သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အစိုးရသစ် ဦးစားပေးအဆင့်ထဲ ပါဝင်


ဒေါက်တာဇော်မြင့်မောင်နဲ့ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်။
ဒေါက်တာဇော်မြင့်မောင်နဲ့ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်။

လာမယ့်အစိုးရသစ် လက်ထက်မှာ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး အဓိကဦးစားပေး လုပ်ဆောင် သွားမှာဖြစ်တယ် လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ပြောကြား လိုက်ပါတယ်။ ဒါ့အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး လက်ရှိ လုပ်နေတဲ့ မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) ကိုလည်း လိုအပ်တဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်သွားမယ်လို့ ပြောလိုက်ပါတယ်။ ဒီအကြောင်း နဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရဲ့ ပြောခွင့်ရ ဒေါက်တာဇော်မြင့်မောင်ကို ကိုရန်နိုင်က ဆက်သွယ်မေးမြန်း ထားပါတယ်။

ကိုရန်နိုင်။ ။ အခု အန်ကယ်လ်တို့က အစိုးရသစ်လက်ထက်မှာ ဝန်ကြီးဌာန ၂၁ခုကို လျော့ချဖို့ လုပ်ထားတယ်ဆိုတော့ အရင်က အန်ကယ်လ်တို့ပြောသလိုပဲ အစိုးရသစ်မှာ NLD က ဘယ်လောက်လောက် ပါလာဖို့ရှိလဲ။ ၃၀ ရာခိုင်နှုန်း၊ ၄၀ ရာခိုင်နှုန်းလို့ အရင်တုန်းက ပြောထားတယ်။ အဲ့ဒီ့အတိုင်းပဲ ဖြစ်မလားခင်ဗျ။

ဒေါက်တာဇော်မြင့်မောင်။ ။ အဲ့လောက်ပဲ ဖြစ်ပါလိမ့်မယ်လို့ ထင်ပါတယ်။ နဂိုမှန်းထားတဲ့အတိုင်းပဲ ဖြစ်ပါလိမ့်မယ်။

ကိုရန်နိုင်။ ။ ဟုတ်ကဲ့ အန်ကယ်လ်။ ဒီတတ်သိပညာရှင်တွေထဲကရော ဘယ်လောက်လောက် ပါလာဖို့ရှိပါသလဲခင်ဗျ။

ဒေါက်တာဇော်မြင့်မောင်။ ။ တတ်သိပညာရှင်ထဲကပါလာဖို့က ကျန်တဲ့ဟာတွေလည်း တတ်သိ ပညာရှင်တွေထဲကပဲ ဖြစ်မှာပေါ့ဗျ။ ကျနော်တို့ NLD မဟုတ်တဲ့သူတွေက တတ်သိပညာရှင်တွေ ဖြစ်မှာပေါ့နော်။

ကိုရန်နိုင်။ ။ ဘယ်လောက်လောက်ပါလာနိုင်မလဲခင်ဗျ။

ဒေါက်တာဇော်မြင့်မောင်။ ။ ရာခိုင်နှုန်းကတော့ ကျနော်တို့တွေက တွက်မထားဘူးလေဗျာ။

ကိုရန်နိုင်။ ။ ဘယ်နှစ်နေရာလောက် ရှိမလဲ အန်ကယ်လ်။

ဒေါက်တာဇော်မြင့်မောင်။ ။ အခုကျနော်တို့ ဝန်ကြီး ၂၁နေရာ ဌာနရှိတယ်ဗျာ။ သုံးဌာနကို ဖယ်လိုက်လို့ရှိရင် ကျန်တဲ့ ၁၈ဌာနက အရပ်သားနဲ့ဆိုင်တဲ့ ပို့စ်လေဗျာ။ သုံးခုကတော့ ကာကွယ်ရေးဦးစီးချုပ်က ခန့်ရမှာ။ common senseပေါ့ဗျာ။ ဒါကတော့ ကြေညာတဲ့ စာရင်းထဲမှာပဲ ပါပြီးသားပါပဲ။ ဝန်ကြီးဌာနမှာ ၃၀ရာခိုင်နှုန်းလောက်ယူမယ်ဆိုတော့ ကျန်တာက ဘာပဲပြောပြော Professional တွေလို့ ပြောလို့ရမှာပေါ့။ အကြမ်းဖျင်းအားဖြင့်တော့ ဒီလိုပဲ ပြောလို့ရမှာပေါ့။

ကိုရန်နိုင်။ ။ အရင် သမ္မတဦးသိန်းစိန်လက်ထက်က သူတွေရော ပါလာဖို့ရှိလား။

ဒေါက်တာဇော်မြင့်မောင်။ ။ ဒါတွေက အရမ်းအသေးစိတ်တဲ့ မေးခွန်းပါ။ တခုပဲ Common Sense နဲ့ ပြန်စဉ်းစားကြည့်လိုက်လေ။ ဘာဖြစ်လို့ ကျနော်တို့က လက်ရှိအစိုးရရဲ့လူတွေက ခန့်ရမှာလဲ။

ကိုရန်နိုင်။ ။ ဟုတ်ကဲ့။ ကျနော်က အန်ကယ်လ်တို့ NLD ပါတီက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီးတော့ အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် လုပ်နေတယ်ဆိုတော့ ဒီဘက်ကရော ပါလာဖို့များ ရှိမလားလို့။

ဒေါက်တာဇော်မြင့်မောင်။ ။ ဟုတ်ပါပြီ အမျိုးသားပြန်လည်သင့်မြတ်ရေးမှာ ဥပမာဆိုရင်တော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးက ဦးတီခွန်မြတ်ဆို ကျနော်တို့ ဟိုဟာဖြစ်လိုက်တာပဲလေ။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကပဲ မဟုတ်ဘူးလား။

ကိုရန်နိုင်။ ။ ဟုတ်ကဲ့ နောက်တခုက အန်တီဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍကရော ဘယ်လိုရှိပါသလဲ။ အစိုးရအဖွဲ့ထဲမှာ ပါလာမယ်လို့လည်း သတင်းတွေထွက်နေတယ်။ လွှတ်တော်မှာပဲ ဆက်ရှိသွားမလား။ ဘယ်လိုရှိပါလဲ အန်ကယ်လ်။

ဒေါက်တာဇော်မြင့်မောင်။ ။ အဲ့တာကတော့ မကြာမှီ လာမည်၊ မျှော်ပေါ့ဗျာ။

ကိုရန်နိုင်။ ။ ဟုတ်ကဲ့ အန်ကယ်လ်။ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကိုရော အန်ကယ်လ် NLD အစိုးရအဖွဲ့က ဘယ်လိုများ ဆက်ပြီး လုပ်ဆောင်သွားဖို့ ပြင်ဆင်ထားပါသလဲ။

ဒေါက်တာဇော်မြင့်မောင်။ ။ ကျနော်တို့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး မရလို့ရှိရင် ဒီမိုကရေစီ ဘယ့်နှယ့်လုပ် တည်ဆောက်မလဲ။ ကျနော်တို့ လုပ်မယ့် ဦးစားပေး လုပ်ငန်းထဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပါတာပေါ့ဗျာ။ ဟုတ်ပြီလား။ ကျနော်တို့ အစိုးရဖွဲ့နိုင်ပြီဆိုလို့ရှိရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး လုပ်မှာပေါ့။

ကိုရန်နိုင်။ ။ MPC နဲ့ရော ဆက်ပြီးတော့ အဲ့လိုမျိုး လုပ်သွားမှာလား။

ဒေါက်တာဇော်မြင့်မောင်။ ။ အဲ့တာ တရားဝင်ပြောပြီးပြီလေ။ MPC နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့တုန်းက ဒေါ်အောင်ဆန်းစုကြည်က MPC ရဲ့ လုပ်ရပ်တွေကို အသိအမှတ်ပြုပါတယ် သူတို့လုပ်ခဲ့တဲ့ လုပ်ငန်းစဉ်တွေကို အသိအမှတ်ပြုပါတယ်လို့ ပြောပြီးပြီ။ MPC ကို Reform ပြန်လုပ်မယ် လည်း ပြောပြီးပါပြီ။ အရင်တုန်းကဟာတွေ ပြန်ကြည့်လိုက်လို့ရှိရင် သိမှာပါ။

ကိုရန်နိုင်။ ။ အစိုးရအဖွဲ့စာရင်းက ဘယ်တော့လောက်များ ထွက်လာနိုင်မလဲ အန်ကယ်လ်။

ဒေါက်တာဇော်မြင့်မောင်။ ။ အစိုးရစာရင်းကတော့ ဒီနေ့ကတော့ ဝန်ကြီးဌာနနဲ့ လုပ်ပြီးလို့ရှိရင် အစိုးရအတွက် Cabinet အတွက် နာမည်ကို ကျနော်တို့ တင်ရတော့မှာလေ။ အဲ့ဒီ့ကျလို့ရှိရင် ကျနော်ထင်ပါတယ်။ Coming Week ပေါ့ဗျာနော်။ စနေ၊ တနင်္ဂနွေ ခံသွားပြီဆိုတော့ နောက်တပတ်ဆိုလို့ရှိရင် ကျနော်တို့က အကုန်လာတော့မှာပါ။ ကျနော်တို့ Team က တခုပြီးတခု ပြည်ထောင်စုလွှတ်တော်ကို တင်ရင်းနဲ့ လုပ်ကြမှာပါဗျ။

ကိုရန်နိုင်။ ။ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။ ဦးဇော်မြင့်မောင်။

ဒေါက်တာဇော်မြင့်မောင်။ ။ ဟုတ်ကဲ့ ကျနော်ကလည်း ကျေးဇူးတင်ပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရဲ့ ပြောခွင့်ရ ဒေါက်တာဇော်မြင့်မောင်ကို ကိုရန်နိုင်က ဆက်သွယ်မေးမြန်း ထားတာပါ။

XS
SM
MD
LG