြိတိန်နိုင်ငံက ပေါင်ငွေ သန်း ၁၂၀ လောက် အကူအညီ ပေးထားကြောင်းလည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင် ပဋိပက္ခတွေနဲ့ နိုင်ငံရေး အကျပ်အတည်းတွေ ပေါ်ပေါက်ရာက နေရပ်စွန့်ခွာရသူ ၂.၇ သန်းကျော်ရှိနေပြီး၊ စာနာမှု အကူအညီ လိုအပ်နေသူ ၁၈ သန်းကျော် ရှိတယ်လို့လည်း ကုလသမဂ္ဂက ခန့်မှန်းထားတာပါ။

ထိုင်းနိုင်ငံ အရှေ့မြောက်ဖက် Nakhon Ratchasima ကို ရောက်ခဲ့တဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးကတော့ မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ အဆုံးသတ်ဖို့ အာဆီယံနဲ့ တခြားနိုင်ငံတွေက ပိုမိုအားထုတ်ဖို့ လိုအပ်နေကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

မြန်မာ့အရေး အာဆီယံနဲ့ ဗြိတိန် ပူးပေါင်းဆောင်ရွက်မည်
please wait

No media source currently available

0:00 0:01:16 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG