သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး "နိုင်ငံတကာရွှေပြည်အေးတရား" ကုလကိုယ်စားလှယ် ဝေဖန်


မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးသံတမန် Tom Andrews VOA ဌာနချုပ်သို့ ရောက်ရှိစဥ်။ (ဖေဖေါ်ဝါရီ ၂၊ ၂၀၂၄)
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးသံတမန် Tom Andrews VOA ဌာနချုပ်သို့ ရောက်ရှိစဥ်။ (ဖေဖေါ်ဝါရီ ၂၊ ၂၀၂၄)

မြန်မာနိုင်ငံဆိုင်ရာ "ချော့မော့ဆက်ဆံရေး နိုင်ငံတကာရွှေပြည်အေးတရား" က ကျဆုံးနေတာ ထင်ရှားလှပြီး ပေါင်းစပ်ညှိနှိုင်း ပစ်မှတ်ထား၊ ပိတ်ဆို့၊ အပြစ်ပေး၊ အရေးယူဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးသံတမန်က အင်္ဂါနေ့မှာ နိုင်ငံတကာကို တိုက်တွန်းလိုက်ပါတယ်။

ဖေဖော်ဝါရီ ၂၆ ရက်ကနေ ဧပြီ ၄ ရက်နေ့အထိ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာကျင်းပနေတဲ့ ၅၅ ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ တွန်မ် အင်ဒရူးက ခုလို ပြောလိုက်တာပါ။ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မဆုံးဖြတ်နိုင်ရင် အဖွဲ့ဝင်နိုင်ငံတွေက ညီလာခံကနေ ဆုံးဖြတ်လုပ်ဆောင်ကြဖို့လည်း မစ္စတာအင်ဒရူးက တိုက်တွန်းပါတယ်။ ဒီ မဟာဗျူဟာနဲ့အတူ အဓိကခြေလှမ်းသုံးလှမ်းကိုလည်း လှမ်းကြရမယ်လို့ သူကဆိုပါတယ်။

ပဋိပက္ခဒေသတွေအပါအဝင် အများဆုံးလိုအပ်နေသူတွေဆီကို မြန်လည်းမြန် ထိထိရောက်ရောက်လည်းပေးနိုင်မယ့် လူသားချင်းစာနာထောက်ထားရေး မဟာဗျူဟာ ချမှတ်လုပ်ဆောင်ရေး၊ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် နိုင်ငံတကာ ရာဇဝတ်မှုတရားရုံး ရှေ့နေချုပ်ကို မြန်မာနိုင်ငံအမှုလွှဲအပ်ရေး၊ မြန်မာ့အကူးအပြောင်းကို ပြင်ဆင်တဲ့အနေနဲ့ လူ့အခွင့်အရေး၊ တန်းတူညီမျှမှုနဲ့ တရားမျှတမှုရှိတဲ့နိုင်ငံကိုသွားနိုင်မယ့် နိုင်ငံရေးမူဘောင်တရပ်ဖန်တီးဖို့ ကြိုးစားနေကြသူတွေကိုထောက်ခံရေးဆိုတဲ့ ခြေလှမ်း ၃ လှမ်းဖို့ မစ္စတာတွန်မ် အင်ဒရူး က တိုက်တွန်းသွားပါတယ်။

မြန်မာ့အရေး "နိုင်ငံတကာရွှေပြည်အေးမူဝါဒ" ကုလကိုယ်စားလှယ်ဝေဖန်
please wait

No media source currently available

0:00 0:01:01 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG