သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီး နဲ့ မြန်မာအစိုးရ


ဒီတပတ် မြန်မာမျက်မှောက်ရေးရာ သတင်းသုံးသပ်ချက်အစီအစဉ်မှာ လောလောဆယ် Britain နိုင်ငံမှာ ရောက်နေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်ပခရီးစဉ်ဟာ မြန်မာနိုင်ငံရဲ့ ပုံရိပ်နှင့် မြန်မာ့နိုင်ငံရေးကို ဘယ်လို ရိုက်ခတ်စေသလဲဆိုတာကို The Voice Weekly ဂျာနယ် အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ၊ မြန်မာတိုင်း(မ်) ဂလိုဘယ်(လ်) (Myanmar Times Global) အယ်ဒီတာချုပ် ဦးစည်သူအောင်မြင့်တို့ကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း ဆွေးနွေးထားပါတယ်ရှင်။

ဦးကျော်ဇံသာ ။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်ပခရီးစဉ်နှင့် ပတ်သက်လို့ နိုင်ငံတကာသတင်းတွေမှာတော့ ကမ္ဘာထိပ်တန်းသတင်းကြီးအဖြစ် ဖော်ပြကြပါတယ်။ သတင်း မီဒီယာတိုင်းလိုလိုမှာ သူပြောတယ်၊ဘယ်သွားတယ်၊ ဘာလုပ်တယ်ဆိုတာနှင့် ပတ်သက်ပြီးတော့ ပထမဦးဆုံး သိချင်တာက မြန်မာနိုင်ငံ ပြည်တွင်းမီဒီယာတွေကကော ဘယ်လောက် ဖေါ်ပြနိုင်ကြပါသလဲ။ ဖော်ပြခွင့်ရကြပါသလဲ။

ဦးစည်သူအောင်မြင့် ။ ။ အခု ကျနော်တွေ့သလောက်ကတော့ တော်တော်လေး ဖော်ပြနိုင်ပါတယ်။ ဥပမာအားဖြင့်ဆိုရင် ဒီနေ့ထွက်တဲ့ ရန်ကုန်တိုင်း(မ်) (Yangon Times) ဂျာနယ်မှာဆိုရင် ဒေါ်အောင်ဆန်းစုကြည် နိုဘယ်(လ်)ဆု လက်ခံတဲ့ မိန့်ခွန်းအပြည့်စုံပါတယ်၊ ပြီးတော့ မော်နီတာ (Monitor) ဂျာနယ်မှာဆိုလည်း အပြည့်စုံပါတယ်၊ နောက်တခြားဂျာနယ်တွေမှာဆိုလည်း ILO ညီလာခံမှာ မိန့်ခွန်းပြောတဲ့ဟာတွေပါတယ်။ အတော်လေးကို ပြည့်ပြည့်စုံစုံပါပါတယ်။ ဒီက လူတွေတော်တော် စိတ်လည်းစိတ်ဝင်စားတယ်။ အကုန်လုံး ကြည့်ခွင့်တွေ့ခွင့်ရနေတယ်လို့ ကျနော်ဒီလိုပဲ တွေ့ရတယ်။

ဦးကျော်ဇံသာ ။ ။ဆရာကျော်မင်းဆွေကို မေးချင်တာကတော့ အဲ့ဒီဖြစ်ရပ်ကို ဖော်ပြခြင်းအပြင် အဲဒီအပေါ်မှာ ဝေဖန်သုံးသပ်တဲ့ မှတ်ချက်နှင့်ကော ဆောင်းပါးတွေ ဘာတွေ ရေးသားခွင့်ကော ရကြပါသလား။

ဦးကျော်မင်းဆွေ ။ ။အဲဒါကတော့ ဝေဖန်သုံးသပ်တာတို့ ဘာတို့ကတော့ ကျနော် သိပ်ပြီး မတွေ့ရသေးဘူး။ အဲ့သတင်းနှင့် ပတ်သက်ပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် အခုနက ကိုအောင်မြင့် ပြောသလို၊ ဘာပဲ ဖော်ပြနိုင်တာ တွေ့ရတယ်လေး။ ပြည်တွင်းမီဒီယာတွေမှာတော့ အဲ့လို သုံးသပ်ချက်၊ ဝေဖန်ချက်ကတော့ ကျနော်တော့ မဖတ်မိသေးဘူး။

ဦးကျော်ဇံသာ ။ ။ နိုင်ငံပိုင် မီဒီယာတွေကကော ဆရာ။

ဦးကျော်မင်းဆွေ ။ ။ နိုင်ငံပိုင် မီဒီယာကတော့ လုံးဝ ဖော်ပြတာ မတွေ့ရဘူးခင်ဗျာ့။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဆရာဦးအောင်မြင့် နိုင်ငံပိုင်မီဒီယာတွေ့ရဲ့ သဘောထားက ဘယ်လိုလဲခင်ဗျာ။ အဲ့ကိစ္စမှာ သူတို့ ဒါကို မဖော်ပြလိုဘူးလား။ သတင်းမဟုတ်ဘူးလို့ ယူဆသလား။ သူတို့ သတင်းဟာ အစိုးရပေါ်ဆီပဲ ဖော်ပြမယ်ဆိုတဲ့ အယူဆမျိုးရှိနေတယ် ထင်ပါသလား။

ဦးစည်သူအောင်မြင့် ။ ။ ကျနော်ကတော့ အဲ့လိုပဲ နားလည်းတယ်။ ကျနော် အဲ့ဒီ ပြန်ကြားရေး ဝန်ကြီးဌာနက ဝန်ကြီးအရာရှိတွေနှင့် တွေ့တော့လည်း ကျနော်မေးမြန်းသလောက် ကျနော်သိသလောက်ကတော့ ဒါက အစိုးရရဲ့အာဘော် အစိုးရရဲ့လှုပ်ရှားမှုတွေကိုပဲ အဓိကထား ဖော်ပြတဲ့သတင်းစာလို့ပဲ ကျနော်နားလည်ပါတယ်။ ဒါကြောင့်မို့လို့ ဘယ်လို ဘယ်အရေးကြီးတဲ့ ကိစ္စဖြစ်စေ တခြားသော ပြည်တွင်းပုဂ္ဂလိက ဂျာနယ်တွေမှာ အများကြီး ဖော်ပြနေပေမယ့် ဒီသတင်းစာတွေမှာကတော့ ဖော်ပြတာ မရှိဘူးဆိုတာတော့ ဒါအစဉ်လာတိုင်းပဲ။ အခု ခရီးစဉ်မှာလည်း ဒီတိုင်းပါပဲ။ ကိုကျော်မင်းဆွေ ပြောတာဟုတ်ပါတယ်။ မဖော်ပြပါဘူး။ လုံးဝကို။

ဦးကျော်ဇံသာ ။ ။ ဆရာကျော်မင်းဆွေ ဒီခရီးစဉ်နှင့် ပတ်သက်ပြီး စကြရအောင်ပါ။ နိုင်ငံတကာ မီဒီယာတွေကတော့ ဒီခရီးစဉ်ဟာ အင်မတန် ထူးခြားတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာ သူတို့ အခေါ်အဝေါ် International Icon တခုလို့၊ Democracy Icon, Human Race Icon တခုလို့ သူတို့ တင်စားပြီးပြောကြပါတယ်။ Nelson Mandela တို့လို ပုဂ္ဂိုလ်တချို့ဆို၊ Mahatma Gandhi, Dr. Martin Luther King တို့နှင့် နှိုင်းယှဉ်ပြီးတော့ကို တင်စားဖော်ပြကြပါတယ်။ ဒီအပြင် မြန်မာနိုင်ငံအပေါ်မှာလည်းပဲ ဒီခရီးစဉ်ဟာ အများကြီး အကျိုးသက်ရောက်မှု ရှိစေတယ်။ မြန်မာ့ပုံရိပ်အတွက်လည်း အင်မတန်ကောင်းတဲ့ ခရီးစဉ်ဖြစ်တယ်။ အစိုးရရဲ့ သဘောထား ပွင့်လင်းမှု အမြင်ကျယ်မှုကိုလည်း ဖော်ပြရာရောက်တယ်လို့ဆိုပြီး သုံးသပ်ကြပါတယ်။ ဆရာကျော်မင်းဆွေရဲ့ အမြင်ဘယ်လို မြင်ပါသလဲခင်ဗျာ့။

ဦးကျော်မင်းဆွေ ။ ။ ယေဘုယျအားဖြင့်တော့ နိုင်ငံတကာ မီဒီယာတွေ သုံးသပ်တာတွေကို ကျနော် သဘောတူပါတယ်ခင်ဗျာ။ တကယ်တော့လည်း တိုင်းပြည်မှာ အခုအပြောင်းလဲ ဖြစ်သွားတဲ့ အပေါ်မှာပေါ့ နိုင်ငံတကာက ဒါကို အသိမှတ်ပြုတယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း နိုင်ငံတကာထိ ခရီးဆန့်ပြီးတော့ နိုင်ငံရဲ့ ပုံရိပ်ကို မြင့်တင်ပေးနိုင်တယ်လို့ ကျနော်တော့ ယူဆပါတယ်။ အခုနက ပြောတယ့်ကြီးကျယ်တဲ့ ဂုဏ်ပုဒ်တွေနှင့်လည်း ထိုက်တန်တဲ့ ပုဂ္ဂိုလ်ပါ။ အဲ့ဒီတော့ ယေဘုယျအားဖြင့်တော့ ဒီအတိုင်း မှန်ပါတယ်ခင်ဗျာ့။ တကယ့် အတွင်းအနှစ်သာရကတော့ တကယ်အထဲထဲမှာ အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်ကြားမှာ ထိပ်ပိုင်းပုဂ္ဂိုလ် များနှင့်လောက်ပဲ ယုံကြည်မှု တည်ဆောက်ပြီးလို့ ရသေးပေမယ့် အောက်ပိုင်းအဆင့်တွေမှာ တချို့အရင်အစိုးရအဟောင်းရဲ့ မူဝါဒဖြန့်မှုလေးတွေ တချို့အောက်ပိုင်း ဝန်ထမ်းတွေမှာ ရှိနေသေးတာလည်း ရှိတယ်ခင်ဗျာ့။ ဘာဘယ်ပြောပြော ဒီလိုလုပ်လိုက်ခြင်းအားဖြင့် နိုင်ငံတကာမှာ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာဟာ အင်မတန်ကို တက်လာပါတယ်။ ဒီအတွက် ဒါ အပြုသဘော အင်မတန်ကိုဆောင်တယ်လို့ ကျနော်တို့ သုံးသပ်လို့ရပါတယ်။

ဦးကျော်ဇံသာ ။ ။ ပြည်တွင်းနိုင်ငံရေးကို ဂယက်ခိုက်မှုကတော့ နောက်ပိုင်းမှာ ကျနော်တို့ ဆက်ပြီး ဆွေးနွေးကြရအောင်။ အခုကတော့ ကျနော်တို့ လောလောဆယ် နိုင်ငံတကာရဲ့ အမြင်မှာ မြန်မာ့ပုံရိပ် ဘယ်လိုဖြစ်သွားသလဲ ဆိုတာနှင့်ပတ်သက်ပြီးတော့ ဆရာဦးအောင်မြင့်ရဲ့ သဘောထားလည်း ဆက်ပြောဘာဦးခင်ဗျာ။

ဦးစည်သူအောင်မြင့် ။ ။နိုင်ငံတကာမှာ ပုံရိပ်ကို ကောင်းလည်းကောင်းစေတယ်။ နောက်တခုက နောင်အတွက်လည်း ကောင်းအောင် ဒေါ်အောင်ဆန်းစုကြည်က လုပ်နေတယ်လို့တော့ ကျနော်တွေ့ရတယ်။ ဥပမာအားဖြင့်ဆိုရင် သူမိန့်ခွန်းတွေ ပြောတဲ့အခါမှာ နောက် သတင်းစာရှင်းလင်းပွဲတွေမှာ ဖြေတဲ့အခါမှာ။ ဟုတ်ပြီ ဒီဥစ္စာ နိုင်ငံအပြောင်းလဲ ဖြစ်တဲ့အတွက်ကြောင့် သူရောက်လာနိုင်တယ်။ ဒါသူ့အတွက် စိတ်ကူးအိပ်မက်တွေလည်း ပြည့်တာပေါ့နော်။ ဒါပေမယ့် ဒီလိုမျိုး နိုင်ငံတကာကနေပြီးတော့ မြန်မာနိုင်ငံ ဒီမိုကရေစီအရေး အားပေးတဲ့ဟာက အခုချိန်မှာ ဒီလို အာရုံစူးစိုက်တာကလည်း အရမ်းကောင်းတယ်။ ဒါကြောင်းမို့လို့ ဆက်ပြီးတော့လည်း အာရုံစူးစိုက်ပေးပါဦးလို့ဆိုပြီး သူကပြောတယ်။ ဆိုတယ့်သဘောက မြန်မာနိုင်ငံမှာ အပြောင်းလဲဆက်ပြီးတော့ ဖြစ်ပေါ်ဖို့ဆိုတယ့်ဟာက နိုင်ငံတကာမိသားစုရဲ့ ဝိုင်းဝန်းကူညီအားပေးမှုတွေ လိုသေးတယ်ဆိုတဲ့ဟာကိုပါ သူပြောနိုင်ခဲ့တယ့် အခါကြတော့ ဒါကတော်တော်ကောင်းတဲ့ ခရီးစဉ်လို့ ကျနော်မြင်ပါတယ်။ နောက်တခုက ဒီခရီးစဉ်နှင့် ပတ်သက်လို့ ကျနော်သိထားတာတချို့က တဖက်စောင်းနှင်းတော့ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ဒီခရီးစဉ်တွင်းမှာဆိုရင် ကျနော်တို့ဆီက အရမ်းထင်ရှားတဲ့ ဝန်ကြီးဦးစိုးသိန်း၊ သူလည်း ဥရောပမှာ ရောက်နေတယ်။ ပြီးတော့မှ ပြန်ကြားရေး ဒုဝန်ကြီးဦးစိုးဝင်း ဦးဆောင်တဲ့အဖွဲ့က Scandinavia နိုင်ငံတွေကို သွားလည်ပတ်ဖို့ ဖိတ်ခေါ်တဲ့အခါကြတော့ သူတို့တွေလည်း အဲ့ဒီ နော်ဝေ၊ ဆွီဒင်တို့ ဥရောပနိုင်ငံတွေမှာ ရောက်နေကြတယ်ဆိုတယ့်အခါကြတော့ သူတို့တွေကိုယ်တိုင်ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်နှင့် ပတ်သက်ပြီးတော့မှ လိုလိုလားလား ပြောဆိုတာတွေရှိတယ်။ မုဒိတာပွားကြတာတွေ ရှိတယ်ဆိုတယ့်အခါကြတော့ အတော်လေးကို ကောင်းတယ်လို့ပဲ ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ဆရာကျော်မင်းဆွေ စောစောက ပြည်တွင်းမှာ အစိုးရဟောင်းရဲ့ အယူဆကိုင်ဆွဲမှုတချို့နှင့် ပတ်သက်ပြီးတော့ ဆရာပြောသွားပါတယ်။ အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည်လည်း ဘန်ကောက်မှာကတည်းက စပြီးပြောတယ် Reckless optimism အရမ်းကာရော မျက်စိစုံမှိတ်ပြီးတော့ အကောင်းမြင်နေကြခြင်းကိုတော့ ထိန်းသိမ်းထားကြဖို့ အဲဒါကိုတော့ အဲဒီလောက် မဖြစ်ကြပါစေနှင့် ဒါ Healthy skepticism အကျိုးရှိမယ့် သံသယလေးတော့ ထားကြပါဦးဆိုပြီးတော့ သူပြောပါတယ်။ ဒီကိစ္စနှင့်ပက်သက်လို့ကကော ဒါပြည်တွင်းနိုင်ငံရေးကိုဘယ်လိုဂယက်ခက်နိုင်ပါသလဲဆရာ။

ဦးကျော်မင်းဆွေ ။ ။ မြန်မာ့နိုင်ငံရေးမှာက တကယ့် Key player တွေပေါ့နော်။ အခုက ဒေါ်အောင်ဆန်းစုကြည်ရယ်၊ သမ္မတကြီးရယ်၊ လွှတ်တော်ဥက္ကဌရယ်ဆိုတော့ ကျနော်တို့ ဒီအဓိက player တွေအချင်းချင်း နားလည်မှု ယုံကြည်မှု တော်တော်လေး တည်ဆောက်လို့ရတဲ့ အနေထားတွေရတယ်။ ဒါပေမယ့် တဖက်မှာကြတော့လည်း ဥပမာ အစိုးရမှာ ဒီအများပြောနေကြတဲ့ နောက်ကိုပြန်သွားချင်နေကြတဲ့ သဘောထားတင်းမာတဲ့သူတွေကလည်း အစိုးရအဖွဲ့ထဲမှာ ရှိနေတယ်။ ဒါကိုလည်း သမ္မတကြီးက မရှိပါဘူးလို့ ငြင်းဆိုထားပေမယ့်လည်း အဲဒီ အရိပ်အယောင်တွေလည်း ကျနော်တို့ မြင်နေရတာ ရှိပါတယ်။ ဥပမာအားဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီပြည်ပခရီးစဉ်အားလုံး ပြန်ကြားရေးဝန်ကြီးဌာနက မဖော်ပြဘူးဆိုတာ တကယ်တော့ အမှန်တိုင်းပြောရရင်တော့ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်တဲ့နိုင်ငံပိုင် သတင်းစာတွေ၊ မီဒီယာတွေဆိုတာက အစိုးရကို ကိုယ်စားပြုရမှာပေါ့နော်။ အဲ့ဒီတော့ အစိုးရအနေနှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ ဒီလောက် ထိပ်ပိုင်းပုဂ္ဂိုလ်များက နားလည်မှုတည်ဆောက်ပြီးတော့ အချင်းချင်းယုံကြည်မှုရအောင် ကြိုးစားပြီးတည်ဆောက်နေချိန်မှာ အစိုးရမီဒီယာဖြစ်တဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်တဲ့ နိုင်ငံပိုင်သတင်းစာတွေမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်ပြီး လုံးဝမဖော်ပြဘူးဆိုတာ နိုင်ငံတကာက အစိုးရအပေါ်မှာ တမျိုးတမည် အထင်လွဲစရာ ဖြစ်နိုင်တယ်ပေါ့။ ဒါကလည်း ကျနော်ပြောချင်တာက သမ္မတကြီးနှင့် ထိပ်ပိုင်း player တွေအနေနှင့် သူတို့မှာ dilemma ။ Conservative တချို့ရဲ့ ဒီပြန်ဆွဲတာရှိမယ်။ ဒေါ်အောင်ဆန်းစုကြည်မှာတော့ အခုချိန် ကျနော်တို့ အရင်ကတော့ နည်းနည်းလေး တင်းမာတယ်လို့ ယူဆရတယ့် ပုဂ္ဂိုလ်များလည်းရှိတယ်လို့ ကျနော်တို့က ထင်တယ်ပေါ့။ အခုတိုင်းဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုံးဖြတ်ချက်က တိုင်းပြည်အကျိုး၊ ပြည်သူလူထုအကျိုးအတွက်ဆိုရင် သူဘာကိုမ ှမငဲ့ညာဘဲနှင့် ဘယ်သူ့ကိုမှ မထောက်ထားဘဲနှင့် သူ့ပါတီကိုကော တခြားဟာတွေကိုကော မထောက်ထားဘဲနှင့် သူဆုံးဖြတ်နိုင်တယ်ဆိုတာ ကျနော်တို့က တဖြည်းဖြည်း မြင်လာရတယ်ပေါ့။ အဲ့ဒီတော့ ဒီဘက်နိုင်ငံရေးမှာ ဘယ်လိုရိုက်ခက်နိုင်လဲဆိုတော့ ပြည်တွင်းနိုင်ငံရေးကတော့ ကျနော်တို့ ဒီအတိုင်း ဆိုလို့ရှိရင်တော့ အကောင်းဘက်ကိုသွားနေတယ်ပေါ့။ အစိုးရထဲမှာရှိတယ့် အစိတ်ပိုင်းတခု ဝန်ကြီးဌာနတခုရဲ့ ပူးပေါင်းဆောင်ရွက်မှု ဘယ်လောက်ရှိနိုင်သလဲဆိုတဲ့ အပေါ်မှာတော့ တချို့ဟာလေးတွေ စကားပြောလိမ့်မယ် ထင်တယ်ခင်ဗျာ့။

ဦးကျော်ဇံသာ ။ ။ ဆရာဦးအောင်မြင့် ဆရာကျော်မင်းဆွေပြောသည့် အထဲမှာတော့ ပြန်ကြားရေးဌာနရဲ့ ဒီခရီးစဉ်အပေါ်မှာ အားတက်သရော်မရှိတဲ့ကိစ္စကို ဆရာပြောပါတယ်။ ကျနော် အချက်နှစ်ချက်ကို ကျနော် ဒီမှာ မေးချင်ပါတယ်။ သမ္မတဦးသိန်းစိန်ရဲ့ ဘန်ကောက်ကိုသွားမယ့်ခရီးစဉ် WEF ကိစ္စမှာ ဖြတ်သိမ်းခဲ့ရတာနှင့် ပတ်သက်ပြီးတော့ တချို့က ခန့်မှန်းသုံးသပ်ချက်တွေရှိတယ်။ ဒေါ်အောင်ဆန်းစုကြည် ကို Co-staring Role တခါ တခါ၊ တန်းတူ ဒါမကပါဘူး Co-staring သူ့ထက်တောင်မှ ပိုကျော်လွှားနေတယ့်အဖြစ်ကို ရေးက လက်မခံနိုင်လို့ဆိုတဲ့ သုံးသပ်ချက်တွေ ရှိပါတယ်။ အဲ့ဒီကိစ္စနှင့် ပတ်သက်ပြီးတော့လည်း သုံးသပ်ပါဦးဆရာ။

ဦးစည်သူအောင်မြင့် ။ ။ ကျနော့် တဦးချင်းအမြင်အရ ပြောမယ်နော်။ ကျနော့်တဦးချင်း အမြင်အရဆိုရင် ကျနော် သတင်းဌာနက သတင်းတွေကို နားထောင်တယ်၊ ဖတ်တယ်၊ ကြည့်တယ်။ ကြည့်တယ့်အခါကြတော့ ဒီအစိုးရကလည်း သူ့ရဲ့လူတွေနားထောင်လို့ကောင်းအောင် နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု မပျက်အောင် နောက်နိုင်ငံရေး အနေထားလေးတွေ ကောင်းအောင်ဆိုပြီးတော့မှ အဆင်ပြေအောင် ဒါသူတို့ သတင်းထုတ်ပြန်တာတွေတော့ လုပ်တယ်။ ဒါပေမယ့် ကျနော့် တဦးချင်းအမြင်မှာတော့ အခုနက ဦးကျော်ဇံသာ ပြောသလိုပဲ ကျနော်မြင်တယ်။ သမ္မတကြီး အဲ့ဒီခရီးစဉ်ဖြတ်ရတယ့်ကိစ္စဟာ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော် လေ့လာမိခဲ့သလောက် ဒီတပ်မတော်ကို အစိုးရပေါ့ တပ်မတော် အစိုးရကနေပြီတော့ အခု အရပ်သားအစိုးရဖြစ်တယ်။ ဒါပေမယ့် ဒါတွေ အကုန်လုံးကလည်း တပ်မတော်ခေါင်းဆောင်ဟောင်းတွေကြီးဘဲ။ သူတို့တွေရဲ့ စဉ်စားပုံ စဉ်စားနည်း၊ လုပ်ပုံကိုင်ပုံနည်းတွေ အကုန်လုံးက ဒီလိုပဲ စဉ်စားတွေးခေါ်လိမ့်လို ကျနော်ထင်တယ်။ အဲ့ဒီတော့ အခုနတုန်းက မေးခွန်းဖြေရရင် အဲ့ဒီအတိုင်းဖြစ်ခဲ့တယ်လို့တော့ ကျနော်နားလည်တယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခါ Rule of laws မြန်မာနိုင်ငံမှာ ပြသနာအားလုံးဟာ တရားဥပဒေစိုးမိုးမှုခြင်းပဲ ဖြစ်ရတယ်ဆိုပြီးတော့ ပြောတဲ့အချက်တွေရှိတယ်။ အဲဒီဟာတွေကော အာဏာပိုင်အဖွဲ့အစည်းထဲက တချို့အစိတ်အပိုင်းတွေကိုများ ခံပြင်းစရာ ဖြစ်စေမလားဆရာ။

ဦးကျော်မင်းဆွေ ။ ။ တစိတ်တပိုင်းတော့ တချို့ကတော့ပေါ့ ကျနော်တို့ ဒီမှာ ၄၇ နှစ်လောက် အာဏာပိုင်စနစ်၊ အာဏာရှင်စနစ်နှင့် သွားခဲ့တယ့်အခါကြတော့ တကယ်တမ်း ယေဘုယျအားဖြင့် ပြောမယ်ဆိုလို့ ရှိရင်တော့ Rule of laws ဆိုတာ ဒါအချုပ်ပဲ။ ဒါတကယ်တမ်း အားလုံးက ဒီကိစ္စက ချုပ်ကြည့်မယ်ဆိုရင် ဒီဟာက သွားပြီးတော့ ဘယ်အရာမဆို အခု တိုင်းပြည်မှာ ဖြစ်နေတာက ဒါပဲလေ။ အဲ့ဒီတော့ ဒါအမှန်တရားပေါ့။ ဆိုတော့ အမှန်တရားကို အမှန်တရားအတိုင်း လက်ခံနိုင်ဖို့တော့ လိုတာပေါ့။ အဲ့ဒီတော့ လိုတဲ့အခါမှာလည်း အခုနက ပြောသလို နိုင်ငံရေးမှာတော့ တခါတလေ အလျှော့အတင်း အပေးအယူ အလျှော့အတင်းတွေ လုပ်ရတာတော့ရှိပါတယ်။ နောက်တဖက်နဲ့တဖက် Political Tolerance လို့ပြောတဲ့ နိုင်ငံရေးအရ သည်းခံခွင့်လွှတ်တာတွေ ဒါတွေတော့ ရှိပါတယ်ခင်ဗျာ့။ အဲ့ဒီတော့ အစိုးအဖွဲ့မှာကော အတိုက်ခံလို့ပြောတဲ့ နိုင်ငံရေးအင်အားစုတွေမှာကော ဒီဟာတွေကတော့ ကျနော်ထင်တယ် Comment တွေထွက်တယ်။ ဒီ Prominent ဖြစ်တဲ့ ဒီဟာတွေ ဒီခေါင်းဆောင်တွေရဲ့ ထွက်လာတဲ့ စကားပေါ်မှာ ခံစားပြီးတော့ ဘာသာပြန်တာတွေလည်း ရှိချင်ရှိမယ်။ သဘောပေါက်တဲ့ လူတွေလည်း ရှိချင်ရှိမယ်ခင်ဗျာ့။ ဒါကတော့ သဘာဝလို့ ထင်ပါတယ်။ ဒါပေမယ့် ထိပ်ပိုင်းမှာရှိတယ့် Player အချင်းချင်း နားလည်ဖို့ကတော့ ပိုအရေးကြီးတယ်လို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီ နားလည်မှုဆိုတဲ့ ကျနော် နောက်ဆုံးတခုမေးချင်တာက ဒီနေ့ သမ္မတဦးသိန်းစိန်က မိန့်ခွန်းပြောပါတယ် နိုင်ငံတော်ရဲ့ အခြေအနေ။ အဲဒီမှာ စီပွားရေး ရင်းနှီးမြုပ်နှံမှုတွေအတွက် ပြည်ပကလူတွေ ဖိတ်ခေါ်တာ ဘယ်လိုစနစ်တကျဖြစ်အောင်လုပ်ဖို့၊ ပြည်ပရောက်နေတဲ့ နိုင်ငံသားတွေပြန်လာဖို့က အစပြောတယ်။ ဒီမိန့်ခွန်းဟာ ဒေါ်အောင်ဆန်းစုကြည် ပြည်ပမှာ မြန်မာနိုင်ငံရဲ့ ရုပ်ပုံကို ပိုပြီးကောင်းအောင်ချယ်သနေတဲ့ အချိန်နှင့် အချိန်ကိုက် တမင်တကာ လုပ်လာတာလား၊ တိုက်ဆိုင်မှုလား တမင်တကာ ပိုပြီးကောင်းထက်ကောင်းအောင် လုပ်ပေးတဲ့သဘောလား။ ဆရာ အဲဒီနှစ်ခုကို နှိုင်းယှဉ်ပြီး သုံးသပ်လို့ရမလားဆရာ။ ဆရာဦးအောင်မြင့်။

ဦးစည်သူအောင်မြင့် ။ ။ အဲ့ဒီဟာကတော့ ကျနော်နားလည်တာကတော့ အချိန်ကိုက်လည်း ဖြစ်ကောင်ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် သူလုပ်စရာရှိတာတေ ွလုပ်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သူက အဆင့်တွေ ခွဲပြီးတော့မှ သေသေချာချာ လုပ်နေတာကိုလည်း ကျနော်တို့တွေ့နေရတယ်။ အဲ့ဒီတော့ အဲ့အတိုင်းကိုပဲ ကျနော်နားလည်ပါတယ်။ သိပ်အထွေအထူးတော့ မှတ်ချက်ပေးဖို့တော့ မရှိပါဘူး။

ဦးကျော်ဇံသာ ။ ။ ဆရာကျော်မင်းဆွေကော မှတ်ချက်ပေးချင်ပါသလား အဲဒီကိစ္စကို။

ဦးကျော်မင်းဆွေ ။ ။ ကျနော် အခုနက ကိုအောင်မြင့်ပြောတဲ့ သဘောနှင့် ကျနော် သိပ်ပြီးမကွာပါဘူး ခင်ဗျာ့။ နောက်ပြီးတော့ ပြောတာ ဒီလုပ်ရိုးလုပ်စဉ်အတိုင်း မကြာခင် လွှတ်တော်ကလည်း လာမည့် ဇူလိုင်လ ၄ ရက်မှာ စမယ်ခင်ဗျာ့။ အဲ့ဒီတော့ တဖက်ကလည်း အစိုးရအဖွဲ့အနေနှင့် ကြိုတင်ပြင်ဆင်တဲ့အနေနှင့် သမ္မတဟာ နိုင်ငံတော်အခြေပြု မိန့်ခွန်းတခုပြောတာမျိုးပေါ့။ တဖက်ကလည်း သွားတဲ့အချိန်မှာ နိုင်ငံကို ကျနော်တို့ ဟိုဖက်က ဒေါ်အောင်ဆန်းစုကြည် ပြည်ပကို သွားနေရတဲ့အချိန်မှာ အချိန်ကိုက်လုပ်တယ်၊ ပြုတယ် ဆိုပေမယ့်လည်း ကျနော်ကတော့ ဘာပဲပြောပြော Positive လို့ဘဲ ယူဆပါတယ်။

XS
SM
MD
LG