[Zawgyi/Unicode]
COVID-19 ကပ္ေရာဂါႀကီးကို ရင္ဆိုင္ေနရခ်ိန္ ကမာၻတဝန္းက ျပည္သူေတြဟာ ၂၀၂၁ ႏွစ္သစ္ကို ေပ်ာ္ပြဲ ႐ႊင္ပြဲေတြ မပါဘဲ ႀကိဳဆိုခဲ့ၾကပါတယ္။ အေမရိကန္ျပည္ေထာင္စု New York ၿမိဳ႕က အထင္ကရ Times Square ေနရာမွာ ပံုမွန္ လူေထာင္နဲ႔ခ်ီ စုေဝးၿပီး ႏွစ္သစ္ႀကိဳေနက်ျဖစ္ေပမဲ့ ဒီႏွစ္မွာေတာ့ ႏွစ္သစ္ကူးႀကိဳ စင္ျမင့္ေဖ်ာ္ေျဖပြဲေတြဆီ အထူးဖိတ္ၾကားထားသူ ဧည့္သည္ေတြကလဲြလို႔ လမ္းမႀကီးေတြေပၚမွာ ႐ွင္းလင္းေျခာက္ကပ္ေနပါတယ္။ ကိုဗစ္ကပ္ေရာဂါကို ေ႐ွ႕တန္းကေန ရင္ဆိုင္ကုသေပးေနၾကတဲ့ က်န္းမာေရးဝန္ထမ္းေတြကိုပဲ Times Square က ေဖ်ာ္ေျဖပြဲေတြကို ၾကည့္ဖုိ႔ ပြဲစီစဥ္သူေတြက ဖိတ္ၾကားခဲ့ၿပီး သီးသန္႔စီ ေနရာေတြ ခြဲထားေပးခဲ့ပါတယ္။ အေမရိကန္ၿမိဳ႕ေတာ္ေတာ္မ်ားမ်ားလည္း ႏွစ္သစ္ကူးႀကိဳဆိုတဲ့ ပြဲေတြကို လူအမ်ားမပါဘဲ က်င္းပခဲ့ၾကေပမဲ့ ကာစီႏိုေလာင္းကစား႐ံုေတြတန္းစီေနတဲ့ Las Vegas ၿမိဳ႕က Las Vegas Strip လမ္းမႀကီးေပၚမွာ မီးပန္းေဖာက္ပြဲကို လူေသာင္းနဲ႔ခ်ီ စုေဝးၾကည့္ခဲ့ၾကပါမယ္။
လူစုလူေဝးမလုပ္ဖုိ႔ Nevada ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴးက ပန္ၾကားထားတဲ့ၾကားက ခုလို မီးပန္းေဖာက္ပဲြကို လူေတြ လာၾကည့္ၾကတာျဖစ္ပါတယ္။ အမ်ားစုကေတာ့ ႏွာေခါင္းစည္းေတြ ဝတ္ထားၾကေပမဲ့ မဝတ္ၾကသူေတြကိုလည္း ေတ႔ြရပါတယ္။
ဥေရာပႏိုင္ငံက ႏွစ္သစ္ကူးပြဲက်င္းပေလ့႐ွိတဲ့ ၿမိဳ႕ႀကီးေတြမွာေတာ့ ကိုဗစ္ ကန္႔သတ္ ထိန္းခ်ဳပ္မႈေတြၾကားက ႏွစ္သစ္ကို တိတ္တိတ္ဆိတ္ဆိတ္ပဲ ႀကိဳဆိုခဲ့ၾကပါတယ္။ လန္ဒန္ၿမိဳ႕ Thames ျမစ္ကမ္းပါးတေလ ွ်ာက္ မီးပန္းေဖာက္ မီးအလွျပပြဲေတြကို ဒီႏွစ္ ဖ်က္ခဲ့ပါတယ္။ လန္ဒန္ၿမိဳ႕ထဲမွာ မီးပန္းေဖာက္ၿပီး ႏွစ္သစ္ကူးႀကိဳဆိုတာကို ႐ုပ္ျမင္သံၾကားေပၚကေနပဲ တိုက္႐ိုက္ျပသခဲ့ပါတယ္။ ျပင္သစ္ႏိုင္ငံမွာလည္း ႏွစ္သစ္ကူး လူစုေဝးမွာစိုးတဲ့အတြက္ ရဲအရာ႐ွိ ၁၀၀,၀၀၀ ေက်ာ္ကို တာဝန္ခ် ေစာင့္ၾကည့္ေစခဲ့ပါတယ္။ ထိုင္း၊ India၊ ဂ်ပန္၊ ေတာင္ကိုရီးယား စတဲ့ အာ႐ွႏိုင္ငံေတြမွာလည္း ႏွစ္စဥ္လုပ္ေနၾက ႏွစ္သစ္ကူးႀကိဳပြဲေတြကို ဖ်က္ခဲ့ပါတယ္။ တ႐ုတ္ႏိုင္ငံက ၿမိဳ႕ေတြမွာေတာ့ မေန႔ညက ႏွစ္သစ္ကူးႀကိဳပြဲေတြကို က်င္းပခဲ့သလို ကိုဗစ္ေရာဂါစတင္ခဲ့တယ္လို႔ ယံုၾကည္ရတဲ့ ဝူဟန္ၿမိဳ႕မွာ ႏွစ္ဆန္း ၁ ရက္ေန႔ ဒီေန႔မွာလည္း ေက်ာ္ၾကားတဲ့ ဘံုေက်ာင္းဆီ ရာနဲ႔ခ်ီတဲ့ လူေတြလာၿပီး ကိုဗစ္ကပ္ေရာဂါ ကင္း႐ွင္းေစဖုိ႔ ဆုေတာင္းေနၾကပါတယ္။
[Unicode Version]
ကမ္ဘာတဝန်း နှစ်သစ်ကြိုပွဲတွေ ကိုဗစ်ကြောင့် ခြောက်ကပ်ခဲ့
COVID-19 ကပ်ရောဂါကြီးကို ရင်ဆိုင်နေရချိန် ကမ္ဘာတဝန်းက ပြည်သူတွေဟာ ၂၀၂၁ နှစ်သစ်ကို ပျော်ပွဲ ရွှင်ပွဲတွေ မပါဘဲ ကြိုဆိုခဲ့ကြပါတယ်။ အမေရိကန်ပြည်ထောင်စု New York မြို့က အထင်ကရ Times Square နေရာမှာ ပုံမှန် လူထောင်နဲ့ချီ စုဝေးပြီး နှစ်သစ်ကြိုနေကျဖြစ်ပေမဲ့ ဒီနှစ်မှာတော့ နှစ်သစ်ကူးကြို စင်မြင့်ဖျော်ဖြေပွဲတွေဆီ အထူးဖိတ်ကြားထားသူ ဧည့်သည်တွေကလွဲလို့ လမ်းမကြီးတွေပေါ်မှာ ရှင်းလင်းခြောက်ကပ်နေပါတယ်။ ကိုဗစ်ကပ်ရောဂါကို ရှေ့တန်းကနေ ရင်ဆိုင်ကုသပေးနေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေကိုပဲ Times Square က ဖျော်ဖြေပွဲတွေကို ကြည့်ဖို့ ပွဲစီစဉ်သူတွေက ဖိတ်ကြားခဲ့ပြီး သီးသန့်စီ နေရာတွေ ခွဲထားပေးခဲ့ပါတယ်။ အမေရိကန်မြို့တော်တော်များများလည်း နှစ်သစ်ကူးကြိုဆိုတဲ့ ပွဲတွေကို လူအများမပါဘဲ ကျင်းပခဲ့ကြပေမဲ့ ကာစီနိုလောင်းကစားရုံတွေတန်းစီနေတဲ့ Las Vegas မြို့က Las Vegas Strip လမ်းမကြီးပေါ်မှာ မီးပန်းဖောက်ပွဲကို လူသောင်းနဲ့ချီ စုဝေးကြည့်ခဲ့ကြပါမယ်။
လူစုလူဝေးမလုပ်ဖို့ Nevada ပြည်နယ်အုပ်ချုပ်ရေးမှူးက ပန်ကြားထားတဲ့ကြားက ခုလို မီးပန်းဖောက်ပွဲကို လူတွေ လာကြည့်ကြတာဖြစ်ပါတယ်။ အများစုကတော့ နှာခေါင်းစည်းတွေ ဝတ်ထားကြပေမဲ့ မဝတ်ကြသူတွေကိုလည်း တေ့ွရပါတယ်။
ဥရောပနိုင်ငံက နှစ်သစ်ကူးပွဲကျင်းပလေ့ရှိတဲ့ မြို့ကြီးတွေမှာတော့ ကိုဗစ် ကန့်သတ် ထိန်းချုပ်မှုတွေကြားက နှစ်သစ်ကို တိတ်တိတ်ဆိတ်ဆိတ်ပဲ ကြိုဆိုခဲ့ကြပါတယ်။ လန်ဒန်မြို့ Thames မြစ်ကမ်းပါးတလေ ျှာက် မီးပန်းဖောက် မီးအလှပြပွဲတွေကို ဒီနှစ် ဖျက်ခဲ့ပါတယ်။ လန်ဒန်မြို့ထဲမှာ မီးပန်းဖောက်ပြီး နှစ်သစ်ကူးကြိုဆိုတာကို ရုပ်မြင်သံကြားပေါ်ကနေပဲ တိုက်ရိုက်ပြသခဲ့ပါတယ်။ ပြင်သစ်နိုင်ငံမှာလည်း နှစ်သစ်ကူး လူစုဝေးမှာစိုးတဲ့အတွက် ရဲအရာရှိ ၁၀၀,၀၀၀ ကျော်ကို တာဝန်ချ စောင့်ကြည့်စေခဲ့ပါတယ်။ ထိုင်း၊ India၊ ဂျပန်၊ တောင်ကိုရီးယား စတဲ့ အာရှနိုင်ငံတွေမှာလည်း နှစ်စဉ်လုပ်နေကြ နှစ်သစ်ကူးကြိုပွဲတွေကို ဖျက်ခဲ့ပါတယ်။ တရုတ်နိုင်ငံက မြို့တွေမှာတော့ မနေ့ညက နှစ်သစ်ကူးကြိုပွဲတွေကို ကျင်းပခဲ့သလို ကိုဗစ်ရောဂါစတင်ခဲ့တယ်လို့ ယုံကြည်ရတဲ့ ဝူဟန်မြို့မှာ နှစ်ဆန်း ၁ ရက်နေ့ ဒီနေ့မှာလည်း ကျော်ကြားတဲ့ ဘုံကျောင်းဆီ ရာနဲ့ချီတဲ့ လူတွေလာပြီး ကိုဗစ်ကပ်ရောဂါ ကင်းရှင်းစေဖို့ ဆုတောင်းနေကြပါတယ်။