သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယူးယောက် တိုက်ခန်းမီး ၁၉ ဦးသေဆုံး


မီးလောင်ကျွမ်းခဲ့တဲ့ နယူးယောက်တိုက်ခန်းမှာ ကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်များ။ (ဇန်နဝါရီ ၉၊ ၂၀၂၂)
မီးလောင်ကျွမ်းခဲ့တဲ့ နယူးယောက်တိုက်ခန်းမှာ ကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်များ။ (ဇန်နဝါရီ ၉၊ ၂၀၂၂)

(Zawgyi / Unicode)

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့က တိုက်ခန်းတွဲ အဆောက်အဦကြီးတခုကို တနင်္ဂနွေနေ့က မီးလောင်ကျွမ်းခဲ့ရာမှာ လူ ၁၉ ဦး သေဆုံးပြီး အဲဒီထဲမှာ ကလေးငယ် ၉ ဦး ပါဝင်တယ်လို့ မီးသတ်ဌာနက ပြောပါတယ်။ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ မီးလောင်ကျွမ်းမှုတွေထဲမှာ အဆိုးဆုံးတခုအဖြစ် မီးသတ်ဌာနက သတ်မှတ်ပါတယ်။

သေဆုံးသူ အရေအတွက်နဲ့ ပတ်သက်လို့ နယူးယောက်မြို့တော်ဝန် Eric Adams ရဲ့ အကြီးတန်းအကြံပေး Stefan Ringel က အတည်ပြု ပြောဆိုပါတယ်။ သေဆုံးသူတွေထဲ ကလေးငယ် ပါဝင်တာကိုတော့ မြို့တော်အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတွေ တရားဝင် ဖြေကြားခြင်း မရှိသေးပါဘူး။

နယူးယောက် တိုက်ခန်းမီးကြောင့် လူ ၆၀ ကျော် ဒဏ်ရာရရှိပြီး ၁၃ ဦးကိုတော့ ဆေးရုံမှာ အရေးပေါ်အခြေအနေ ကုသနေရတယ်လို့ အကြံပေး Ringel က ပြောပါတယ်။ သူတို့ထဲက အများစုဟာ မီးခိုးကြောင့် အသက်ရှူကြပ်တဲ့ ဝေဒနာကို အပြင်းအထန် ခံစားနေရတယ်လို့ နယူးယောက် မီးသတ်ဌာန FDNY အကြီးအကဲ Daniel Nigro က မွန်းလွဲပိုင်းပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

နယူးယောက်မြို့ Bronx အရပ်က နှစ်ဆောင်ပြိုင် တိုက်ခန်းတွဲမှာ လောင်ကျွမ်းတဲ့ ဒီမီးကို မီးသတ်သမား ၂၀၀ လောက်နဲ့ ငြှိမ်းသတ်ခဲ့ရတယ်လို့ FDNY က ပြောပါတယ်။ ဒီမီးဟာ ရှို့မီးလို့ မယူဆပေမယ့် ဘာကြောင့် လောင်ကျွမ်းမှု ဖြစ်ခဲ့သလဲ ဆိုတာကို စုံစမ်းနေဆဲ ဖြစ်ပါတယ်။

နယူးယောက် တိုက်ခန်းမီး ၁၉ ဦးသေဆုံး
please wait

No media source currently available

0:00 0:00:51 0:00
တိုက်ရိုက် လင့်ခ်

---------------------

(Unicode)






XS
SM
MD
LG