သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုက်တာသတင်းသမားဟောင်းကို ဒု ပြန်ကြားရေးဝန်ကြီးခန့်


ဝါရင့် သတင်းစာ ဆရာ ဦးအောင်လှထွန်း (Aung Hla Tun Facebook)
ဝါရင့် သတင်းစာ ဆရာ ဦးအောင်လှထွန်း (Aung Hla Tun Facebook)

ဝါရင့် သတင်းစာ ဆရာ ဦးအောင်လှထွန်းကို ပြန်ကြားရေး ဝန်ကြီးဌာနရဲ့ ဒုတိယ ဝန်ကြီး အဖြစ် ဒီကနေ့ သမ္မတက ခန့်အပ်လိုက်ပါတယ်။ သတင်းစာ ဆရာ ဦးအောင်လှထွန်းက ပြန်ကြားရေး ဝန်ကြီးဌာနမှာ အရင်က အယ်ဒီတာ အဖြစ် တာဝန်ယူခဲ့ဖူးသူ ဖြစ်သလို နိုင်ငံခြား သတင်းထောက်များ အသင်းရဲ့ ဥက္ကဌ ဟောင်းလည်း ဖြစ်ပါတယ်။

နောက်ပိုင်း ရိုက်တာ သတင်းဌာနမှာ နှစ်ရှည် လုပ်ကိုင်ခဲ့ပြီးနောက်မှာ အလုပ်က အနားယူပြီး မြန်မာ နိုင်ငံ သတင်းမီဒီယာ ကောင်စီရဲ့ ဒုတိယ ဥက္ကဌ အဖြစ် တာဝန်ယူထားသူ ဖြစ်ပါတယ်။ မတည်မငြိမ် ဖြစ်နေတဲ့ ရခိုင် မြောက်ပိုင်းကိစ္စ၊ သတင်းထောက်တွေ ဖမ်းဆီးခံရမှုနဲ့ သတင်းမီဒီယာ ကိစ္စ အငြင်းပွားမှုတွေမှာ သတင်းမီဒီယာ ကောင်စီ တာဝန်ရှိသူ တဦး အနေနဲ့ ဆောင်ရွက်နေသူလည်း ဖြစ်ပါတယ်။ ပြန်ကြားရေး ဝန်ကြီးဌာနရဲ့ လုပ်ငန်းဆောင်တာတွေနဲ့ ပတ်သက်ပြီး ဝေဖန်သံတွေ ထွက်ပေါ်နေတဲ့ အချိန်မှာ ဒုတိယ ဝန်ကြီး တဦးကို ထပ်ပြီး ခန့်ထားလိုက်တာလည်း ဖြစ်ပါတယ်။

တချိန်တည်းမှာဘဲ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ လျှပ်စစ်နဲ့ စွမ်းအင် ဝန်ကြီးဌာန နှစ်ခုကို တွဲပြီး တာဝန်ယူထားတဲ့ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်ကိုတော့ လျှပ်စစ်နဲ့ စွမ်းအင် ဝန်ကြီး အဖြစ် ပြောင်းလဲ ခန့်အပ်လိုက်ပါတယ်။

ရိုက်တာသတင်းသမားဟောင်းကို ဒု ပြန်ကြားရေးဝန်ကြီးခန့်
please wait

No media source currently available

0:00 0:01:02 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG