သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်မှုထမ်းဥပဒေအတွက် မြန်မာလူငယ်တွေကို စာနာကြောင်း ရန်ကုန် ဗြိတိသျှသံအရာရှိပြော


ဗြိတိသျှသံရုံး အကြီးအကဲ Mr. Ken O’Flaherty
ဗြိတိသျှသံရုံး အကြီးအကဲ Mr. Ken O’Flaherty

မြန်မာနိုင်ငံမှာ စစ်ကောင်စီ မကြာခင်က ထုတ်ပြန်လိုက်တဲ့ အရွယ်ရောက်ပြီး လူငယ်တွေ စစ်မှုမထမ်းမနေရ အမိန့် အပေါ် မြန်မာပြည်သူတွေ စိုးရိမ်ပူပန်နေရတာကို စာနာ နားလည်မိတဲ့အကြောင်း ရန်ကုန်မှာရှိတဲ့ ဗြိတိသျှသံရုံး အကြီးအကဲ Mr. Ken O’Flaherty က သံရုံးရဲ့ Facebook လူမှုကွန်ယက်မှာ သတင်းစကားပါးထားပါတယ်။ မြန်မာနိုင်ငံမှာ တာဝန်ထမ်းဆောင်နေတဲ့ တစ်နှစ်တာအတွင်း လေ့လာခဲ့ရတဲ့အရာတွေကို ပြောဆိုရင်း မြန်မာနိုင်ငံရေး အခြေအနေတချို့ကို ထည့်သွင်းပြောဆိုသွားတာပါ။

စစ်မှု မထမ်းမနေရ ဥပဒေကြောင့် အိမ်နီးချင်းနိုင်ငံတွေနဲ့ ပြည်ပကို ထွက်ဖို့ ကြိုးစားကြတဲ့ လူငယ်တွေ ပိုများလာသလို ပြည်တွင်းမှာလည်း မရေရာမှုနဲ့ စိုးရိမ်ပူပန်မှုတွေ ပိုများလာနေချိန်မှာ ဗြိတိန် သံရုံး ရန်ကုန် အကြီးအကဲ Mr. Ken O’Flaherty အနေနဲ့ စာနာကြောင်း ထုတ်ဖေါ်ပြောဆိုတဲ့ ပြည်တွင်းက ပထမဆုံး သံအရာရှိ ဖြစ်ပါတယ်။ စစ်ကောင်စီပြောခွင့်ရကတော့ ၂၀၁၉ သန်းခေါင်စာရင်းအရ စစ်မှုထမ်းဥပဒေနဲ့ အကျုံးဝင်တဲ့သူ ၁၃ သန်းရှိပြီး အမျိုးသား ခြောက်သန်းကျော်နဲ့ အမျိုးသမီး ခုနစ်သန်းနီးပါး ရှိတဲ့အကြောင်း၊ လတ်တလောမှာတော့ အမျိုးသမီးတွေကို ခေါ်ယူမယ့် အစီအစဉ် မရှိသေးတဲ့အကြောင်း ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews ကတော့ အရပ်သားတွေကို အတင်းအကျပ် စစ်တပ်ထဲ ပါဝင်ခိုင်းတာ၊ ကျေးရွာတွေကို တိုက်ခိုက် မီးရှို့နေတာတွေဟာ မြန်မာစစ်ကောင်စီအနေနဲ့ အင်အားချိနဲ့ လာတာကို ပြသပြီး လူထုရဲ့ မကျေနပ်ချက် ဒေါသ ပိုမိုကြီးမားလာစေမှာ ဖြစ်တဲ့အကြောင်း တုံ့ပြန်ပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG