သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

၂၀၂၃ ႏွစ္သစ္ကိုႀကိဳမယ့္ Gift of Love ဖန္သားေဘာလံုး


(Zawgyi / Unicode)

၂၀၂၃ ႏွစ္သစ္ကို ႀကိဳဆိုဖို႔ နယူးေယာက္ၿမိဳ႔က ကမၻာေက်ာ္ Times Square မွာ အထင္ကရ crystals ဖန္ ေဘာလုံးႀကီးထဲကို အဂၤါေန႔ကပဲ ဖန္ခ်ပ္ေပါင္း ၂ ရာနီးပါး ထည့္သြင္းတပ္ဆင္ခဲ့ၾကပါတယ္။ ၁၉၉၉ ခုႏွစ္မွာ အိုင္းရစ္လူမ်ိဳး လက္မႈအနုပညာရွင္တေယာက္က ဖန္ေဘာလုံးႀကီးထဲမွာ တပ္ဆင္ဖို႔ crystal ဖန္ခ်ပ္ေပါင္း ၂၆၈၈ ခ်ပ္ကို လက္နဲ႔ တခုခ်င္း ဖန္တီးခဲ့တာျဖစ္ပါတယ္။ ႏွစ္ေဟာင္းကုန္ၿပီး နွစ္သစ္ကူးဖို႔ စကၠန္႔ပုိင္းအလိုမွာ ေမွ်ာ္စင္ေပၚကေန မီးေရာင္စုံထြန္းညွိထားတဲ့ အဲဒီဖန္ေဘာလုံးႀကီး တျဖည္းျဖည္းက်လာတဲ့့အခ်ိန္ကို သန္းနဲ႔ခ်ီတဲ့ လူေတြ ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ ႀကိဳဆိုၾကတာဟာ နယူးေယာက္ရဲ႕ အစဥ္အလာျဖစ္ပါတယ္။

အဲဒီဖန္ေဘာလုံးႀကီးကိုလည္း ႏွစ္စဥ္ႏွစ္တုိင္း မွန္ခ်ပ္ေတြ အစားထိုးၿပီး ျပန္လည္ အသုံးျပဳလာတာျဖစ္ပါတယ္။ ဒီႏွစ္အတြက္ ေဆာင္ပုဒ္ ကေတာ့ "ခ်စ္ျခင္း ေမတၱာလက္ေဆာင္မြန္" လို႔အဓိပၸါယ္ရတဲ့ “ Gift of Love" ျဖစ္ပါတယ္။ အဲဒီ ေဆာင္ပုဒ္အတိုင္း အသည္းပုံေလးေတြကို ဖန္ခ်ပ္ေတြထဲမွာ ထည့္သြင္းဖန္တီးထားတယ္လို႔ Waterford ကုမၸဏီက အနုပညာ႐ွင္ Tom Brannan ကေျပာပါတယ္။

Covid ကပ္ေရာဂါနဲ႔ ၂ ႏွစ္ေလာက္ ရင္ဆုိင္ေက်ာ္လႊားခဲ့ၾကတဲ့ က်ေနာ္တို႔အားလုံးကို ခ်စ္ျခင္းေမတၱာေတြ ၀ုိင္းရံေနပါတယ္လို႔ လည္း Tom Brannan ကေျပာပါတယ္။ ဒီႏွစ္မွာေတာ့ Covid ကပ္ေရာဂါဆုိင္ရာ ကန္႔သတ္ခ်က္ေတြ ခ်မွတ္မထားေတာ့ပါဘူး။ နယူးေယာက္ၿမိဳ ႔ကို အလည္အပတ္ လာေရာက္သူေတြလည္း အေအးဒဏ္ကိုမမႈဘဲ Time Squrare မွာ crystal ေဘာလုံးႀကီး က်လာတာကိုၾကည့္ရင္း ႏွစ္သစ္ကူးကို ႀကိဳဆိုၾကေတာ့မွာျဖစ္ပါတယ္။

၂၀၂၃ ႏွစ္သစ္ကိုႀကိဳမယ့္ Gift of Love ဖန္သားေဘာလံုး
please wait

No media source currently available

0:00 0:01:13 0:00
တိုက္႐ိုက္ လင့္ခ္

(Unicode)

၂၀၂၃ နှစ်သစ်ကိုကြိုမယ့် Gift of Love ဖန်သားဘောလုံး

၂၀၂၃ နှစ်သစ်ကို ကြိုဆိုဖို့ နယူးယောက်မြို့က ကမ္ဘာကျော် Times Square မှာ အထင်ကရ crystals ဖန် ဘောလုံးကြီးထဲကို အင်္ဂါနေ့ကပဲ ဖန်ချပ်ပေါင်း ၂ ရာနီးပါး ထည့်သွင်းတပ်ဆင်ခဲ့ကြပါတယ်။ ၁၉၉၉ ခုနှစ်မှာ အိုင်းရစ်လူမျိုး လက်မှုအနုပညာရှင်တယောက်က ဖန်ဘောလုံးကြီးထဲမှာ တပ်ဆင်ဖို့ crystal ဖန်ချပ်ပေါင်း ၂၆၈၈ ချပ်ကို လက်နဲ့ တခုချင်း ဖန်တီးခဲ့တာဖြစ်ပါတယ်။

နှစ်ဟောင်းကုန်ပြီး နှစ်သစ်ကူးဖို့ စက္ကန့်ပိုင်းအလိုမှာ မျှော်စင်ပေါ်ကနေ မီးရောင်စုံထွန်းညှိထားတဲ့ အဲဒီဖန်ဘောလုံးကြီး တဖြည်းဖြည်းကျလာတဲ့အချိန်ကို သန်းနဲ့ချီတဲ့ လူတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ ကြိုဆိုကြတာဟာ နယူးယောက်ရဲ့ အစဉ်အလာဖြစ်ပါတယ်။
အဲဒီဖန်ဘောလုံးကြီးကိုလည်း နှစ်စဉ်နှစ်တိုင်း မှန်ချပ်တွေ အစားထိုးပြီး ပြန်လည် အသုံးပြုလာတာဖြစ်ပါတယ်။ ဒီနှစ်အတွက် ဆောင်ပုဒ် ကတော့ "ချစ်ခြင်း မေတ္တာလက်ဆောင်မွန်" လို့အဓိပ္ပါယ်ရတဲ့ “ Gift of Love" ဖြစ်ပါတယ်။ အဲဒီ ဆောင်ပုဒ်အတိုင်း အသည်းပုံလေးတွေကို ဖန်ချပ်တွေထဲမှာ ထည့်သွင်းဖန်တီးထားတယ်လို့ Waterford ကုမ္ပဏီက အနုပညာရှင် Tom Brannan ကပြောပါတယ်။

Covid ကပ်ရောဂါနဲ့ ၂ နှစ်လောက် ရင်ဆိုင်ကျော်လွှားခဲ့ကြတဲ့ ကျနော်တို့အားလုံးကို ချစ်ခြင်းမေတ္တာတွေ ဝိုင်းရံနေပါတယ်လို့ လည်း Tom Brannan ကပြောပါတယ်။ ဒီနှစ်မှာတော့ Covid ကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက်တွေ ချမှတ်မထားတော့ပါဘူး။ နယူးယောက်မြို့ကို အလည်အပတ် လာရောက်သူတွေလည်း အအေးဒဏ်ကိုမမှုဘဲ Time Squrare မှာ crystal ဘောလုံးကြီး ကျလာတာကိုကြည့်ရင်း နှစ်သစ်ကူးကို ကြိုဆိုကြတော့မှာဖြစ်ပါတယ်။

XS
SM
MD
LG