အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ KIO/KIA ကိုယ်စားလှယ်အဖွဲ့တို့ဟာ ဖေဖေါ်ဝါရီလ (၄) ရက်နေ့က ရွှေလီမြို့မှာ ဆွေးနွေးပွဲ ကျင်းပခဲ့ကြပေမယ့် စစ်ပွဲရပ်စဲတဲ့အဆင့်ကို မရောက်သေးတာ တွေ့ရပါတယ်။ စစ်ပွဲစောင့်ကြည့်ဖို့၊ စစ်အရှိန်ကျဆင်းဖို့နဲ့ ဆက်လက်ဆွေးနွေးဖို့အတွက် ဂတိပြုကြတဲ့ အစည်းအဝေး ဖြစ်ပါတယ်။ အစိုးရက ဆွေးနွေးဖြေရှင်းဖို့ ကြိုးပမ်းနေပေမယ့် အာဏာရပြည်ခိုင်ဖြိုးပါတီနဲ့ စစ်တပ်ရဲ့ လွှတ်တော်ကိုယ်စားလှယ်အချို့ကတော့ စစ်အင်အားသုံးပြီး နှိမ်နင်းဖို့သာ လိုလားကြပါတယ်။ ကချင်ပြည်နယ်မှာ သယံဇာတ ထုတ်ယူနေတဲ့ အခွင့်ထူးခံ အရင်းရှင် ဦးတေဇကလည်း ထိုးစစ်ဆင်နေတဲ့ အစိုးရတပ်အတွက် နှစ်ဆန်းပိုင်းက ကျပ်သန်း (၇၀) လှူဒါန်းသွားပါတယ်။ ကချင်ပြည်နယ်စစ်ပွဲဟာ နယ်မြေလုပွဲလို ဖြစ်နေပါတယ်။
KIO/KIA မပေါ်ခင်ကတည်းက မြစ်ကြီးနား၊ ဗန်းမော်နဲ့ မီးရထားလမ်းတလျှောက်က မြို့လေးတွေကို ဗမာအစိုးရအုပ်စိုးတာမို့ KIO/KIA ဟာ ကျေးလက်ဒေသနဲ့ တရုတ်-မြန်မာနယ်စပ်ကိုသာ ချုပ်ကိုင်နိုင်ပါတယ်။ ဒါကြောင့် KIA ချုပ်ကိုင်တဲ့ နယ်မြေဟာ ကျယ်ဝန်းပေမယ့် ဟိုတကွက်ဒီတကွက် ဖြစ်နေပါတယ်။ စတုရမ်းကိလိုမီတာ (၉၀, ၀၀၀) နီးပါးကျယ်ဝန်တဲ့ ပြည်နယ်မှာ KIO/KIA ဟာ စတုရမ်းကီလိုမီတာ (၄၀, ၀၀၀) လောက်အထိသာ သူ့နည်းသူ့ဟန်နဲ့ ကြီးစိုးနိုင်ခဲ့တယ်လို့ ခန့်မှန်းကြပါတယ်။
ဒါပေမဲ့ ၁၉၉၄ အပစ်အခတ်ရပ်စဲလိုက်တဲ့နောက်ပိုင်း အစိုးရတပ်တွေများလာပြီး အခြေအနေ ပြောင်းလဲသွားပါတယ်။ ဖားကန့်ကျောက်စိမ်းဒေသမှာ စစ်အုပ်စုနဲ့ အခွင့်ထူးခံ အရင်းရှင်တစု ကြီးစိုးလာပါတယ်။ ဟူးကောင်းချိုင့်ဝှမ်းဒေသ ရွှေရှာဖွေရေးမှာ KIO နဲ့ ဗမာစစ်အုပ်စု ပြိုင်ဆိုင်ကြပါတယ်။ အခွင့်ထူးခံ ယုဇနကုမ္မဏီရဲ့ စိုက်ပျိုးရေးစီမံကိန်းကြောင့် ဟူးကောင်ဒေသ ကျားထိန်းသိမ်းရေး ဘေးမဲ့တောမှာ ကျားသတ္တဝါဟာ မရှိသလောက် ဖြစ်နေပါတယ်။ KIO/KIA နဲ့ အပစ်အခတ် ရပ်စဲတဲ့ (၁၇) နှစ်ကာလမှာ စစ်အုပ်စု၊ အခွင့်ထူးခံ အရင်းရှင်တစု နဲ့ တရုတ်ကုမ္မဏီတွေ ကချင်ပြည်နယ် စီးပွားရေးမှာ အဓိက ပါဝင်လာပါတယ်။ အပစ်အခတ်ရပ်စဲတဲ့အတွက် အများဆုံးအကျိုးခံစားရသူတွေ ဖြစ်လာပါတယ်။ ရွှေ၊ ကျောက်မျက်၊ သစ်၊ သတ္တုတွင်းနဲ့ ရေအားလျှပ်စစ်လုပ်ငန်းတွေမှာ အကြီးအကျယ် ရင်းနှီးမြှပ်နံှကြပါတယ်။
စစ်အုပ်စုကို ကိုယ်စားပြုတဲ့ကုမ္မဏီတွေ အကြီးဆုံး ကန်ထရိုက်ကို ရပါတယ်။ ၂၀၀၂ မှာ စစ်အစိုးရ သတ်မှတ်တဲ့ ရွှေလုပ်ကွက် (၄၀) ကျော်မှာ (၂၀) ကျော်ဟာ ကချင်ပြည်နယ်မှာပါ။ အင်မိုင်ခ၊ မလိခမြစ်ဆုံ၊ စွန်ပရာဘွန်၊ ပူတာအို၊ ဟူးကောင်း၊ ဖားကန့် နဲ့ ချင်းတွင်းမှာ ရွှေရှာခွင့် ပေးပါတယ်။ စစ်အုပ်စုပိုင် Northern Star ကုမ္မဏီက တရုတ်လုပ်ငန်းရှင် (ရင်ဟိုင်း) ကို ကျပ်ငွေ (၈၀) တန် ရွှေလုပ်ကွက်တခု ရောင်းချခဲ့ပါတယ်။ ဦးတေဇ စစ်တပ်ကို လှူတဲ့ငွေက ကျပ်သန်း (၇၀) သာ ရှိပါတယ်။ စစ်အစိုးရနဲ့ ဖက်စပ်လုပ်တဲ့ကုမ္မဏီတွေဟာ သူတို့ရထားတဲ့ ရွှေတူးဖော်ခွင့်လိုင်စင်တွေကို တရုတ်ကို ရောင်းစားကြတာများပါတယ်။ ဒါကြောင့် ကချင်ပြည်နယ်မှာ အများဆုံးရင်းနှီးမြုပ်နံှသူဟာ တရုတ် ဖြစ်ပါတယ်။ KIO ကလည်း အထိုက်အလျှောက် အကျိုးအမြတ် ခံစားရပေမယ့် ချုပ်ကိုင်နိုင်တဲ့နယ်မြေ ကျဉ်းမြောင်းသွားပါတယ်။
သဘာဝပတ်ဝန်းကျင် ပျက်စီးမှန်းပေမယ့် ရန်ပုံငွေရရှိရေးအတွက် သယံဇာတလုပ်ငန်းမှာ KIO ပါဝင်လုပ်ကိုင်လာရပါတယ်။ ကချင်ပြည်နယ်က စီးပွားရေးလုပ်ငန်းတွေဟာ ပွင့်လင်းမြင်သာမှုကင်းတဲ့ ကျိတ်ဝိုင်းတွေဖြစ်တာမို့ အဂတိလိုက်စားမှုများပါတယ်။ စစ်အုပ်စုနဲ့ တရုတ်ဟာ ကချင်ပြည်နယ်ကို အမဲဖျက်သလို ခုတ်ပိုင်းလှီးဖြတ်နေတယ်လို့ ဆိုနိုင်ပါတယ်။ အစိုးရတပ်ရင်း (၁၂၀) ကျော်ဟာ KIA ထိန်းချုပ်တဲ့ နယ်မြေမှာနေရာယူပြီး တိုက်ခိုက်နေတာဟာ နိုင်ငံအချင်းချင်းဖြစ်ပွားတဲ့ စစ်ပွဲလိုဖြစ်နေတယ်လို့ KIA ဒု-စစ်ဦးချုပ် ဗိုလ်ချုပ်ဂွမ်မော် (၂၀၁၁) ဒီဇင်ဘာလမှာ ပြောသွားပါတယ်။ တကယ်တော့ ဗမာအစိုးရတပ်ဟာ သဘာဝသယံဇာတကို အများဆုံး ချုပ်ကိုင်နိုင်အောင် ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။
KIA ကချင်တပ်မဟာ အချင်းချင်းဆက်သွယ်လို့ မရအောင်ကြိုးပမ်းတာဟာ အစိုးရထိုးစစ်ရဲ့ ရည်ရွယ်ချက်တခု ဖြစ်ပါတယ်။ KIA တပ်မဟာ (၅) ခုဟာ အရှေ့အနောက်တောင်မြောက်နဲ့ ဗဟိုဆိုပြီး နယ်မြေ (၅) ခုခွဲပြီး နေရာယူထားပါတယ်။ ဗဟိုနယ်မြေကို တာဝန်ယူတဲ့ တပ်မဟာ (၅) ဟာ KIO/KIA ဌာနချုပ်ကို ခုခံကာကွယ်ပါတယ်။ ၁၉၈၇ မှာ တရုတ်-မြန်မာ နယ်စပ်က KIO/KIA ဌာနချုပ်တွေဖြစ်တဲ့ Na Hpaw နဲ့ Pa Jau ကို အစိုးရတပ်က သိမ်းပိုက်နိုင်ပါတယ်။ ဌာနချုပ်တွေ ကျဆုံးပျက်စီးသွားပေမယ့် KIO/KIA လက်နက်ကိုင်လှုပ်ရှားမှုဟာ မပျက်စီးဘဲ ဒီကနေ့အထိ ရှင်သန်နေပါတယ်။
ဒါပေမဲ့ ဝ ပြည်သွေးစည်ညီညွှတ်ရေးတပ်ဖွဲ့လို ပြည်နယ်တခုလုံးကို ချုပ်ကိုင်ဖို့ဆိုတာ KIA အတွက် မဖြစ်နိုင်သလောက်ပါ။ လွန်ခဲ့တဲ့ အနှစ်အစိတ်နဲ့ ကွာခြားတာကတော့ လိုင်ဇာ ခေတ်မှာ တရုတ်ရင်းနှီးမြှပ်နံှမှုတွေ များလာတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဗမာနဲ့တရုတ်ကို အပေးအယူလုပ်ပြီး ကချင်အမျိုးသားရေးနဲ့ သယံဇာထိန်းချုပ်ရေးအတွက် မျှမျှတတဖြစ်အောင် ကြိုးပမ်းဖို့သာ ရှိပါတယ်။ ရွှေလီဆွေးနွေးပွဲမှာ တရုတ်အစိုးရ ကိုယ်စားလှယ်တွေ သက်သေအဖြစ် ပါဝင်လာကို အခွင့်ကောင်းယူပြီး ကချင်တိုင်ရင်းသားအရေးကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်လိမ်မယ်လို့ မျှော်လင့်ရပါတယ်။