ဒီတပတ် မြန်မာ့အရေး မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ ရှစ်ဆယ့်ရှစ် (၈၈) အရေးတော်ပုံကြီး စတင်ဖြစ်ပွားခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ကျောင်းသားလှုပ်ရှားမှုသမိုင်းဟာ အဆစ်အချိုး အပြောင်းအလဲတခုမှာ ရောက်နေပြီလို့ ဆိုနိုင်ပါပြီလား။ ကျောင်းသူကျောင်းသားတွေအနေနဲ့ ငြိမ်းချမ်းလွတ်လပ် ပျော်ရွှင်စွာနဲ့ စာသင်ကျောင်းတွေထဲမှာ ပညာဆက်လက်သင်ကြားနိုင်တဲ့ အခြေအနေကို ရောက်ပါပြီလား။ မှိုင်းရာပြည့်အရေးတော်ပုံ မျိုးဆက်နဲ့ ၈၈ မျိုးဆက်လှုပ်ရှားသူတွေဖြစ်ကြတဲ့ ဦးအောင်စောဦး နဲ့ ဦးမိုးသီးဇွန် တို့ကို ဦးကျော်ဇံသာ ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။
ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံမှာ လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလ၊ ၁၉၂၀ ပြည့်လောက်ကတည်းက ကျောင်းသားတွေဟာ ငြိမ်းချမ်းစွာ စာသင်ခန်းထဲမှာ ပညာဆည်းပူးခဲ့ရတယ်ဆိုတာထက် သူတို့ဟာ တိုင်းပြည်အတွက် အရေးကြီးတဲ့ နိုင်ငံရေးတိုက်ပွဲတွေမှာ ပါဝင်ပြီးတော့ ဆင်နွှဲခဲ့ကြတယ်။ အသက်တွေစတေးခဲ့ကြတယ်။ ဘဝဆုံးခဲ့ကြရတယ်။ နည်းမျိုးစုံနဲ့ သွေးမြေကျခဲ့ရတယ်။ ဆိုတော့ ဒီကနေ မြန်မာနိုင်ငံအခြေအနေကို ကြည့်မယ်ဆိုရင် အစိုးရက ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို အမှန်တကယ် လိုလားပါတယ်ဆိုပြီး လုပ်နေတယ်။ အတိုက်အခံခေါင်းဆောင်ကို ပါလီမန်မှာ တရားဝင်လက်ခံတယ်။ လွှတ်တော်ရေးရာကော်မတီတွေမှာ အကြီးအကဲရာထူးတွေပေးတယ်။ နောက်တခါ ၈၈ နှစ်ပတ်လည်နေ့အတွက် မြန်မာနိုင်ငံအစိုးရရဲ့ ဝန်ကြီးတွေကလာပြီးတော့ ရန်ပုံငွေ လျှူဒါန်းတယ်။ ရန်ပုံငွေ ပမာဏမများလှသော်လည်း ဒီဖြစ်ရပ်၊ ဒီကျောင်းသွားတွေရဲ့ လှုပ်ရှားမှုကို သူတို့ အသိအမှတ်ပြုတယ်ဆိုတဲ့သဘောတွေ တွေ့လာရပါတယ်။ ဆိုတော့ ကျောင်းသားလှုပ်ရှားမှုဟာ သမိုင်းအဆစ်အချိုးတကွေ့ ပြောင်းလဲခဲ့ပြီလို့ ဆိုနိုင်ပြီလားလို့ ဆွေးနွေးလိုချင် ဖြစ်ပါတယ်။ ဒီကနေ့ ဆွေးနွေးမယ့် ပုဂ္ဂိုလ်နှစ်ဦးက ဦးအောင်စောဦး နဲ့ ကိုမိုးသီးဇွန် ဖြစ်ပါတယ်။ ဦးအောင်စောဦးဆိုရင် မှိုင်းရာပြည့်တုန်းက ဦးဆောင်ပါဝင်လှုပ်ရှားခဲ့တယ်။ ကိုမိုးသီးဇွန် က ရှစ်ဆယ့်ရှစ် ဆိုတော့ အခုခေတ် လူငယ်တွေ၊ ကျောင်းသားလေးတွေအနေနဲ့ ကြည့်ရင်တော့ မျိုးဆက်ဟောင်းကျောင်းသားဟောင်းကြီးတွေ ဖြစ်ကုန်ကြပါပြီ။ ဆိုတော့ ဝါစဉ်အလိုက် ပြောကြတာပေါ့။ ဦးအောင်စောဦး ဘယ်လိုမြင်ပါသလဲ။ မြန်မာနိုင်ငံ ကျောင်းသားလှုပ်ရှားမှုဟာ အခုအခါမှာ သမိုင်းတဆစ်ချိုးတကွေ့ကို ရောက်ရှိနေပြီလို့ ဆိုနိုင်ပါသလားခင်များ။
ဦးအောင်စောဦး ။ ။ အဆင့်လိုသေးတယ်လို့ ထင်ပါတယ်။ တဆစ်မချိုးသေးပါဘူး။ အချိန်မရွေး ပြုတ်ကျသွားနိုင်မယ့် အဆင့်မှာ ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျောင်းသားလှုပ်ရှားမှုသမိုင်းနေ့ကို ပြန်လှန်ရင် လွန်ခဲ့တဲ့ အနှစ် (၅၀) 7 July မှာ ကျောင်းသားရာကျော် သတ်ခဲ့တဲ့ကိစ္စ အခုထိ မရှင်းသေးဘူး။ နောက်တခါ ရှစ်ဆယ့်ရှစ်မှာ ကိုဖုန်းမော်၊ ကိုစိုးနိုင် တို့ ကျသွားတုန်းက စုံစမ်းရေးကော်မရှင်အစီရင်ခံစာတွေ အကုန်လုံးက အမှားတွေဖြစ်နေတယ်။ ဒီတော့ ဒီပြဿနာတွေကို တာဝန်ရှိတဲ့လူတွေက တာဝန်ရှိမှုအရ တာဝန်ခံပြီးပြီဆိုမှ ကျန်တဲ့ကိစ္စတွေက ရှင်းပါလိမ့်မယ်။ ဥပမာ 7 July ကိစ္စမှာ တာဝန်ရှိတဲ့လူတွေ စုံစမ်းရေးကော်မရှင် ဖွဲ့ဖို့လိုတယ်။ ဒီနေ့ အသက်ထင်ရှားရှိတဲ့လူဆိုရင် ဗိုလ်အောင်ကြီး နဲ့ ဗိုလ်စောမြိုင် နှစ်ယောက်လောက်ပဲ ကျန်ပါတယ်။ အဲဒီတုန်းက ဗိုလ်အောင်ကြီး နဲ့ ဗိုလ်နေဝင်း က သမဂ္ဂအဆောက်အဦး ဖြိုတဲ့ကိစ္စကို သူလိုလို ကိုယ်လိုလို လွှဲနေပေမယ့် ကျောင်းသားရာကျော်ကိစ္စမှာတော့ ဘယ်သူသတ်ခဲ့တယ်ဆိုတဲ့ကိစ္စတွေ ဒီနေ့အထိ မဖော်ထုတ်သေးဘူး။ အဲဒီကိစ္စကို အရင်ဆုံး ရှင်းရအုန်းမှာဖြစ်တယ်။ နောက်တချက် ရှစ်လေးလုံး ရောက်သွားတဲ့အခါကြတော့ ဗိုလ်နေဝင်း က သူနန်းဆင်းခံနီးမှာ စကားတခွန်ပြောသွားတဲ့ ပြီးခဲ့တဲ့ မတ်လနဲ့ ဇွန်လမှာ ဖြစ်ပျက်ခဲ့တဲ့ သွေးထွက်သံယိုးအရေးအခင်းတွေမှာ ကျနော်ဟာ သွယ်ဝှိက်တဲ့နည်းနဲ့ တာဝန်ရှိပါတယ်လို့ ပြောခဲ့တယ်။ အဲဒီလိုဆိုရင် ရှစ်ဆယ့်ရှစ် အရေးအခင်းကာလကြီးတလျှောက်လုံး သတ်ခဲ့ဖြတ်ခဲ့တဲ့ ကိစ္စတွေမှာ ဘယ်သူတွေမှာ တိုက်ရိုက်တာဝန်ရှိနေသေးသလဲဆိုတဲ့ ကိစ္စတွေကို အရင်ရှင်းပြီးမှ ကျောင်းသားတွေရဲ့ တိုက်ပွဲဟာတဆစ်ချိုး ပြောင်းတယ်လို့ ကျနော်တို့ ပြောလို့ရပါလိမ့်မယ်။
ဦးကျော်ဇံသာ ။ ။ ဦးမိုးသီးအနေနဲ့ ဘယ်လိုသဘောရပါသလဲ။ ဦးအောင်စောဦး ကတော့ သမိုင်းမှာ ဖြေရှင်းစရာတွေ အများကြီး ကျန်နေသေးတယ်။ ဒါကြောင့် သမိုင်းတဆစ်ချိုးတဲ့ ကျောင်းသားလှုပ်ရှားမှုသမိုင်းလို့ မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။ ကိုမိုးသီးရဲ့ သဘောထားကိုလည်း သိပါရစေ။
ဦးမိုးသီးဇွန် ။ ။ ကျနော့်ရဲ့အမြင်ကတော့ နှစ်ပိုင်းရှိပါတယ်။ ၈၈ ကြီးနောက်ပိုင်းမှာ ဒီအစိုးရက အပြောင်းအလဲတွေကို ဟန်ဆောင်ပန်ဆောင်နဲ့ လုပ်လာခဲ့ကြတယ်လို့ ကျနော်တို့ ပြောခဲ့ကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာပြည်ဟာ ဒီအတိုင်းသွားလိုတော့ မရတော့ဘူး။ အပြောင်းအလဲကို လုပ်ရတော့မှာကို ဒီနေ့ ဦးသိန်းစိန် အစိုးရက လက်ခံလာတယ်လို့ ကျနော့်အနေနဲ့ မြင်ပါတယ်။ အဲဒီတော့ အခုန ကိုအောင်စောဦး ထောက်ပြသလိုပဲ တချိန်မှာ ကျူးလွန်ခဲ့တဲ့ အမှားတွေကလည်း ရှိပါတယ်။ ဒါပေမဲ့ ဒီနေ့အချိန်အခါကာလမှာ တကယ့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို သွားရမယ့်ကာလတခုဖြစ်တယ်။ အဲဒီအတွက် တပိုင်းမှာပဲ ဦးသိန်းစိန်အစိုးရက အပြောင်းအလဲတွေကို ပြောင်းလဲရမယ်ဆိုတဲ့ လက်ခံလာတဲ့ အရိပ်အရောင်တွေ တွေ့ရတယ်။ ကြိုးပမ်းမှုတွေကို လုပ်ဆောင်လာတာတွေကို တွေ့ရတယ်။ တပိုင်းမှာလည်း အခက်အခဲတွေက ရှိနိုင်ပါတယ်။ ပြောင်းလဲချင်တဲ့လူနဲ့ မပြောင်းလဲချင်တဲ့အင်အားစုတွေရဲ့ အားပြိုင်မှုကလည်း သူတို့ထဲမှာလည်း ရှိလိမ့်မယ်။ ဒါပေမဲ့ ကျနော်တို့က ဘယ်လိုပဲဖြစ်ဖြစ် ပြောင်းလဲချင်တဲ့လူကို အစိုးရအဖွဲ့ထဲမှာ တယောက်ပဲဖြစ်ဖြစ်၊ တဖွဲ့လုံးပဲဖြစ်ဖြစ် လက်ကမ်းကြိဆိုရမှာပဲဖြစ်တယ်။ ဒီနေ့ ရှစ်လေးလုံး နှစ်ပတ်လည် (၂၄) နှစ်မြောက်မှာ ဦးသိန်းစိန်အစိုးရက ကျောင်းသားတွေကို မန္တလေးမှာ လုပ်ဆောင်ခွင့်ပြုလာတာ။ နောက်တခု အလှူငွေ ရန်ပုံငွေ သွားပေးတယ့်ပုံစံမျိုး လုပ်လာတဲ့ဟာတွေက ဒါကိုကြည့်ချင်အားဖြင့် ပြောင်းလဲမှုကို လက်ခံလာတယ်ဆိုတာကိုပြတယ်။ တပိုင်းမှာလည်း ဒါကဘာကိုပြလဲဆိုရင် ကျနော်တို့ ရှစ်လေးလုံး လှုပ်ရှားမှုရဲ့ အဓိက တောင်းဆိုချက်တွေ - ဘာတွေတောင်းဆိုခဲ့သလဲ။ လွတ်လပ်မှု တောင်းဆိုခဲ့တယ်။ တရားမျှတမှု နဲ့ ဖွံ့ဖြိုးမှုတွေ တောင်းဆိုခဲ့တယ်။ အဲဒီ တောင်းဆိုချက်တွေကို ဦးသိန်းစိန် အစိုးရက အသိအမှတ်ပြုလာပြီလို့ ကျနော့်အနေနဲ့ မှတ်ယူပါတယ်။ အကောင်းဖက်ကမြင်တယ်။ ကြိုဆိုတယ်။
ဦးကျော်ဇံသာ ။ ။ ကိုအောင်စောဦး က truth ကိုပြောတယ်။ ကိုမိုးသီး က reconciliation ကို ပြောတယ်။ Truth and Reconciliation တပြိုင်နက်ထဲ မဖြစ်နိုင်ဘူးလား။ အဲဒီတော့ ကိုအောင်စောဦး က ပြန်မေးချင်ပါတယ်။ အမှန်တရားကို ဖော်ထုတ်ဖို့ လိုသေးတယ်။ ဒါပေမဲ့ ကိုမိုးသီး ပြောသလို ပြန်လည်သင့်မြတ်ရေးအလားအလာတော့ မြင်နေရပြီဆိုတော့။ အဲဒါ ဘယ်ဟာကို ဦးစားပေးမလဲ။ အမှန်တရား ပြန်လည်ဖော်ထုတ်ဖို့အရေးဟာ ပိုပြီးအရေးကြီးနေသလား။ ကိုအောင်စောဦး ပြောတဲ့သဘောအရဆိုရင် ပြန်လည်သင့်မြတ်ရေးအတွက်။
ဦးအောင်စောဦး ။ ။ ကျနော် အမျိုးသားပြန်လည်သင့်မြတ်ရေးကို လက်ခံတယ်။ ဒီနေရာမှာ သဲကုန် အရှင်ဉာဏိဿရ ပြီးခဲ့တဲ့ ၂၀၁၀ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ လာမယ့် ၂၀၁၁ နှစ်ဆန်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြောသွားတဲ့အပိုင်း (၃) ပိုင်း ရှိပါတယ်။ ပြုတဲ့လူနဲ့ ခံရတဲ့လူဖက်က - ပြုတဲ့လူကလည်း တစ်အချက် သူတဲ့ပြုခဲ့တာတွေက မှားတဲ့အကြောင်း ဝန်ခံရမယ်။ နှစ်အချက် တောင်ပန်ရမယ်။ ပြီးရင် နောက်ထပ် ဒါမျိုး ထပ်မဖြစ်ပါဘူးလို့ ကတိပေးရမယ်။ အပြုခံရတဲ့လူဖက်ကလည်း သည်းခံနိုင်ရမယ်။ ခွင့်လွတ်နိုင်ရမယ်။ သူတို့ကို ဒီလို ပြစ်မှုကျူးလွန်တာတွေကို ထပ်ခါတလဲလဲ ပြောနေဖို့ မလိုဘူး။ ပြီးတော့ သူတို့အပေါ်မှာလည်း လက်စားချေဖို့ မလိုဘူး။ အဲဒါဆိုရင်တော့ တကယ့် စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ရမယ်လို့ ကျနော်ပြောချင်ပါတယ်။ ဒါပေမဲ့ ဒီကနေ့ အဓိကကျတယ့် ၂၀၀၈ ဖွဲ့စည်းပုံထဲမှာ ပုဒ်မ ၄၄၅ မှာ နဝတ၊ နအဖ လက်ထက်တုန်းက ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ကိစ္စတွေဟာ တာဝန်အရလုပ်ရတာ ဖြစ်တဲ့အတွက် သူတို့ကို လုံးဝအရေးယူလို့ မရပါဘူးဆိုရင် နောင်ခေတ်အဆက်ဆက်မှာလည်း အဲဒီလို ကျောင်းသားတွေ၊ ရဟန်းရှင်၊ ပြည်သူတွေကို သတ်တာဟာ တရားတယ်ဆိုတဲ့ logic ကြီးဟာ ထာဝရတည်သွားမှာဆိုလို့ ကျနော် ပြောနေတာဖြစ်ပါတယ်။ ကျနော် Hammurabi ဥပဒေအရ ငါ့ကိုသတ်လို့ ငါပြန်သတ်မယ်ဆိုတဲ့ သဘောမျိုးပြောတာ မဟုတ်ဘူး။ အမှားကို ဝန်ခံရဲရမယ်။ အမှားကို မြင်ခွင့်ပြင်ခွင့် ကျနော်တို့ ပေးရမှာဖြစ်တယ်။
ဦးကျော်ဇံသာ ။ ။ ကိုမိုးသီးရဲ့ သဘောထားကိုလည်း သိချင်ပါတယ်။ ဒီကိစ္စမှာ သူတို့ဖက်က အမှားကို ဝန်ခံရမယ်။ နောက်မဖြစ်ရအောင်။
ဦးမိုးသီးဇွန် ။ ။ ကိုအောင်စောဦး ပြောတာကို ထောက်ခံတယ်။ ဒါပေမဲ့ နိုင်ငံရေးအပြောင်းအလဲ လုပ်နေရတဲ့အခါကြတော့ reconciliation ကို အရင်ဆုံး သွားကြရတာပဲ။ ဒီ process တွေအရ တယောက်နဲ့တယောက် reconciliation လုပ်တဲ့အခါမှာ trust ရလာတဲ့အခါမှာ အခုနက အမှားကိုဝန်ခံဖို့ဆိုတာက ဒါဟာ အခြေခံဥပဒေအရ၊ နိုင်ငံရေးအရ ပါလီမန် ဆုံးဖြတ်ချက်နဲ့ လုပ်ရမယ့်အရာလို့ မြင်တယ်။ ဒါဘာဖြစ်လို့လည်းဆိုတော့ ကောင်းမှုတွေကို အနာဂတ် future မှာ လူသားတွေအတွက် ပေးနိုင်မယ့်အမွေပါ။ အဲဒီအတွက်ကြောင့် မကောင်းမှုကျူးလွန်ခဲ့တဲ့ လူတွေဟာ မကောင်းမှုဆိုတာကို ဝန်ခံရမှာပဲ။ အဲဒါကိုလည်း ကျနော်တို့ တရားဥပဒေအရ လုပ်ရမှာပဲ။ Officially ပေါ့။ ဥပမာ တောင်အာဖရိကမှာ peace and reconciliation လုပ်တယ်။ မှားသွားတဲ့ဟာတွေ၊ မှားတွေလူတွေက အခုနက ဝန်ခံရတာတွေရှိတယ်။ အဲဒီတော့ တဖတ်က ခံခဲ့ရတဲ့လူတွေကလည်း ခွင့်လွတ်ရတာရှိတယ်။ ဒါဟာကို ကောင်းမှုလို့ခေါ်ပါတယ်။ ဒီကောင်းမှုကို အနာဂတ်ကို ပေးချင်ပါတယ်။ အဲဒီလို မဟုတ်ဘဲနဲ့ လက်စားချေမှုကို မပေးချင်ပါဘူး။
ဦးကျော်ဇံသာ ။ ။ ကျနော် တခုမေးချင်တာက ကိုမိုးသီး။ ကျနော်တို့ အရှေ့ကိုပဲကြည့်မယ်။ ဒီကိစ္စတွေကို စောစောကပြောသလိုပဲ ဖြေရှင်းရမယ်၊ ဖော်ထုတ်ရမယ်၊ ဝန်ခံရမယ်။ ခွင့်လွတ်သူကလည်း ခွင့်လွတ်ရမယ်။ အရှေ့ကို ကျနော်တို့ကြည့်မယ်ဆိုရင် ကျောင်းသားတွေ ငြိမ်းချမ်းစွာ ပညာသင်နိုင်ဖို့ ဒီလို တိုင်းပြည်ရဲ့ နိုင်ငံရေးတွေမှာ အနစ်နာခံ၊ အသေခံ၊ သွေးထွက်သံယိုဖြစ်ခံရတဲ့ ဘဝမျိုး မကျရောက်စေဖို့ ကျနော်တို့ အဓိက ဘာတွေလိုအပ်တယ် ထင်ပါသလဲ။
ဦးမိုးသီးဇွန် ။ ။ အဓိကကတော့ လွတ်လပ်မှု၊ တရားမျှတမှု၊ ဖွံ့ဖြိုးမှုတွေပေါ့။ အခု ဗမာပြည်မှာ လွတ်လပ်မှု၊ တရားမျှတမှုတွေကို ပြောင်းလဲနေပြီလို့ ပြောတယ်။ ၂၄ နှစ်ကြာသွားတဲ့အခါကြတော့ အရင်ကထက် ပိုဆိုးပါတယ်။ လွတ်လပ်မှုကလည်း တော်တော်လေးကို ဆိတ်သုဉ်သွားတယ်။ ဘာမှမရှိတော့ဘူး။ တရားမျှတမှု၊ ဖွံ့ဖြိုးမှု။ လူတွေမှာ စီးပွားရေးပြဿနာတွေလည်း ရင်ဆိုင်နေရတော့ အဲဒီ ပြဿနာတွေကို အရင်ဆုံး ဖြေရှင်းဖို့ လိုပါတယ်။ အဲဒီတော့ ကျနော်တို့အားလုံး တောင်းဆိုနေတာက အကုန်လုံး လက်စားချေဖို့ တောင်းဆိုတာ မဟုတ်ဘူး။ အာဏာကို စွန့်လွှတ်ဖို့ တောင်းဆိုနေတာ မဟုတ်ဘူး။ အပြောင်းအလဲကိုလုပ်ဖို့ တောင်းဆိုနေတာ။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပါလီမန်ထဲကို သွားတယ်ဆိုတာကလည်း ၁၉၉၀ မှာ အများစုကို နိုင်ခဲ့တာတောင် အဲဒါကို စွန့်လွှတ်ပြီးတော့ အပြောင်းအလဲကို change ကို အဓိကလုပ်ဖို့ တိုက်တွန်းတယ်လို့ ကျနော့်အနေနဲ့ နားလည်းပါတယ်။ ဒါကြောင့်မို့ အခုလောလောဆယ်မှာ အဓိကလိုအပ်နေတာ အပြောင်းအလဲပါ။ ဒီအပြောင်းအလဲအတွက် လွတ်လပ်မှု လိုပါတယ်။ တရားမျှတမှုတွေ လိုပါတယ်။ ဖွံ့ဖြိုးမှုတွေ လိုပါတယ်။ ကျနော် ဥပမာတခုအနေနဲ့ ထောက်ပြပါမယ်။ ကျနော်တို့ ဗမာပြည် စီးပွားရေး ပြန်လည်မြှင့်တင်ဖို့အတွက်က မြေကြီးပဲရှိတော့တယ်။ ကျနော်တို့မှာ ပညာရေးလည်းမရှိဘူး။ နည်းပညာလည်း မရှိတော့ဘူး။ ပိုက်ဆံလည်း မရှိတော့ဘူး။ အရင်း capital လည်း မရှိဘူး။ အဲဒီအချိန်မှာ ကျနော်တို့ဆီမှာရှိတာ မြေကြီးပဲ။ ဗမာပြည်ရဲ့ ၉၉% က မြေမဲ့လက်မဲ့ ဖြစ်နေကြရတယ်။ အရင်းမဲ့တွေ ဖြစ်နေကြတယ်။ ၁% ကပဲ ဗမာပြည်ရဲ့ ဖွံ့ဖြိုးမှု၊ လွတ်လပ်မှု၊ တရားမျှတမှုတွေ ယူနေတယ်။ အဲဒီတော့ အဲဒီအနေအထားတွေကို ပြန်ပြီးတော့ ပြုပြင်ပြောင်းလဲမှုတွေ လိုပါတယ်။ အဲဒီအပေါ်မှာ ကျနော်တို့ နိုင်ငံရေးအရ နားလည်းမှုရှိလာပြီ၊ reconciliation လုပ်လာနိုင်ပြီဆိုရင် ကျနော်တို့ ဗမာပြည်ဟာ လေးငါးနှစ်အတွင်းမှာ လွတ်လပ်မှု၊ ဖွံ့ဖြိုးမှုတွေကို ခံစားရမယ်လို့ ကျနော်အနေနဲ့ မြင်ပါတယ်။ ဒါကြောင့်မို့ ဦးကျော်ဇံသာရဲ့ မေးခွန်းကို ပြန်ချုပ်ရမယ်ဆိုရင် အခုလောလောဆယ် အလိုအပ်ဆုံးကတော့ reconciliation လုပ်ရမယ်။ အဲဒီ reconciliation က ဘယ်အပေါ်မှာ အခြေခံရမလဲဆိုရင် လွတ်လပ်မှု၊ တရားမျှတမှု နဲ့ ဖွံ့ဖြိုးမှုတွေအပေါ်မှာ အခြေခံပါလို့ ကျနော်အနေနဲ့ တိုက်တွန်းပါတယ်။
ဦးကျော်ဇံသာ ။ ။ လွတ်လပ်မှု၊ တရားမျှတမှု၊ ဖွံ့ဖြိုးမှု တို့ဟာ အရှေ့ကိုဆက်သွားဖို့ တိုင်းပြည်မှာ အဓိက ကျနော် focus လုပ်ပြီး ပြောချင်တာက ကျောင်းသူကျောင်းသားတွေ စာသင်ခန်းကို မစွန့်ခွါဘဲနဲ့ ငြိမ်းချမ်းစွာ ပညာသင်ကြားနိုင်ဖို့အတွက် အရေးတကြီးတည်ဆောက်ဖို့လိုအပ်တဲ့ အခြေခံအချက်တွေအနေနဲ့ ကိုမိုးသီး က ထောက်ပြပါတယ်။ ကိုအောင်စောဦး က ဘာတွေအရေးကြီးတယ် ထင်ပါသလဲ။ အနာဂတ်မှာ ကျောင်းသားတွေ အရင်လို အဖြစ်ဆိုးမျိုး မကြုံရအောင်။
ဦးအောင်စောဦး ။ ။ အသီးတရာ အညှာတခုပေါ့။ အဓိကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်သေးသရွေ့တော့ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ ဒီ ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေဆိုတာက စစ်အာဏာရှင်စနစ် ခိုင်မြဲဖို့ကို ရေပက်မဝင် မပြောနဲ့၊ လေထွက်လေဝင် မရှိအောင်တောင် ပိတ်စို့ကားဆီးထားတာဖြစ်တယ်။ အဲဒါကို မပြုပြင်ဘူးဆိုရင်တော့ ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ အပေါ်ယံ ပြုပြင်ပြောင်းလဲတာတွေ ဖြစ်မှာ။ ဒီကနေ့ စောစောက ဦးကျော်ဇံသာ တို့ပြောတယ်။ ကျောင်းသားတွေရဲ့ လွတ်လပ်စွာ ပညာသင်ကြားခွင့်။ အခု ၉၆၊ ၂၀၀၇ လောက်က ကျောင်းထုတ်ခံရတဲ့ ကျောင်းသားတွေ ပြန်ဝင်ခွင့်တောင်မှ မစဉ်းစားဘူး။ အဲဒီလိုဆိုရင် ကျနော်လည်း ၇၆ လွန်ခဲ့တဲ့ နှစ် ၄၀ လောက်ကတည်းက ပညာရေးပိတ်စို့ခံထားခဲ့ရတဲ့ ကျောင်းသားတယောက်။ ကျနော်နဲ့အတူ အများကြီး ရှိနေသေးတယ်။ ဒီဟာတွေ သူတို့ဘာပြောလဲ။ ဘာတခွန်းမှ မပြောဘူး။ မေ့လိုက်ပါတော့ကွာဆိုတဲ့ အပေါက်မျိုးချိုးလို့ကတော့ ကျနော်တို့က လက်မခံနိုင်ဘူး။ အဓိကပြောချင်တာက ၂၀၀၈ ကို ကျနော်တို့ အပြတ် လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပ တိုက်ပစ်ဖို့လိုတယ်လို့ ကျနော်က ချုပ်ပြောချင်တယ်။
ဦးကျော်ဇံသာ ။ ။ ကျနော် နောက်ဆုံးမေးချင်တဲ့ မေးခွန်းကတော့ ရန်ကုန်တက္ကသိုလ်ဝန်းထဲမှာ ကျောင်းသားသမဂ္ဂအဆောက်အအုံကြီး ကျနော်တို့ မမြင်လိုက်ရတဲ့။ ကျနော်တို့ ခေတ်မှာတောင် မရှိတော့ပါဘူး။ ကျနော်တို့ နောင်တော်များလက်ထက် ၆၂ မှာ ဖြိုခွဲဖျက်ဆီးခြင်း ခံခဲ့ရပါပြီ။ ဒေါက်တာမောင်မောင် ကတော့ ပျော်ပျော်ပါးပါးကြီး အုတ်မြစ်ချကြတာပေါ့လို့ ပြောခဲ့ပြီးတော့ အဲဒီဟာလည်း ပျောက်ကွယ်သွားခဲ့ပါပြီ။ အဲဒီ ပုဂ္ဂိုလ်လည်း မရှိတော့ပါဘူး။ နောက်မဝေးတော့ ကာလမှာ အဲဒီလို ဖြစ်လာနိုင်မယ်ဆိုတာကို လှမ်းမျှော်မြင်ယောင်မိပါလား။ ကိုမိုးသီး ဘယ်လောက်လောက်ဆို ဖြစ်လာနိုင်ပါသလဲ။ အခြေအနေအရပ်ရပ် ကောင်းလာပြီတော့။
ဦးမိုးသီးဇွန် ။ ။ အခြေအနေတွေအားလုံး အဆင်ပြေသွားမယ်ဆိုရင်တော့ ကျနော်တို့ ဒီအဆောက်အဦးကို ပြန်ပြီးတည်ဆောက်ဖို့ဆိုတာ မခဲယဉ်းပါဘူး။ ဒါပေမဲ့ အခုန ကိုအောင်စောဦး ထောက်ပြခဲ့သလို ကျနော်တို့ ကျောင်းသားသမဂ္ဂ အဆောက်အဦးကြီးဟာ အဆောက်အဦးတခုတည်းမဟုတ်ဘူး စိတ်ဓါတ်ပါရှိပါတယ်။ အဲဒီ စိတ်ဓါတ်ကို လက်ရှိ အစိုးရကိုယ်တိုင်က နားလည်းလာမယ်။ ခွင့်ပြုလာမယ်ဆိုရင် ဒီ အဆောက်အဦးကို မနက်ဖြန်ခါ ပြန်ပြီးဆောက်လို့ရပါတယ်။ အဓိကတော့ စိတ်ဓါတ်ပါပဲ။ ဒီ စိတ်ဓါတ် အားလုံးမှာရှိဖို့လိုတယ်။ ကျောင်းသားတွေ လက်ထဲမှာမဟုတ်ဘူး။ အစိုးရကိုယ်၌ စိတ်ဓါတ်ရှိဖို့ လိုပါတယ်။ စိတ်ဓါတ်ကို ရှင်သန်ဖို့ ခွင့်ပြုဖို့ လိုပါတယ်။
ဦးအောင်စောဦး ။ ။ သမဂ္ဂအဆောက်အဦးနဲ့ ပတ်သက်လို့ ကျနော်တို့ ရှစ်လေးလုံးပြီးစက ၆၂ မျိုးဆက်ကျောင်းသားတွေနဲ့ ကျနော်တို့ ၇၄-၇၆ မျိုးဆက်ကျောင်းသားတွေ ပါတီတွေစပေါ်စမှာ အလွတ်သဘော ဆွေးနွေးခဲ့ကြတာ ရှိပါတယ်။ အဲဒါက လာမယ့် ၈၈ မျိုးဆက်တွေကို လက်ဆင့်ကမ်းချင်တဲ့ ကျနော်တို့ မျိုးဆက်ကျောင်းသားဟောင်းတွေရဲ့ သဘောထားဖြစ်ပါတယ်။ အကြံပြုချက်ပေါ့။ တစ်အချက်က အခု အဖြိုချခံလိုက်ရတဲ့ ကျောင်းသားသမဂ္ဂအဆောက်အဦးနေရာမှာ တခြား ဘယ်အဆောက်အဦးကိုမှ ဆောက်ခွင့်မပေးဘူး။ နှစ်အချက် သမဂ္ဂအဆောက်အဦးကို မူလ blue print အတိုင်းပဲ အဲဒီနေရာမှာ ပြန်လည်တည်ဆောက်ဖို့။ တကယ်လို့ တည်ဆောက်ပြီးသွားရင် အဲဒီကျောင်းသားသမဂ္ဂကြီးကို စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးတိုက်ပွဲရဲ့ သမိုင်းပြတိုက်အဖြစ်ထားရှိဖို့။ နောင်အသစ်ပေါ်လာမယ့် ကျောင်းသားသမဂ္ဂအဆောက်အဦးကိုတော့ နောင်ပေါ်လာမယ့် ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တွေက ကြိုက်တဲ့နေရာမှာ ကြိုက်တဲ့ပုံစံနဲ့ တည်ဆောက်ဖို့။ အရေးကြီးဆုံး နောက်ဆုံးတချက်ကတော့ တကယ်လို့ ကျောင်းသားသမဂ္ဂအဆောက်အဦး တည်ဆောက်ပြီဆိုလို့ရှိရင် ဘယ်စစ်အာဏာရှင် တကောင်တမြီးရဲ့ လက်နဲ့မှ အုတ်မြစ်ချခွင့် မပေးဖို့ဆိုတာကို ကျနော်တို့ ၆၂၊ ၇၄-၇၆ ကျောင်းသားတွေရဲ့ အကြံပြုချက်သဘောထား ဖြစ်ပါတယ်။