သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်မှုထမ်းဥပဒေ နောက်ဆက်တွဲအန္တရာယ် နိုင်ငံတကာကို UK မေးခွန်းထုတ်


ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့ လူအခွင့်အရေးကောင်စီရှေ့က ဗြိတိန်လူ့အခွင့်အရေးဆိုင်ရာ သံအမတ်ကြီး Rita French
ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့ လူအခွင့်အရေးကောင်စီရှေ့က ဗြိတိန်လူ့အခွင့်အရေးဆိုင်ရာ သံအမတ်ကြီး Rita French

"မဝင်မနေရ စစ်မှုထမ်းဥပဒေကြောင့် ဖြစ်ပေါ်လာမယ့်အန္တရာယ်တွေကို ဘယ်လို အကောင်းဆုံး ကိုင်တွယ်ကြမလဲ" လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၅၅ ကြိမ်မြောက် အစည်းအဝေးမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးသံတမန်နဲ့ တက်ရောက်လာကြတဲ့ နိုင်ငံတွေကို ယူကေက မေးခွန်းထုတ်လိုက်ပါတယ်။

ဒီဥပဒေကြောင့် မြန်မာပြည်သူတွေ ပို စိတ်သောကရောက်ကြမှာကြောင့် အလွန့်အလွန်ကို စိုးရိမ်မကင်းဖြစ်မိတယ်လို့ ယူကေက ကြေညာချက်ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံမှာ လူ ၁၈ သန်းကျော်က လူသားချင်းစာနာထောက်ထားမှု အကူအညီ လိုအပ်နေပြီး ပြည်တွင်း စစ်ပြေးရွှေ့ပြောင်းနေထိုင်ရသူ ၂.၆ သန်းကျော် ရှိနေတာမို့ လူသားချင်းစာနာထောက်ထားမှု အကူအညီကို လိုအပ်နေသူတွေဆီ အပိတ်အဆို့မရှိ ပို့ပေးနိုင်ရေးက အရေးပေါ် လိုအပ်နေတယ်လို့လည်း ကြေညာချက်မှာ ထောက်ပြထားပါတယ်။

ရိုဟင်ဂျာလူမျိုးတွေဟာ စစ်ကောင်စီနဲ့ ရခိုင့်တပ်တော်တို့ကြားတိုက်ပွဲမှာ ကြားညပ်ပိတ်မိနေပြီး နှစ်ပေါင်းများစွာ ခွဲခြားဆက်ဆံခံရတဲ့ အထိခိုက်နိုင်ဆုံး အုပ်စုဖြစ်တယ်လို့လည်း ယူက က ပြောပါတယ်။ မြန်မာ့အရေးမှာ တာဝန်ခံမှုရှိဖို့လိုအပ်ပြီး အပြစ်ပေးမခံရဘဲ လွတ်နေတဲ့အဖြစ်တွေကို အဆုံးသတ်ဖို့ လိုတယ်လို့လည်း ယူကေက ဆော်ဩလိုက်ပါတယ်။

ဒါကြောင့်လည်း လက်နက်၊ ဝင်ငွေနဲ့ ပစ္စည်းကိရိယာတွေ စစ်ကောင်စီကမရရှိအောင် ယူကေက ပိတ်ဆို့အရေးယူတာဖြစ်တယ်လို့ ကြေညာချက်မှာ ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG