သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်-အိန္ဒိယ နယ်စပ်က ငှက် မျိုးစိတ်သစ်


တရုတ်-အိန္ဒိယ နယ်စပ်က ငှက် မျိုးစိတ်သစ် ဟိမဝန္တာ တောငှက် Zoothera Salimalii ။
တရုတ်-အိန္ဒိယ နယ်စပ်က ငှက် မျိုးစိတ်သစ် ဟိမဝန္တာ တောငှက် Zoothera Salimalii ။

တရုတ်နဲ့ အိန္ဒိယနိုင်ငံ နယ်စပ်မှာ ငှက်မျိုးစိတ်သစ်တခု ရှာဖွေတွေ့ရှိခဲ့ကြောင်း သုတေသီတွေက ပြောပါတယ်။ ငှက်မျိုးစိတ်သစ်ကို ဟိမဝန္တာ တောငှက် Zoothera Salimalii ဆိုပြီး အိန္ဒိယနိုင်ငံသား ငှက်သုတေသန ပညာရှင် Sálim Ali ကို ဂုဏ်ပြုပြီး အမည်ပေးထားတဲ့ အကြောင်း အမေရိကန် ပြည်ထောင်စု မီရှီဂန်ပြည်နယ် တက္ကသိုလ်နဲ့ ဆွီဒင်နိုင်ငံက Uppsala တက္ကသိုလ်က သုတေသီတွေက Avian Research သုတေသနဂျာနယ်မှာ ရေးသားထားပါတယ်။

အစောပိုင်းမှာတော့ ငှက်မျိုးစိတ်သစ်ဟာ တခြားငှက်တမျိုးနဲ့ ဆင်နေတဲ့အတွက် ပညာရှင်တွေ ရုတ်တရက် သတိမထားမိခဲ့ကြပေမဲ့ နောက်ပိုင်းမှာတော့ အသံသာပုံ ကွဲပြားနေတဲ့ မျိုးစိတ်သစ် ဖြစ်နေတာကို တွေ့ရှိခဲ့ကြတာပါ။

အရင်တွေ့ဖူးပြီးသား ငှက်မျိုးစိတ်ကတော့ သီချင်းဆိုသလို အသံမျိုး ကြားရပြီး၊ ထင်းရူးနဲ့ တခြားအပင်တွေ ရောထွေးပေါက်တဲ့ သစ်တောတွေ မှာ နေထိုင်လေ့ရှိပါတယ်။ မျိုးစိတ်သစ်ကတော့ တောစပ်တွေမှာ နေလေ့ရှိပြီး၊ စူးစူးရှရှနဲ့ အသံသာလေ့ မရှိတာကို တွေ့ရပါတယ်။

အိန္ဒိယနိုင်ငံ အရှေ့မြောက်ဖက် ဒေသမှာ ၂၀၀၉ ခုနှစ်က ပထမဆုံး ကြားခဲ့ရတဲ့ ငှက်သံဟာ အရင်ရှိနှင့်ပြီးသား မျိုးစိတ်နဲ့ မတူပဲ၊ နေထိုင်ကျက်စားပုံလည်း ကွဲပြားတဲ့ မျိုးစိတ်သစ် တခု ဖြစ်နေတာကို တွေ့ခဲ့ရတဲ့အတွက် စိတ်လှုပ်ရှား ဝမ်းမြောက် ဝမ်းသာ ဖြစ်ခဲ့ရတယ်လို့လည်း သုတေသန အဖွဲ့ကို ဦးဆောင်သူ Uppsala တက္ကသိုလ်က Per Alstrom ကပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG