သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

New York လူနေတိုက်ခန်းမီးလောင် ၁၂ ဦးသေဆုံး


နယူးရောက်မြို့ Bronx အရပ်မှာ ရှိတဲ့ လူနေအဆောက်အဦး apartment တခုမှာ ကြာသပတေးနေ့က လောင်ကျွမ်းခဲ့တဲ့ မီးကြောင့် လူပေါင်း ၁၂ ဦး သေဆုံးခဲ့ရပါတယ်။ ဒီမီးဟာ အသက် ၃နှစ်ခွဲ အရွယ် ယောင်္ကျားလေး တဦး မီးဖိုနဲ့ ဆော့ရာစ စတင်ခဲ့တာလို့ နယူးရောက် မီးသတ် ကော်မရှင်နာမင်းကြီး Daniel Nigro က သောကြာနေ့မှာ ပြောပါတယ်။

ကလေးအမေဟာ တံခါးကို ဖွင့်ထားခဲ့ပြီး သူ့သားတယောက်နဲ့ ကလေးနောက် တယောက်ကို ခေါ်ပြီး အပြင်ကို အသွားမှာ မီးလောင်ခဲ့တာ ဖြစ်ကြောင်း မစ္စတာ Nigro ကပြောပါတယ်။ မီးဟာ ငါးထပ် အဆောင်အဦးရဲ့ လှေကားတလျှောက် ထိုးတက်သွားပြီး အလျှင်အမြန် ပြန့်သွားခဲ့တာဖြစ်ပါတယ်။ အဲဒီအဆောက်အဦးဟာ ကာဗွန်မိုနောက်ဆိုက် အဆိပ်ငွေ့တိုင်းတာစက်နဲ့ မီးသတိပေးစက်တွေ အလုပ်မလုပ်တာ အပါအဝင် အဆောက်အဦးတွေအတွက် ထားရှိရမယ့် စည်းကမ်းချက်တွေကို မလိုက်နာခဲ့ကြောင်း မှတ်တမ်းတွေ ရှိတာ တွေ့ရတယ်လို့ တာဝန်ခံ အရာရှိတွေက ပြောပါတယ်။

မီးစလောင်ပြီး ၃ မိနစ်လောက် အတွင်း မီးသတ်သမားတွေ ရောက်လာတာ ဖြစ်ပေမယ့် အခုလို ဖြစ်သွားတာဟာ နယူးရောက် သမိုင်းမှာ မကြုံစဖူး အဆိုးဝါးဆုံး မီးကြောင့် ဆုံးရှုံးရမှု တခုလို့ မစ္စတာ Nigro ကပြောပါတယ်။

ဒီမီးငြိမ်းအောင် မီးသတ်သမား ၁၇၀ လောက် ဝင်ရောက် ညှိမ်းသတ်ခဲ့ရပြီး အဆောက်အဦးထဲက ထွက်ပြေးရတဲ့ လူတွေကို ကယ်ဆယ်ခဲ့ကြရ တာပါ။

နာမည်ကျော် Bronx တိရိစ္တာန်ရုံနဲ့ တပြပဲကွာတဲ့ နေရာမှာ ရှိတဲ့ အဆောက်အဦးမှာ မီးလောင်ခဲ့တာ ဖြစ်ပြီး မီးကြောင့် ဆိုးဆိုးဝါးဝါး ဒဏ်ရာရသူက ၄ ဦးထက်မနဲ ရှိတယ်လို့ မီးသတ်အရာရှိတွေက ပြောပါတယ်။

New York လူနေတိုက်ခန်းမီးလောင် ၁၂ ဦးသေဆုံး
please wait

No media source currently available

0:00 0:00:44 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG