ဒီတပတ် မြန်မာ့အရေး သုံးသပ်ချက်အစီအစဉ်မှာ မြန်မာနိုင်ငံ လူ့အခွင့်အရေး ပြည့်ဝထွန်းကားတဲ့ နိုင်ငံတခုအဖြစ်နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက လက်ခံအသိအမှတ်ပြုလာဖို့အတွက် စစ်တပ်ရဲ့ အမှုအကျင့်တွေကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံကို မကြာသေးခင်က သွားရောက်လေ့လာခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tomás Ojea Quintana က ပြောကြားလိုက်ပါတယ်။ ရခိုင်ပြည်နယ်မှာ လူ့အဖွဲ့အစည်းနှစ်ခုအကြား ပြန်လည်သင့်မြတ်ရေးအတွက် ဒေသခံအာဏာပိုင်တွေဖက်က ဘာမှလုပ်ကိုင်ဆောင်ရွက်ခြင်း မရှိဘူးလို့လည်း ဆိုပါတယ်။ ဦးကျော်ဇံသာ က မစ္စတာကင်တားနားနဲ့ ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။
ဦးကျော်ဇံသာ ။ ။ ပါမောက္ခ ကင်တားနား ခင်များ - ဒီတခေါက် မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီးနောက် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေကို ဘယ်လို တွေ့ခဲ့မြင်ခဲ့ရပါသလဲ။ ဒေသတခုချင်းရဲ့ အခြေအနေကို အသေးစိတ် မပြောခင်၊ အားလုံးကို လွှမ်းခြုံပြီးတော့ တိုးတက်မှုရှိရင်ရှိတယ်။ မရှိရင်မရှိဘူး စသဖြင့် ပြောပါခင်များ။
Mr. Quintana ။ ။ ကျနော့်ရဲ့ သတင်းထုတ်ပြန်ချက်မှာ ပြောထားသလိုပါပဲ လူ့အခွင့်အရေး အခြေအနေ တိုးတက်မှုက ရှိပါတယ်။ ဒါပေမဲ့လည်း တိုးတက်ကောင်းမွန်အောင် လုပ်ရအုံးမယ့်ကိစ္စတွေလည်း ရှိနေပါသေးတယ်။ နိုင်ငံရေးအရ အဖြေရှာရမယ့် အခြေအနေတွေလည်း ရှိနေပါတယ်။ ဒီအတွက် တွေ့ရဖို့ အရေးကြီးမယ့် စိန်ခေါ်မှုတွေလည်း ရှိနေပါတယ်။
ဦးကျော်ဇံသာ ။ ။ အဲဒီလို တိုးတက်အောင် လုပ်ရအုံးမယ်ကိစ္စ အစိုးရကို စိန်ခေါ်နေတယ်ဆိုတဲ့ကိစ္စ အဲဒီကိစ္စတွေအထဲမှာ ဘာတွေပါဝင်နေသလဲ။ ဘယ်အချက်တွေလဲဆိုတာ ထောက်ပြပေးပါ။
Mr. Quintana ။ ။ ကချင်ပြည်နယ်အခြေအနေကို စပြောချင်ပါတယ်။ ဒီတခေါက်မှာ ကျနော် ကချင်ကို ပထမဦးဆုံးအကြိမ် သွားရောက်ခဲ့ပါတယ်။ အိုးအိမ်စွန့်ခွါ ထွက်ပြေးနေကြသူတွေရဲ့ စခန်း (၃) ခုကို ရောက်ခဲ့ပါတယ်။ ထွက်ပြေးခဲ့ရတဲ့ ရွာသားတွေနဲ့ အရေးကြီးတဲ့ ဆွေးနွေးမှုတွေ လုပ်နိုင်ခဲ့ပါတယ်။ အင်မတန်စွာ စိတ်မကောင်းစရာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရက်စက်တဲ့ ညဉ်းပမ်းနှိပ်စက်မှုတွေအကြောင်း သိခဲ့ရပါတယ်။ ရွာသားတွေဟာ ဘဝရပ်တည်ရေးအတွက် အပြင်းအထန်ကို ကြိုးစားနေဆဲပါ။ တချိန်တည်းမှာပဲ အစိုးရက အခြေအနေကောင်းအောင် အပစ်အခတ်ရပ်စဲနိုင်အောင် ကြိုးစားနေတာကို တွေ့ရပါတယ်။ ဒါက အရင်ကတည်းက လုပ်နေတာပါ။ အခုထက်ထိ ဘာမှ ဖြစ်မလာသေးပါဘူး။ ကျနော့်အနေနဲ့ စိုးရိမ်တာကတော့ ဒေသခံတွေကို ကာကွယ်နိုင်ဖို့အတွက် အစိုးရဟာ သူ့ရဲ့ စစ်တပ်ကို ဘယ်လောက်အထိ ထိန်းသိမ်းနိုင်မလဲဆိုတာပဲ ဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ မစ္စတာကင်တားနား သွားရောက်ခဲ့တာဟာ အစိုးရထိန်းချုပ်ထားတဲ့ စခန်းတွေပဲ ဖြစ်တယ်။ KIO/KIA ထိန်းချုပ်ထားတဲ့ စခန်းတွေကို မရောက်ခဲ့ဘူးလို့ သူတို့ဘက်က ပြောဆိုဝေဖန်နေကြပါတယ်။ မစ္စတာကင်တားနားဟာ အစိုးရက ကြိုတင်စီစဉ်တဲ့ ခရီးစဉ်အတိုင်း သွားရောက်ခဲ့တာဖြစ်တယ်လို့ ပြောကြပါတယ်။ ဘာကြောင့် သူတို့တွေ ထိန်းချုပ်မှုအောက်မှာရှိတဲ့ စခန်းတွေကို မစ္စတာကင်တားနား မသွားရောက်နိုင်ခဲ့ပါသလဲ။
Mr. Quintana ။ ။ တိုင်းရင်းသားအင်အားစုတွေရဲ့ ခံစားချက်ကို ကျနော် အပြည့်အဝနားလည်းပါတယ်။ စောစောက ပြောခဲ့သလိုပါပဲ ဒါက ကျနော့်ရဲ့ ပထမဦးဆုံး ကချင်ပြည်နယ်ခရီးပါ။ ကျနော် နောက်ထပ်သွားပါအုံးမယ်။ အဲဒီအခါကြရင်တော့ တိုင်းရင်းသားအင်အားစုတွေဘက်က ထိန်းချုပ်ထားတဲ့ စခန်းတွေကို သွားရောက်နိုင်အောင် သေချာကြိုးစားပါမယ်။ ဒီတကြိမ်ကတော့ သိပ်ပြီးတိုတောင်တဲ့ခရီးပါ။ ဒါပေမဲ့ ကျနော်ဟာ စစ်တပ်ရဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီးတော့ အရေးကြီးတဲ့အချက်တွေကို ရွာသားတွေဆီကတဆင့် ရရှိခဲ့ပါတယ်။ ဒါတွေဟာ ကျနော်ရဲ့ အစီရင်ခံစာထဲမှာ ပါဝင်လာမှာ ဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ကချင်မှာ စစ်တပ်ရဲ့ လုပ်ရပ်ကို အစိုးရက ထိန်းချုပ်နိုင်ခြင်း မရှိသေးဘူးလို့ တချို့က ပြောနေကြပါတယ်။ မစ္စတာ သိရှိခဲ့ရတယ်ဆိုတာ အဲဒါမျိုးလား။ တခြား ဘယ်လိုအချက်တွေပါလဲ။
Mr. Quintana ။ ။ ဒါကတော့ ရှင်းနေပါတယ်။ သမ္မတအနေနဲ့ စစ်ဆင်ရေးတွေကို လျှော့ချဖို့ လိုလားတယ်ဆိုတာကို ကျနော်သိပါတယ်။ ဒါပေမဲ့ အောက်ခြေမှာတော့ အရပ်သားတွေပေါ်မှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေတယ်ဆိုတဲ့ ပြောဆိုချက်တွေ ပေါ်ထွက်နေတာပါ။ ကချင်လက်နက်ကိုင် အင်အားစုတွေနဲ့ အဆက်အစပ်မရှိတဲ့ အရပ်သားတွေကိုလည်း ဖမ်းဆီးနှောက်ယှက်ပြီးတော့ ဒုက္ခပေးနေတာတွေ ရှိနေဆဲပါ။ ဒါက ကျနော့်ရဲ့ စိုးရိမ်မှုပါ။ အပစ်အခတ်ရပ်စဲရေး အကောင်အထည် ဖော်လာတဲ့အခါကြရင်တော့ ဒီလုပ်ရပ်တွေ ရပ်တန့်သွားလိမ့်မယ်လို့ ကျနော် မျှော်လင့်နေပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဒီတကြိမ်မှာတော့ မစ္စတာကင်တားနား က စစ်တပ်ဖက်က အရာရှိကြီးတွေနဲ့ တွေ့ခွင့်ရခဲ့ပါသလား။ သို့တည်းမဟုတ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဖို့ တောင်းခဲ့ပါသလား။ သူရဲ့ လက်အောက်အရာရှိကြီးတွေနဲ့ တွေ့ခွင့်ရခဲ့ပါသလား။ တွေ့ခဲ့ရပါသလား။
Mr. Quintana ။ ။ အဲဒီအခွင့်အရေး မရခဲ့ပါဘူး။ စစ်တပ်အကြီးအကဲနဲ့ တွေ့ခွင့်ပေးဖို့ ကျနော် အစိုးရကို မေတ္တာရပ်ခံပါတယ်။ စစ်တပ်ရဲ့ လုပ်ရပ်တွေဟာ လူ့အခွင့်အရေးကို အဓိက ချိုးဖောက်ကျူးလွန်နေပါတယ်။ ဒါကြောင့်မို့ ကျနော်ဟာ ဒီကိစ္စကို စစ်တပ်အကြီးအကဲနဲ့ ဆွေးနွေးချင်တာပါ။ ဒါပေမဲ့လဲ တွေ့ခွင့်မရခဲ့ပါဘူး။ နောင်ကိုလည်း ကျနော်ဖက်ကတော့ စစ်ဖက်အကြီးအကဲနဲ့ တွေ့ဖို့မေတ္တာရပ်ခံသွားမှာပါ။ အစိုးရဖက်က ပုဂ္ဂိုလ်တွေနဲ့ ပြောဆိုဆွေးနွေးတဲ့အခါတွေမှာလည်း ဒါကိုတင်ပြတောင်းဆိုသွားမှာ ဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ အခုတော့ ရခိုင်အကြောင်းကို ဆက်ပြီးပြောကြတာပေါ့။ ရခိုင်ပြည် အခြေအနေကော ဘယ်လောက်အထိ တိုးတက်လာမှု ရှိပါသလဲ။ ကျနော် အဓိက သိချင်တာကတော့ လူ့အဖွဲ့အစည်းနှစ်ခု။ ဟိုတုန်းကလို သဟဇာတရှိရှိနဲ့ အတူယှဉ်တွဲ နေထိုင်နိုင်မယ့် အလားအလာကို တွေ့မြင်ခဲ့ရပါသလား။ တွေ့မြင်နိုင်ပြီလား။
Mr. Quintana ။ ။ သိပ်ကို အပေါင်းလက္ခဏာဆောင်လာပါတယ်။ ကျနော်ဟာ လူ့အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်မှုတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ သူတို့ဟာ တဖက်နဲ့တဖက် စကားပြောချင်တဲ့ ဆန္ဒရှိနေကြပါတယ်။ ဒါက အပြုသဘောဆောင်ပါတယ်။ ပြဿနာတခုကတော့ ဒါက ကျနော့်အမြင်ပြောတာပါ - ဒေသအာဏာပိုင်တွေရဲ့ ရပ်တည်ချက်ပဲ ဖြစ်ပါတယ်။ အပြန်အလှန် ထိတွေ့ဆက်ဆံရေး ဆွေးနွေးညှိနှိုင်းရေးတွေ ဖြစ်ပေါ်လာစေမယ့် အခြေအနေတရပ် ပေါ်ထွန်းဖို့အတွက် ဒေသအာဏာပိုင်တွေဖက်က လုံးဝကူညီပံ့ပိုးပေးမှု မရှိပါဘူး။ ဒီလိုမျိုး ဒေသအာဏာပိုင်တွေရဲ့ ပါဝင်ဆောင်ရွက်မှု မရှိဘဲ၊ ပြန်လည်သင့်မြတ်ရေး ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် လူ့အဖွဲ့အစည်းချင်း ပြန်လည်သင့်မြတ်ရေးအတွက် ကျနော့်အနေနဲ့ ဒေသအာဏာပိုင်တွေ ပါဝင်ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်။ ဗဟိုအာဏာပိုင်ကိုလည်း ဒီအတွက် တိုက်တွန်းလိုပါတယ်။ အခုတော့ ဒီအချက်ကို ဒေသအာဏာပိုင်တွေ သဘောပေါက်မှု မရှိသေးပါဘူး။ သူတို့ရဲ့ အခန်းကဏ္ဍက သိပ်အရေးကြီးပါတယ်။ ဒီလို ဖြစ်လာဖို့မလွယ်ဘူး။ အချိန်ယူရမယ်ဆိုတာကို ကျနော်သိပါတယ်။ ဒါပေမဲ့လဲ သူတို့ရဲ့ ရပ်တည်ချက်ကို အရင်ပြောင်းဖို့ လိုပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒေသအာဏာပိုင်ဆိုတာ ဘယ်အဖွဲ့အစည်း၊ ဘယ်သူကို အဓိက ပြောလိုပါသလဲ။ ဒေသမှာ တပ်စွနေတဲ့ စစ်တပ်ကို ပြောတာလား စသဖြင့် ရှင်းပြပေးပါ။
Mr. Quintana ။ ။ အဓိကအဖြစ် ကျနော် ပြောလိုတာက ပြည်နယ်အုပ်ချုပ်ရေး အကြီးအကဲဖြစ်ပါတယ်။ နောက်အရေးကြီးတဲ့ အဖွဲ့အစည်းတခုကတော့ နစက ဖြစ်ပါတယ်။ နစက ဟာ စစ်အစိုးရခေတ်ကလို ပြုမှုနေဆဲ ဖြစ်ပါတယ်။ ဒါကို ပြောင်းလဲဖို့ လိုအပ်ပါတယ်။ နစကရဲ့ လုပ်ထုံးလုပ်နည်းတွေကို ပြောင်းလဲပြစ်ရပါမယ်။ လုံခြုံရေးအဖွဲ့အစည်းတွေကို ပုံစံသစ်နဲ့ ဖွဲ့စည်းဖို့ လိုပါတယ်။ ဒါက ကျနော်ရဲ့ ထောက်ခံတင်ပြချက် ဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ နောက်တခုက နိုင်ငံတကာ အလှူရှင်အဖွဲ့အစည်းတွေအပေါ်မှာ၊ ဒေသခံလူထုရဲ့ သဘောထားက ဘယ်လိုရှိပါသလဲ။ ဒီနိုင်ငံတကာ အဖွဲ့အစည်းတွေဟာ မျှတမှုမရှိဘူး၊ ဘက်လိုက်တဲ့ဆိုတဲံ အမြင်တမျိုး တချိန်က ရှိနေခဲ့ကြတာပါ။ အခုအခါ အဲဒီအခြေအနေ ဘယ်လိုရှိပါသလဲ။
Mr. Quintana ။ ။ ဒီကိစ္စမှာလည်း တိုးတက်မှုရှိလာတာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လက ကျနော် ရောက်ခဲ့တုန်းကဆိုရင် ကုလသမဂ္ဂရဲ့ လုပ်ဆောင်ချက်အပေါ်မှာ မကျေနပ်မှုတွေ၊ ဆန့်ကျင်မှုတွေ သိပ်ပြီးမြင့်မားပြင်းထန်နေတာကို တွေ့ခဲ့ရပါတယ်။ ဒီတကြိမ်မှာတော့ အဲဒီအခြေအနေ ပြောင်းလဲသွားတာ တွေ့ရလို့ ဝမ်းသာပါတယ်။ ကုလသမဂ္ဂအဖွဲ့အစည်းတွေဟာ ဒီပြဿနာအတွက် အဲဒီနေရာမှာ ရှိနေဖို့၊ ပါဝင်ဖို့ လိုအပ်တယ်ဆိုတာ သဘောပေါက်လာအောင် အစိုးရက တာဝန်ရှိတယ်လို့လည်း ကျနော်နားလည်းပါတယ်။ ကုလသမဂ္ဂရဲ့ တာဝန်ဟာ လူတိုင်းကို ကူညီရမှာဖြစ်သလို၊ အကူအညီ ပိုပြီးလိုအပ်သူတွေကို ဦးစားပေးကူညီရမှာလည်း ဖြစ်ပါတယ်။ အခုတော့ ဒေသခံတွေက ကုလသမဂ္ဂအဖွဲ့အစည်းတွေပေါ်မှာ ပိုပြီးနားလည်းလာကြတာကို တွေ့ရပါတယ်။ ကုလသမဂ္ဂဟာ ရခိုင်ပြည်နယ်အတွက်သာမက ကချင်၊ ကရင် စတဲ့ ဒေသတွေမှာပါ ကူညီရမှာပါ။ ဒီအခြေအနေတွေကို လူတွေပိုသဘောပေါက်လာကြတာဟာ သတင်းကောင်းပါ။
ဦးကျော်ဇံသာ ။ ။ တခါ အကျဉ်းထောင်တွေရဲ့ အခြေအနေလည်း ပြောပါအုံး။ ဒီတခေါက် အကျဉ်းထောင်တွေကို ရောက်ခဲ့ပါသလား။ အကျဉ်းထောင်တွေရဲ့ အခြေအနေ တိုးတက်ကောင်းမွန်လာမှု ရှိပါ့ရဲ့လား။
Mr. Quintana ။ ။ ကျနော် အင်းစိန်ထောင်ကို ရောက်ခဲ့ပါတယ်။ မြစ်ကြီးနားထောင်ကိုလည်း ရောက်ခဲ့ပါတယ်။ ဒီထောင်ကို သွားရောက်မယ်ဆိုတာကို ကြိုတင်ကြေညာထားရတာ ဖြစ်လေတော့ အခြေအနေတွေကို သုံးသပ်ဖို့ ဖြစ်ချင်မှဖြစ်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့လည်း အကျဉ်းသားအချို့ကတော့ တချို့ကိစ္စတွေမှာ အခြေအနေ တိုးတက်လာတယ်လို့ ကျနော်ကို ပြောပါတယ်။ ဒါက အရေးကြီးပါတယ်။ ဒါ့အပြင် မြန်မာအစိုးရဟာ ICRC ခေါ်တဲ့ နိုင်ငံတကာကြက်ခြေနီအဖွဲ့နဲ့ ပြန်ပြီးတော့ ပူးပေါင်းဆောင်ရွက်တယ်ဆိုတာကလည်း အရေးကြီးတဲ့အချက်ပါ။ ဒါဟာ အကျဉ်းသားတွေအတွက်သာမက မြန်မာပြည်သူအားလုံးအတွက် အခြေအနေ တိုးတက်ကောင်းမွန်စေမှာ ဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ကျနော် နောက်ဆုံးမေးချင်တာကတော့ မြန်မာနိုင်ငံဟာ လူ့အခွင့်အရေး အပြည့်အဝ ထွန်းကားတဲ့နိုင်ငံတခုဖြစ်ပြီလို့ နိုင်ငံတကာက လက်ခံမယ့်အချိန်ကို ရောက်လာဖို့ ဘယ်လောက်လောက် လိုအပ်ပါသေးသလဲ။ ခရီးအတော်လေး ဝေးသလား၊ နီးသလားဆိုတာကို သိပါရစေ။
Mr. Quintana ။ ။ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ ကျန်ရှိနေသေးတဲ့ကိစ္စကိုတော့ ကျနော် စိုးရိမ်နေဆဲဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေအရေးနဲ့ ပတ်သက်တဲ့ ကော်မရှင်တရပ်ဖွဲ့ဖို့ သမ္မတက ဆုံးဖြတ်ခဲ့တာကို ကျနော် ကြိုဆိုပါတယ်။ ဒါပေမဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ ဒီကော်မရှင် အသက်ဝင်လှုပ်ရှားလာတဲ့ အချိန်အထိ စောင့်နေစရာ မလိုသင့်ပါဘူး။ သူတို့အားလုံးကို အခုလက်ရှိ အခြေအနေမှာပဲ လွှတ်ပေးရပါလိမ့်မယ်။ ဒါကို ကျနော် အလေးအနက် တောင်းဆိုပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတာ မကြာသေးခင်ကာလအတွင်း လွှတ်ပေးလာတာ မတွေ့ရပါဘူး။ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးခြင်းအားဖြင့် ဒါဟာ အစိုးရလုပ်ငန်းစဉ်ထဲမှာ ပါရှိနေတယ်ဆိုတာ နိုင်ငံတကာအသိုင်းအဝိုင်းက နားလည်းသဘောပေါက်စေရမှာ ဖြစ်ပါတယ်။ လုံခြုံရေးအဖွဲ့အစည်းအနေနဲ့ အနေအထားပြောင်းလဲရေးဟာ လူ့အခွင့်အရေး တိုးတက်မှုအတွက် သိပ်ကိုအရေးကြီးတယ်လို့ ထင်ပါတယ်။ အခုအချိန်ဟာ လူ့အခွင့်အရေး အစီအစဉ်ကို မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဆွေးနွေးတင်ပြတာတွေက ပယ်ထုတ်ချန်လှပ်ရမယ့်အချိန် မဟုတ်သေးပါဘူး။ ဒါဟာ နိုင်ငံတကာ အသိုင်းအဝိုင်းကို ပြောကြားလိုတဲ့ ကျနော်ရဲ့ ရှင်းလင်းတဲ့သတင်းစကားပဲ ဖြစ်ပါတယ်။ ဒါဟာ အခုလာမယ့် မတ်လ (၁၁) ရက်နေ့ကျရင် လူ့အခွင့်အရေးညီလာခံမှာ တင်ပြမယ့် အဓိကအချက်တရပ်လည်း ဖြစ်ပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း သဘောပေါက်လက်ခံမယ်လို့ ထင်ပါတယ်။