သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှစ်သစ်ကူး အစဉ်အလာ


၂၀၁၈ နှစ်သစ်ကူး အတွက်ပြင်ဆင်နေမှုများ
၂၀၁၈ နှစ်သစ်ကူး အတွက်ပြင်ဆင်နေမှုများ

အမေရိကန်နိုင်ငံသားတွေအပါအဝင် ကမ္ဘာတဝန်းကလူတွေဟာ ၂၀၁၇ ခုနှစ်ကို နှုတ်ဆက်ပြီး ၂၀၁၈ နှစ်သစ်ကို ကြိုဆိုဖို့ ပြင်ဆင် နေကြပြီဖြစ်ပါတယ်။ အခုလိုအချိန်မျိုးမှာ အမေရိကန်တွေ နှစ်သစ်ကို ကြိုဆိုကြပုံတချို့ကို ပြောပြချင်ပါတယ်။

အမေရိကန်က နှစ်သစ်ကြိုဆိုပွဲတွေထဲမှာ အထင်ရှားဆုံးကတော့ နယူးယောက်မြို့ကပွဲ ဖြစ်ဖို့များပါတယ်။ ၁၉၀၄ ခုနှစ်ကတည်း က စလုပ်ခဲ့တဲ့ နယူးယောက် Times Square က နှစ်သစ်ကြိဆိုပွဲမှာ တိုင်ကြီးပေါ်ကနေ ဘောလုံးကြီးတလုံး တဖြည်းဖြည်းကျလာ ပြီးတော့ တိုင်အောက်ကို ရောက်တဲ့အချိန်ဟာ ဒီဇင်ဘာလ ၃၁ ရက် ညသန်းခေါင်တည့်တည့် နှစ်သစ်ကူးချိန်ပဲဖြစ်ပါတယ်။

ဒီနှစ်မှာတော့ မကြာသေးခင်ကဖြစ်ထားတဲ့ အကြမ်းဖက်ဝါဒစွဲ တိုက်ခိုက်မှုဖြစ်ရပ်နှစ်ခုကြောင့် လုံခြုံရေး သိပ်တင်းကျပ်မှာဖြစ် သလို ရာသီဥတုကလဲ အဆမတန်အေးဖို့ရှိပါတယ်။ ဒါပေမဲ့လဲ အဲဒီပွဲကို လူထောင်ပေါင်းများစွာ တက်ကြဦးမှာပါပဲ။

အမေရိကန်က နှစ်သစ်ကူးကြိုပွဲတွေမှာ Auld Lang Syne သီချင်းကို အများဆုံး ကြားကြရဖွယ်ရှိပါတယ်။ ဟိုအရင်ကပေါ့ လို့ ဆိုရမယ့် Old Long Ago လို့ အဓိပ္ပါယ်ရပါတယ်။ ၁၈ ရာစုနှစ် စကော့တ်လူမျိုး ကဗျာဆရာ Robert Burns ရေးခဲ့တဲ့ကဗျာကို သီချင်းအဖြစ် အသွင်ပြောင်းထားတာပါ။ ဒီသီချင်းဟာ ကုန်လွန်ခဲ့တဲ့နေ့ရက်တွေရဲ့ ချစ်ခြင်းနဲ့ အကြင်နာတရားအကြောင်း ဖြစ်သလို အနာဂတ်ကို သယ်ဆောင်သွားမယ့် ပိုင်ဆိုင်မှုနဲ့ ချစ်ကြည်မှု အသိလေးကိုလဲ ပေးတယ်လို့ sctoland.org ဝက်ဘ်ဆိုက် မှာပြောထားပါတယ်။

နှစ်သစ်ကူးချိန် ညသန်းခေါင်မှာ အမေရိကန်တွေ နမ်းရှုတ်ကြတဲ့ အလေ့အထတခုကိုလဲ တွေ့ကြရမှာဖြစ်ပြီး ဘာလို့ အဲဒီလိုလုပ်ကြတာလဲဆိုတာ ဘယ်သူမှ ရှင်းမပြနိုင်ပါဘူး။ ဟောလီးဝုဒ်ရုပ်ရှင်လောက၊ သတင်းမီဒီယာနဲ့ နိုင်ငံရေး လောကတွေမှာ လိင်ပိုင်းဆိုင်ရာ မတော်တရော်လုပ်တဲ့သတင်းတွေ အတော်ထွက်ထားတာအရ ဒီအလေ့အထဟာ သိပ်ကြီး တာရှည်ခံဖွယ်တော့ မရှိပါဘူး။ ဒါပေမဲ့လဲ ညသန်းခေါင်မှာ နမ်းရှုတ်တာ မလုပ်ဘူးဆိုရင် တနှစ်တာပတ်လုံး အထီးကျန် နေသွား ရမယ်လို့ ယူဆသူတွေလဲ ရှိပါတယ်။

နှစ်သစ်ကူး အစဉ်အလာ
please wait

No media source currently available

0:00 0:00:54 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG