သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်မှုထမ်းဥပဒေနဲ့ ခြိမ်းခြောက်ခံနေရတဲ့ မြန်မာလူငယ်တွေကို အကာကွယ်ပေးကြဖို့ ကုလ ကိုယ်စားလှယ် တိုက်တွန်း


မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrews နဲ့ ဗွီအိုအေသီးသန့်အင်တာဗျူး (ဇန်နဝါရီလ ၃၁၊ ၂၀၂၄)
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrews နဲ့ ဗွီအိုအေသီးသန့်အင်တာဗျူး (ဇန်နဝါရီလ ၃၁၊ ၂၀၂၄)

မြန်မာနိုင်ငံမှာ အရွယ်ရောက်သူတွေ စစ်မှုထမ်းဖို့ အမိန့်ကြောင့် ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်နေရတဲ့ အရပ်သားတွေကို အကာအကွယ်ပေးနိုင်အောင် နိုင်ငံတကာအသိုင်းအဝိုင်းက ကြိုးပမ်းကြဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က တိုက်တွန်းလိုက်ပါတယ်။ အထိအခိုက် အကျအဆုံးတွေများနေပြီး ကြံရာမရဖြစ်နေတဲ့ စစ်ကောင်စီဟာ အင်မတန်မှ အန္တရာယ်ကြီးလာနေပြီလို့လည်း အထူးကိုယ်စားလှယ် Tom Andrews က ဒီကနေ့ပဲ ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်တာပါ။

လူငယ်လူရွယ်တွေကို စစ်တပ်ထဲ အတင်းအကျပ်သွင်းဖို့ ကြိုးပမ်းနေတဲ့ တချိန်တည်းမှာပဲ အရပ်သားတွေအပေါ် တိုးမြှင့် တိုက်ခိုက်နေတယ်လို့လည်း ပြောပါတယ်။ စစ်ကောင်စီကတော့ တိုင်းပြည်ဖွံ့ဖြိုးရေး၊ တည်ငြိမ်ရေးနဲ့ လုံခြုံရေးအတွက် စစ်မှုထမ်းဥပဒေကို ကျင့်သုံးမဲ့အကြောင်း ဒီလဆန်းမှာပဲ ကြေညာခဲ့ပြီး ဧပြီလကစ ပထမအသုတ်အဖြစ် လူ ၅၀၀၀ ခေါ်ယူမယ်လို့ ပြောထားတာပါ။

ဒါပေမဲ့လည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင် ပဋိပက္ခတွေမှာ အထိအခိုက်အကျဆုံးတွေ များပြားနေပြီး နယ်မြေတွေ လက်လွတ်ဆုံးရှုံးနေရချိန်မှာပဲ စစ်မှုထမ်းဥပဒေကို ကျင့်သုံးဖို့ စစ်ကောင်စီက ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။

လူ့အခွင့်အရေးအထူးကိုယ်စားလှယ်ကတော့ စစ်မှုထမ်းရမှာကို စိုးရိမ်မှုကြောင့် လူငယ်လူရွယ်တွေ တိုင်းပြည်က ထွက်ခွာနေကြတဲ့ အခြေအနေတွေ ပိုဆိုးလာနိုင်တယ်လို့လည်း သတိပေးခဲ့တာပါ။ မြန်မာနိုင်ငံမှာ အရပ်သားပြည်သူတွေ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီရဲ့ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်နိုင်ဖို့ နိုင်ငံတကာရဲ့ ကြိုးပမ်းမှုတွေဟာ အရင်ထက် ပိုလိုအပ်နေပြီလို့လည်း ကြေညာချက်မှာ ပြောဆိုထားပါတယ်။

Forum

XS
SM
MD
LG