သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

New Hampshire ပါတီတွင်း သမ္မတလောင်း ပဏာမ ရွေးချယ်ပွဲ


New Hampshire မှာ ပါတီတွင်း သမ္မတလောင်း ပဏာမ ရွေးချယ်ပွဲတွေစတင်
New Hampshire မှာ ပါတီတွင်း သမ္မတလောင်း ပဏာမ ရွေးချယ်ပွဲတွေစတင်

အမေရိကန် အရှေ့မြောက်ပိုင်း ပြည်နယ် New Hampshire က မြို့ သုံးမြို့က မဲဆန္ဒရှင်တွေ ဒီကနေ့ အင်္ဂါနေ့ အစပိုင်းမှာဘဲ ပါတီတွင်း သမ္မတလောင်း ပဏာမ ရွေးချယ်ပွဲတွေကို မဲပေးရွေးချယ်ခဲ့ကြပါတယ်။

Dixville Notch မြို့က ရီပက်ပလီကန်ပါတီတွင်း မဲပေးပွဲမှာတော့ Ohio အုပ်ချုပ်ရေးမှူး John Kasich က မဲ ၃ မဲရပြီး ထောက်ခံမဲ ၂ မဲ ရတဲ့ ဘီလီယံနာ သူဌေးကြီး Donald Trump ကို အနိုင်ရပါတယ်။ ဒီမိုကရက် ပါတီဘက်ကမှာတော့ ဗားမောင့် အထက်လွှတ်တော် အမတ် Bernie Sanders က မဲ ၄ မဲ အားလုံးကို ရရှိခဲ့ပါတယ်။

Hart's Location မြို့မှာလည်း ရီပက်ပလီကန်ဘက်က မစ္စတာ Kasich အနိုင်ရပြီး ဒီမိုကရက်ဘက်မှာ မစ္စတာ Sanders အနိုင်ရခဲ့ပါတယ်။ ဒီမိုကရက်ပါတီရဲ့ သမ္မတလောင်း ဖြစ်ရေး ယှဉ်ပြိုင်နေတဲ့ နိုင်ငံခြားရေး ဝန်ကြီးဟောင်း Hillary Clinton ကတော့ Millsfield မြို့မှာ မဲအသာစီရခဲ့ပြီး ၂ မဲ ၁ မဲနဲ့ ပြိုင်ဘက် Bernie Sanders ကို အနိုင်ရပါတယ်။

ရီပက်ပလီကန်ပါတီဘက်မှာတော့ တက္ကဆက် အထက်လွှတ်တော် အမတ် Ted Cruz က ၉ မဲ ၃ မဲနဲ့ ဘီလီယံနာ သူဌေးကြီး Donald Trump ကို အနိုင်ရရှိခဲ့ပါတယ်။ New Hampshire ပြည်နယ်က ဒီကနေ့ အင်္ဂါနေ့ မဲပေးမှု မစခင် လူထု စစ်တမ်းတွေမှာတော့ ဒီမိုကရက်ပါတီတွင်းမှာတော့အထက်လွှတ်တော် အမတ် Sanders က နိုင်ငံခြားရေး ဝန်ကြီးဟောင်း ကလင်တန်ထက် ထောက်ခံမှု ဆယ်ဂဏန်း အသာနဲ့ ဦးဆောင်နေပါတယ်။ လူထု အကြိုစစ်တမ်းတွေ အရ ရီပက်ပလီကန် ပါတီဘက်မှာတော့ ဘီလီယံနာ သူဌေးကြီး Donald Trump က အသာစီးရနေပါတယ်။ Kasich၊ Cruz၊ ဖလော်ရီဒါ အထက်လွှတ်တော် အမတ် Marco Rubio နဲ့ ဖလော်ရီဒါ အုပ်ချုပ်ရေးမှူးဟောင်း Jeb Bush တို့ကတော့ ဒုတိယနေရာကို အကြိတ်အနယ်ယှဉ်ပြိုင်နေကြပါတယ်။

XS
SM
MD
LG