သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ဒဏ္၊ သဘာဝေဘးဒဏ္ၾကားက ကမာၻ႔ျပည္သူေတြ ၂၀၂၃ ႏွစ္သစ္ကို ႀကိဳဆို


Australia Sydney New Year

ခရစ္သကၠရာဇ္ ၂၀၂၂ ခုႏွစ္ကုန္ဆုံးလို႔ ၂၀၂၃ ခုႏွစ္ကို ဝင္ေရာက္လာပါၿပီ၊ ကမာၻ႔အေရွ႕ျခမ္းႏိုင္ငံေတြဟာ ၂၀၂၂ ခုႏွစ္ကို ႏႈတ္ဆက္ခဲ့ၾကၿပီး၊ ၂၀၂၃ ခုႏွစ္ ႏွစ္သက္ကို ေရာင္စုံမီးပန္းေတြပစ္လႊတ္ၿပီး ႀကိဳဆိုခဲ့ၾကပါတယ္။

Zawgyi

စစ္ဒဏ္၊ သဘာဝေဘးဒဏ္ၾကားက ကမာၻ႔ျပည္သူေတြ ၂၀၂၃ ႏွစ္သစ္ကို ႀကိဳဆို

ခရစ္သကၠရာဇ္ ၂၀၂၂ ခုႏွစ္ကုန္ဆုံးလို႔ ၂၀၂၃ ခုႏွစ္ကို ၀င္ေရာက္လာပါၿပီ။ ကမ႓ာ့အေရွ႕ျခမ္းႏိုင္ငံေတြဟာ ၂၀၂၂ ခုႏွစ္ကို ႏႈတ္ဆက္ခဲ့ၾကၿပီး၊ ၂၀၂၃ ခုႏွစ္ ႏွစ္သစ္ကို ေရာင္စုံမီးပန္းေတြပစ္လႊတ္ၿပီး ႀကိဳဆိုခဲ့ၾကပါတယ္။

ၾသစေၾတးလ်ား၊ နယူးဇီလန္၊ ဂ်ပန္၊ တ႐ုတ္၊ ေဟာင္ေကာင္၊ ထိုင္၀မ္ အပါအ၀င္ ကမ႓ာ့အေရွ႕ျခမ္းကႏိုင္ငံေတြနဲ႔အတူ ျမန္မာႏိုင္ငံလည္း ၂၀၂၂ ခုႏွစ္ရဲ႕ ေနာက္ဆုံး စကၠန္႔ေတြကို ေရတြက္ခဲ့ၾကၿပီး၊ ႏွစ္သစ္ကိုႀကိဳဆိုခဲ့ၾကပါတယ္။ ျမန္မာ့ အိမ္နီးျခင္း၊ ထိုင္း၊ မေလးရွား၊ ဖိလစ္ပိုင္ စတဲ့ႏိုင္ငံေတြမွာလည္း ႏွစ္သစ္ကူးပဲြေတြက်င္းပၿပီးႀကိဳဆိုခဲ့ၾကသလို၊ အေရွ႕အလယ္ပိုင္းေဒသက UAE ၿမိဳ႔ေတာ္ ဒူဘိုင္းမွာလည္း မီးရႈးမီးပန္းေတြပစ္ေဖါက္ၿပီး ႏွစ္သစ္ကိုႀကိဳဆိုခဲ့ၾကပါတယ္။

အခုသတင္းေၾကျငာေနခ်ိန္မွာေတာ့ ဥေရာပႏိုင္ငံေတြမွာ ညသန္းေခါင္အခ်ိန္ေရာက္လို႔ ႏွစ္သစ္ကူးပဲေတြြ က်င္းပေန ခ်ိန္လည္းျဖစ္ပါတယ္။ အေမရိကန္ျပည္ေထာင္စုနဲ႔ အေမရိကတိုက္ ႏိုင္ငံေတြမွာေတာ့ မၾကာမီ က်ေရာက္ေတာ့မယ့္ သန္းေခါင္ယံ ႏွစ္သစ္ကူးခ်ိန္အ တြက္ စုေ၀းျပင္ဆင္ ေနၾကၿပီျဖစ္ပါတယ္။

နယူးေယာက္ၿမိဳ႔က လူေပါင္း ေသာင္းခ်ီလာေရာက္ေလ့ရွိတဲ့ ကမ႓ာေက်ာ္ Time Square မွာ မၾကာမီဘဲ ၂၀၂၂ ခုႏွစ္ရဲ႕ ေနာက္ဆုံးစကၠန္႔ေတြကို ေရတြက္ဖို႔ ဖန္သားေဘာလုံးႀကီး က်လာမွာကို ေစာင့္ဆိုင္းေနၾကတာပါ။ ကိုဗစ္စည္းကမ္း တင္းၾကပ္မႈေတြ မရွိေတာ့တဲ့ အတြက္ ႏွစ္သစ္ကူးပြဲကိုဆင္ႏႊဲဖို႔ Time Square မွ ာ စေနေန႔ ေန႔လည္ေလာက္ကတည္းက လူေတြျပည့္ ၾကပ္ စုေဝးေနတာျဖစ္ပါတယ္။

၂၀၂၂ ခုႏွစ္အတြင္း ျမန္မာႏိုင္ငံမွာေတာ့ စစ္တပ္ကအာဏာသိမ္းထားတဲ့အတြက္ တိုက္ပဲြေတြ၊ အိုးအိမ္စြန္႔ခြါထြက္ေျပး ရတာေတြနဲ႔ ရတက္မေအးျဖစ္ခဲ့ၾကရသလို၊ ကမ႓ာႀကီးမွာလည္း ႐ုရွားက ယူကရိန္းကိုက်ဴးေက်ာ္တဲ့စစ္၊ ကိုဗစ္ကပ္ေရာဂါ၊ မုန္တိုင္းတိုက္တာ၊ ေရႀကီးေရလွ်ံတာလို သဘာဝေဘးဒဏ္ ေတြနဲ႔ ႀကဳံခဲ့ရ ေပမယ့္လည္း ကမ႓ာသူကမ႓ာသားအားလုံးကေတာ့ ၂၀၂၃ ခုႏွစ္ ႏွစ္သစ္ကို ဝမ္းပမ္းတသာ ႀကိဳဆိုခဲ့ၾကပါတယ္။

Unicode

တိုက္႐ိုက္ လင့္ခ္

စစ်ဒဏ်၊ သဘာဝဘေးဒဏ်ကြားက ကမ္ဘာ့ပြည်သူတွေ ၂၀၂၃ နှစ်သစ်ကို ကြိုဆို

ခရစ်သက္ကရာဇ် ၂၀၂၂ ခုနှစ်ကုန်ဆုံးလို့ ၂၀၂၃ ခုနှစ်ကို ဝင်ရောက်လာပါပြီ။ ကမ္ဘာ့အရှေ့ခြမ်းနိုင်ငံတွေဟာ ၂၀၂၂ ခုနှစ်ကို နှုတ်ဆက်ခဲ့ကြပြီး၊ ၂၀၂၃ ခုနှစ် နှစ်သစ်ကို ရောင်စုံမီးပန်းတွေပစ်လွှတ်ပြီး ကြိုဆိုခဲ့ကြပါတယ်။

သြစတြေးလျား၊ နယူးဇီလန်၊ ဂျပန်၊ တရုတ်၊ ဟောင်ကောင်၊ ထိုင်ဝမ် အပါအဝင် ကမ္ဘာ့အရှေ့ခြမ်းကနိုင်ငံတွေနဲ့အတူ မြန်မာနိုင်ငံလည်း ၂၀၂၂ ခုနှစ်ရဲ့ နောက်ဆုံး စက္ကန့်တွေကို ရေတွက်ခဲ့ကြပြီး၊ နှစ်သစ်ကိုကြိုဆိုခဲ့ကြပါတယ်။ မြန်မာ့ အိမ်နီးခြင်း၊ ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင် စတဲ့နိုင်ငံတွေမှာလည်း နှစ်သစ်ကူးပွဲတွေကျင်းပပြီးကြိုဆိုခဲ့ကြသလို၊ အရှေ့အလယ်ပိုင်းဒေသက UAE မြို့တော် ဒူဘိုင်းမှာလည်း မီးရှုးမီးပန်းတွေပစ်ဖေါက်ပြီး နှစ်သစ်ကိုကြိုဆိုခဲ့ကြပါတယ်။

အခုသတင်းကြေငြာနေချိန်မှာတော့ ဥရောပနိုင်ငံတွေမှာ ညသန်းခေါင်အချိန်ရောက်လို့ နှစ်သစ်ကူးပဲတွေ ကျင်းပနေ ချိန်လည်းဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ အမေရိကတိုက် နိုင်ငံတွေမှာတော့ မကြာမီ ကျရောက်တော့မယ့် သန်းခေါင်ယံ နှစ်သစ်ကူးချိန်အ တွက် စုဝေးပြင်ဆင် နေကြပြီဖြစ်ပါတယ်။

နယူးယောက်မြို့က လူပေါင်း သောင်းချီလာရောက်လေ့ရှိတဲ့ ကမ္ဘာကျော် Time Square မှာ မကြာမီဘဲ ၂၀၂၂ ခုနှစ်ရဲ့ နောက်ဆုံးစက္ကန့်တွေကို ရေတွက်ဖို့ ဖန်သားဘောလုံးကြီး ကျလာမှာကို စောင့်ဆိုင်းနေကြတာပါ။ ကိုဗစ်စည်းကမ်း တင်းကြပ်မှုတွေ မရှိတော့တဲ့ အတွက် နှစ်သစ်ကူးပွဲကိုဆင်နွှဲဖို့ Time Square မှ ာ စနေနေ့ နေ့လည်လောက်ကတည်းက လူတွေပြည့် ကြပ် စုဝေးနေတာဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာတော့ စစ်တပ်ကအာဏာသိမ်းထားတဲ့အတွက် တိုက်ပွဲတွေ၊ အိုးအိမ်စွန့်ခွါထွက်ပြေး ရတာတွေနဲ့ ရတက်မအေးဖြစ်ခဲ့ကြရသလို၊ ကမ္ဘာကြီးမှာလည်း ရုရှားက ယူကရိန်းကိုကျူးကျော်တဲ့စစ်၊ ကိုဗစ်ကပ်ရောဂါ၊ မုန်တိုင်းတိုက်တာ၊ ရေကြီးရေလျှံတာလို သဘာဝဘေးဒဏ် တွေနဲ့ ကြုံခဲ့ရ ပေမယ့်လည်း ကမ္ဘာသူကမ္ဘာသားအားလုံးကတော့ ၂၀၂၃ ခုနှစ် နှစ်သစ်ကို ဝမ်းပမ်းတသာ ကြိုဆိုခဲ့ကြပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG