သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငါးခူမျိုးစိတ်သစ် မြန်မာမှာတွေ့ရှိ

Credit: Xiao-Yong Chen
1/4 Credit: Xiao-Yong Chen
အသေးစိတ် ဖတ်ရှုရန် Show less
Credit: Xiao-Yong Chen
2/4 Credit: Xiao-Yong Chen
အသေးစိတ် ဖတ်ရှုရန် Show less
Credit: Xiao-Yong Chen
3/4 Credit: Xiao-Yong Chen
အသေးစိတ် ဖတ်ရှုရန် Show less
Credit: Xiao-Yong Chen
4/4 Credit: Xiao-Yong Chen
အသေးစိတ် ဖတ်ရှုရန် Show less
Previous slide
Next slide

ဖုန်းကံရာဇီ ဘေးမဲ့သစ်တောဝင်းအတွင်းမှာရှိတဲ့ မလိခမြစ်က ဆင်းသက်တဲ့ ရေနုတ်မြောင်းအတွင်းက ရေချိုငါးတွေကို စုဆောင်းပြီး သုတေသနပြုလုပ်စဉ် ငါးခူမျိုးစိတ်သစ် (အမျိုးအစားသစ်) တခုကို CAS တရုတ်သိပ္ပံပညာရှင်အဖွဲ့ဝင် ၃ ဦးက တွေ့ရှိခဲ့ပါတယ်။

အဲဒီ ငါးခူမျိုးစိတ်သစ်ရဲ့ ပါးစပ်နဲ့ အရောင်တွေမှာ ထင်ရှားတဲ့ လက္ခဏာရပ်တွေကို တွေ့ရှိခဲ့ပါတယ်။ ဒီတွေ့ရှိချက်ကို Zookeys ဂျာနယ်မှာ ဖော်ပြထားတာဖြစ်ပါတယ်။

ဒီငါးခူ မျိုးစိတ်သစ် (Oreoglanis) ဟာ လက်ရှိ သတ်မှတ်ထားတဲ့ အမျိုးအစား ၂၂ ခုထဲမှာ ပါဝင်တာ ဖြစ်ပါတယ်။

ဒီငါးခူမျိုးစိတ်သစ်မှာ သွားတွေကထူးခြားပြီး ပါးစပ်ရဲ့ အောက်အံမှာ အပေါ်နဲ့ အနောက်ဘက်ကို ပေါက်နေကြတာဖြစ်ပြီး၊ အံဘက်အရှေ့ပိုင်းမှာ ပေါက်နေတဲ့ သွားတွေဟာ တိုပြီး ပိုကြီးနေတာကို တွေ့ရပါတယ်။ အနောက်ဘက်ပိုင်းမှာရှိတဲ့ သွားကတော့ ချိုင့်နေတဲ့နေရာမှာ ဆက်တိုက် ပေါက်နေတာ ဖြစ်ပါတယ်။

အသိအမှတ်ပြုထားတဲ့ ငါးခူအမျိုးအစား ၂၂ မျိုးထဲမှာ မြန်မာနိုင်ငံမှာ ၂ မျိုးသာ တွေ့ရှိရတာ ဖြစ်ပါတယ်။ အခုတွေ့ရှိတဲ့ ငါးခူအမျိုးအစားသစ်ကို တွေ့ရှိတဲ့နေရာကို အခြေခံပြီး သိပ္ပံအမည်အရ Oreoglanis hponkanensis လို့ပေးထားပါတယ်။

ဒီငါးရဲ့ ခန္ဓာကိုယ်ဟာ ပြားပြီး ခေါင်းကြီးကိုယ်သေးကာ မျက်စိတွေဟာလည်း သေးငယ်ပါတယ်။ အရောင်ကတော့ အညိုရောင်ဖြစ်ပြီး ဝမ်းဗိုက်ဘက်က အဝါနုရောင်ရှိကာ တကိုယ်လုံးမှာ အဝါအပြောက်တွေ ရှိပါတယ်။ ဒါ့အပြင် ငါးရဲ့ အတောင် ၂ ဘက်ရဲ့ အလယ်မှာလည်း တောက်ပတဲ့ လိမ္မော်ရောင်အပြောက် ပါရှိပါတယ်။

ငါးခူမျိုးစိတ်သစ် မြန်မာမှာတွေ့ရှိ
please wait

No media source currently available

0:00 0:01:00 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG