ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ သုံးသပ်ချက်အစီအစဉ်မှာ မြန်မာနိုင်ငံမှာ ဗွီအိုအေသတင်းထောက်အဖြစ် (၃) လကြာ တာဝန်ထမ်းဆောင်ပြီး ဝါရှင်တန်ဒီစီကို ပြန်လည်ရောက်ရှိလာတဲ့ ဗွီအိုအေဝိုင်းတော်သား ကိုဇော်ဝင်းလှိုင်နဲ့ မြန်မာနိုင်ငံရေးအခြေအနေတွေကို ဦးကျော်ဇံသာ က ဆွေးနွေးသုံးသပ်ထားပါတယ်။ သတင်းထောက်တစ်ယောက်အနေနဲ့ သတင်းတွေထဲမှာ ပြောခွင့်မရနိုင်တဲ့ ရှုမြင်သုံးသပ်ချက်တွေကို ကြားရမှာ ဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ မြန်မာပြည်နဲ့ နှစ်ပေါင်းများစွာ ခွဲနေခဲ့ပြီးမှ ဗွီအိုအေသတင်းထောက်အနေနဲ့ မြန်မာနိုင်ငံမှာ (၃) လတာ တာဝန်ထမ်းဆောင်ပြီးမှ ပြန်ရောက်လာခဲ့တယ်။ ကိုဇော်ဝင်းလှိုင်ရဲ့ မြန်မာနိုင်ငံအပေါ် ထဲထဲဝင်ဝင်ကို ပြောပြစေချင်ပါတယ်။ ပြုပြင်ပြောင်းလဲရေး လုပ်နေပြီ၊ ဒီမိုကရေစီလမ်းကို သွားနေပြီဆိုတဲ့ မြန်မာနိုင်ငံမှာ အထင်ရှားဆုံး တွေ့မြင်ခဲ့ရတဲ့ ပြုပြင်ပြောင်းလဲရေးရဲ့ အသွင်လက္ခဏာတွေက ဘာတွေလဲ။
ကိုဇော်ဝင်းလှိုင် ။ ။ ရုပ်ဝတ္ထုပစ္စည်းပိုင်ဆိုင်ရာ ကြည့်မယ်ဆိုရင်တော့ မြန်မာနိုင်ငံမှာ၊ အထူးသဖြင့် ရန်ကုန် နဲ့ နေပြည်တော်မှာ အဆောက်အဦးကြီးတွေ သိသိသာသာ များလာတယ်။ နောက် မော်တော်ယာဉ်တွေ သိပ်ကိုများလာတာကို တွေ့ရတယ်။ အဲဒီအတွက်ကြောင့် လူဦးရေး အရမ်းများတဲ့ ရန်ကုန်မြို့ဟာ အရမ်းကို မွှန်ကြပ်ပြီးတော့ သွားရေးလာရေးတွေ အင်မတန် ခက်ခဲတာကို သတိထားမိတယ်။ ရုပ်ပိုင်ဆိုင်ရာ အဲဒီလို ပြောင်းလဲမှုတွေ ရှိပေမယ့်လဲ လူတွေရဲ့ ဝင်ငွေက တိုးမလာတဲ့အခါကြတော့ စိတ်ပိုင်းဆိုင်ရာမှာ လူတွေ ချွတ်ခြုံကျလာတာကို တွေ့ရတယ်။ အရင်ကလို တဦးနဲ့တဦး ယိုင်ပင်ကူညီတာဘာညာက အတိုင်းအတာတခုအထိ ရှိပေမယ့် ကျနော်တို့ သိထားတဲ့မြန်မာပြည်၊ မြန်မာလူထုရဲ့ စိတ်ဓါတ်ဟာ တော်တော်လေးကို ချွတ်ခြုံကျနေတာကို သတိထားမိတယ်။
ဦးကျော်ဇံသာ ။ ။ နိုင်ငံရေးပိုင်းမှာကြတော့ကော လူတွေက ပိုပြီးပွင့်ပွင့်လင်းလင်း ပြောလာကြလား။ နိုင်ငံရေးစကားတွေ၊ နောက်ပြီးတော့ တခြားနိုင်ငံရေးသမားတွေ၊ သူတို့တွေကရော တော်တော်လေး ပွင့်ပွင့်လင်းလင်း၊ လွတ်လွတ်လပ်လပ် လှုပ်ရှားမှုတွေ လုပ်လာကြပြီလို့ ပြောနိုင်သလား။
ကိုဇော်ဝင်းလှိုင် ။ ။ အတိုင်းအတာတခုအထိ ရှိလာတယ်လို့ ပြောရမယ်။ ဘာဖြစ်လို့လဲဆိုတော့ အခု လွှတ်တော်ထဲမှာဆိုလည်း နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ပြောဆိုဆွေးနွေးမှုတွေ တော်တော်လေး လုပ်လာတယ်။ အစိုးပိုင် ထိပ်ပိုင်းဆိုင်ရာ လူကြီးတွေကအစ တော်တော်လေး ပြောလာတာကို သတိထားမိတယ်။ နောက်ပြီးတော့ လူထုကြားမှာလည်း ဂျာနယ်တွေ၊ သတင်းစာတွေကတဆင့် နိုင်ငံရေးအသိ နှိုးကြားမှုတွေက တော်တော်လေး ရှင်သန်ကြီးထွားနေတာကို တွေ့ရတယ်။ လူထုကိုယ်တိုင်ကလည်း နိုင်ငံရေးကိစ္စတွေကို ပြောဆိုဆွေးနွေးကြတာကို တွေ့ရတယ်။ သဘောက အခု လူပြောများနေတဲ့ ဖွဲ့စည်းပုံ ပြုပြင်ရေးကိစ္စတို့၊ ၂၀၁၅ ရွေးကောက်ပွဲကိစ္စ၊ အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးကိစ္စတွေကို ကားသမားတွေ၊ တက္ကစီသမားတွေက အစ၊ လမ်းဘေးလက်ဖက်ရည်ဆိုင်တွေမှာ အဆုံး တော်တော်လေး ပွင့်ပွင့်လင်းလင်း ပြောလာကြတာကို သတိထားမိတယ်။
ဦးကျော်ဇံသာ ။ ။ အစိုးရပိုင်းကရော လူထုပွင့်လင်းသလို သူတို့လည်း ပွင့်လင်းလာပြီလို့ ပြောလို့ရသလား။ အထူးသဖြင့် မီဒီယာတွေ။ ကိုဇော်ဝင်းလှိုင်တို့ သူတို့နဲ့ ဆက်သွယ်ရတယ်။ သူတို့က ပြောရေးဆိုခွင့် ပုဂ္ဂိုလ်တွေ၊ ဘာတွေ ထားလာတယ်ဆိုတော့ သူတို့ရဲ့ မီဒီယာအပေါ် တုံ့ပြန်မှုကို ဘယ်လိုသဘောရသလဲ။
ကိုဇော်ဝင်းလှိုင် ။ ။ အစိုးရပိုင်းက ပွင့်လင်းလာသရောင် ရှိတယ်။ ဒါပေမဲ့ အစိုးရက မီဒီယာတွေကို ပွင့်ပွင့်လင်းလင်း ဆက်ဆံတဲ့သဏ္ဍာန် ရှိနေပေမယ့်လဲ။ သူတို့ရဲ့ ပြောဆိုမှုတွေမှာ သတင်းထောက်တွေက မေးရင်မေးသလိုမျိုး ဒဲ့မဖြေတာတို့၊ သွယ်ဝိုက်ပြီး ဖြေတာတို့၊ သူတို့လိုချင်တာကိုပဲ ဖြေတာတို့။ နောက်ပြီးတော့ အစိုးရဌာနတိုင်းကို ဆက်သွယ်ချင်တိုင်း ဆက်သွယ်လို့မရတာတို့ အဲဒီလိုမျိုး ကန့်သတ်ချက်တွေကတော့ အများကြီး ရှိနေတုန်းပဲ။ ဥပမာ ပြောရမယ်ဆိုရင် ပြန်ကြားရေးဝန်ကြီးဌာနဆိုရင် ပြန်ကြားရေးဝန်ကြီး ဒု-ဝန်ကြီး ဦးရဲထွဋ် က အစိုးရပုဂ္ဂိုလ်လည်း ဖြစ်နေတော့ သူကထွက်ထွက်ပြီးပြောတယ်။ အစိုးရကိုယ်စားပြောတယ်။ ကျန်တဲ့ ဌာနတွေဖြစ်တဲ့ ဥပမာပြောရင် ကာကွယ်ရေးဝန်ကြီးဌာန - ဆိုကြပါစို့ ကချင်ဖက်မှာ တိုက်ပွဲတွေဖြစ်တယ်၊ ကရင်ဖက်မှာ တိုက်ပွဲတွေဖြစ်တယ်ဆိုရင် အသေအပျောက်စာရင်းတွေ ကိစ္စတွေနဲ့ ပတ်သက်ပြီး မေးချင်တယ်ဆိုလို့ရှိရင် သူတို့အနေနဲ့ ပြောရေးဆိုခွင့်ရှိသူကို တရားဝင်ခန့်ထားတာပေမယ့်လည်း အဲဒီလူတွေကို ဆက်သွယ်လို့မရတာ။ မဖြေတာတွေ ရှိတယ်။ ဆိုတဲ့အခါကြတော့ သတင်းတွေကို လုပ်တဲ့အခါမှာ ကျနော်တို့ဖက်က တဖတ်သတ်လို ဖြစ်သွားတာတွေရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရဖက်က ပြောမယ့်လူ မရှိဘူး။
ဦးကျော်ဇံသာ ။ ။ အဲဒီတော့ ကာကွယ်ရေးဝန်ကြီးဌာနက နိုင်ငံတော်သမ္မတရဲ့ လက်အောက်မှာမဟုတ်ဘူး။ နောက်ပြီးတော့ ပြည်ထဲရေးလည်း ကာကွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဦးစီးချုပ်က ကိုင်ထားတဲ့ဌာနတွေဆိုတော့ လူပြောသူပြော ကိစ္စတခုက အဲဒါလည်းပါတယ်။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးမှာ သမ္မတက တက်ကြွသလောက် ကာကွယ်ရေးဝန်ကြီးဌာနက မတက်ကြွဘူး။ တပ်မတော်က မတက်ကြွဘူးဆိုပြီးပြောကြတယ်။ အဲဒါကိုရော အထောက်အထားတွေ တွေ့ရသလား။
ကိုဇော်ဝင်းလှိုင် ။ ။ တွေ့ရတာပေါ့။ ကာကွယ်ရေးဦးစီးချုပ်က သူက အကြီးဆုံးဆိုတော့ သူ့အနေနဲ့ အခုဖြစ်နေတဲ့ တိုက်ပွဲတွေကိစ္စမှာ ဘယ်လိုသဘောထားရှိတယ်။ သူ့အနေနဲ့ ဘယ်လိုတုံ့ပြန်ချင်တယ်။ တိုက်ပွဲတွေဟာ သူ့ရဲ့ ညွှန်းကြားချက်ကြောင့် တိုက်ပွဲတွေ ဖြစ်နေရတာလား။ ဒါမှမဟုတ်လို့ရှိရင် သူတို့ပြောနေတဲ့ အောက်ခြေ သူတို့ပြောနေသလို၊ အစိုးရဖက်က တခါတလေ ပြောသလို၊ အောက်ခြေရဲဘော်တွေက မတော်တဆ ပစ်ခတ်ရင်နဲ့ တိုက်ပွဲတွေ ဖြစ်သွာတာလားဆိုတာကို ကျနော်တို့ အတိအကျ မသိနိုင်ဘူး။ ဒါက ပွင့်လင်းမြင်သာမှု မရှိတဲ့အပိုင်းကို မြင်ရတာပေါ့။
ဦးကျော်ဇံသာ ။ ။ ကချင်ဖက်မှာ တိုက်ပွဲတွေ ဖြစ်နေတာနဲ့ ပတ်သက်ပြီးတော့ ကိုဇော်ဝင်းလှိုင် က ဗိုလ်ချုပ်တယောက်ကို မြစ်ကြီးနားမှာ မေးတယ်။ အဲဒီထဲမှာ သူပြောတယ် အဲဒီဒေသမှာ ဖြစ်နေတာက ကေအိုင်အေနဲ့ တပ်မတော်နဲ့ကြားမှာ ဖြစ်တယ်လို့တောင် မပြောနိုင်ဘူး။ ဒီအထဲမှာ စီးပွားရေးကိစ္စ၊ သစ်လုပ်ငန်းတွေလည်း ရှုပ်ထွေနေတယ်လို့ ပြောတယ်။ ဒါနဲ့ ပတ်သက်ပြီးလို့ တချို့လူတွေဆီက ဘာကြားရသလဲဆိုတော့ နယ်မှာရှိတဲ့ တပ်ဖွဲ့တွေကို စစ်တပ်က မင်းတို့ဘာသာရှာစား၊ အဲဒီ မိသားစုတွေ၊ တပ်မိသားစုတွေရဲ့ စားဝတ်နေရေးအတွက် စစ်တပ်က ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်ရတယ်။ အဲဒါကြောင့် လယ်တွေသိမ်းရတယ်၊ စီးပွားရေးမှာ လက်ဦးမှုယူရတာတွေရှိတယ်။ အဲဒါကို ရပ်ခိုင်းလိုက်ရင် ကျနော်တို့တပ်မိသားစုတွေကို ထမင်းမကျွေးနိုင်ဘူး။ တပ်ရင်းမှူးကနေ ထွက်ရလိမ့်မယ် ဘာညာပြောတဲ့အထိ ငြိးတွားတယ်ဆိုတာ ကြားရတယ်။ အဲဒါ ဟုတ်သလား။
ကိုဇော်ဝင်းလှိုင် ။ ။ ဟုတ်တယ်ဗျ။ အဲဒီလိုမျိုးက ကျယ်ကျယ်ပြန့်ပြန့်ကို ကျနော်တို့ ကြားရတယ်။ တချို့ရဲဘော်လေးတွေ ကိုယ်ချင်စားတဲ့ ဒေသခံတွေလည်း ရှိတယ်။ ဒါပေမဲ့ ဖြစ်နေတာတွေက တော်တော်ဆိုးဆိုးဝါးဝါး ဖြစ်နေတဲ့အခါကြတော့ မခံနိုင်လောက်တဲ့အထိ ဖြစ်လာတာပေါ့။ အဲဒီအခါကြတော့ တော်တော်လေးကို ရုပ်ပျက်ဆင်းပျက် ဖြစ်နေတဲ့နေရာတွေရှိတယ်။ အထက်က သူတို့လိုသလောက် မထောက်ပံ့နိုင်တဲ့အခါကြတော့ သူတို့ဘာသာသူတို့ ရပ်တည်ရတယ်ဆိုတာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတယ်ဆိုတာ အမှန်ပါ။
ဦးကျော်ဇံသာ ။ ။ နောက်တခါ အခုလောလောဆယ် ကိုဇော်ဝင်းလှိုင် အဲဒီမှာ ရှိနေတဲ့အချိန်က ဖြစ်နေတဲ့အရာက ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စ။ အဲဒီဟာကို စစ်တပ်ဖက်က မလိုလားဘူးဆိုပြီး ပြောနေကြတယ်။ အဲဒါကော ဘယ်လောက်မှန်ပါသလဲ။
ကိုဇော်ဝင်းလှိုင် ။ ။ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စနဲ့ ပတ်သက်လို့ အခု အဓိကထိပ်တိုက် ဆွေးနွေးနေရတာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေနဲ့ အစိုးရကြားမှာ။ တပ်မတော်ဖက်ကနေပြီးတော့ သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့အစိုးရလောက် သဘောထားပျော့ပျောင်းမှု မရှိဘူးဆိုတာကတော့ သူတို့ထဲက လူတွေကို စကားပြောကြည့်တာနဲ့ သိသာတယ်။ သဘောက အထူးသဖြင့် ကချင်ခရီးစဉ်အတွင်းမှာ တပ်မတော်အရာရှိတွေကို မေးကြည့်တဲ့အခါကြတော့ သူတို့ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရပဲ သူတို့ဆက်သွားမယ်။ အဲဒီ ဖွဲ့စည်းပုံပြဌာန်းချက်တွေနဲ့ပဲ ဆက်အုပ်ချုပ်သွားမယ်ဆိုတဲ့ ပုံစံမျိုး တပ်မတော်အရာရှိတွေ ပြောဆိုတာကို တွေ့ရတယ်။ ဆိုတော့ သူတို့အနေနဲ့ကတော့ နိုင်ငံရေးပိုင် အုပ်ချုပ်ရေးပိုင်းက လိုလားသလောက် ပြုပြင်ပြောင်းလဲရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ ပြုပြင်ရေးပဲဖြစ်ဖြစ်၊ ပြင်ဆင်ရေးပဲဖြစ်ဖြစ်၊ အသစ်ပြန်ရေးဆွဲရေးပဲဖြစ်ဖြစ် တပ်မတော်က သဘောထားမပျော့ပျောင်းဘူးဆိုတာကတော့ တော်တော်လေး သိသာတယ်။
ဦးကျော်ဇံသာ ။ ။ နောက်တခုက တိုင်းရင်းသားတွေနဲ့ အပစ်အခတ် လုံးဝရပ်ဆဲရေးကိစ္စမှာ ကချင်ကိစ္စက အဓိက အဖုအထစ် ဖြစ်နေတယ်ဆိုပါစို့။ ဒီကိစ္စ ဘယ်လောက်ပြေလည်နိုင်မယ်လို့ ထင်သလဲ။ ဒီသတင်းကို ကိုဇော်ဝင်းလှိုင်က
စိုက်လိုက်မတ်တတ် သတင်းလိုက်နေခဲ့တာဖြစ်တယ်။ လုံးဝအောင်မြင်ပြီးတော့ ဒီကိစ္စကို breakthrough ရနိုင်တယ်။ ငြိမ်းချမ်းရေး ရနိုင်မယ်လို့ ထင်သလား။
ကိုဇော်ဝင်းလှိုင် ။ ။ ကျနော် မေးကြည့်တီးခေါက်ကြည့်သလောက်ဆိုရင် ကေအိုင်အေဖက်က တာဝန်ရှိသူတွေ၊ အစိုးရဖက်က ဦးဆောင်ပြီး ဆွေးနွေးနေတဲ့ ဦးအောင်မင်း၊ တခြားတိုင်းရင်းသားခေါင်းဆောင်တွေကို မေးကြည့်တဲ့ လေသံအရဆိုရင်တော့ အတိုင်းအတာတခုအထိတော့ သဘောတူညီမှု မကြာခင်မှာ ရမယ်လို့ ခန့်မှန်းလို့ရတယ်။ ဒါပေမဲ့ တကယ့်တကယ် တိုင်းရင်းသားတွေ တောင်းဆိုနေကြတဲ့ စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စုကြီး ပုံဖော်နိုင်လောက်တဲ့အထိ ပြောင်းလဲမှုတွေ ဖြစ်လာမလားဆိုတာကတော့ ရုတ်တရက်ကြီးတော့ ကျနော်ကတော့ ဖြစ်လာမယ်လို့တော့ မထင်သေးဘူး။ အချိန်တော်တော် ယူရလိမ့်မယ်ထင်တယ်။ ဘာဖြစ်လို့ ဒီလိုပြောရသလဲဆိုတော့ စောစောက ကျနော်တို့ပြောသလို တပ်မတော်ရဲ့ အခန်းကဏ္ဍက ရှိနေသေးတယ်။ ဒီနေရာမှာ ဆူးညှောင့်ခလုတ်လို့ပဲ ပြောရမလား မသိဘူး။ တပ်မတော်က ကြားထဲမှာ ကြားခံအဖြစ် ရှိနေသေးတဲ့အတွက် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေဟာ ခရီးရောက်သင့်သလောက် မရောက်ဘူးလို့ ကျနော်ကတော့ ထင်တယ်။
ဦးကျော်ဇံသာ ။ ။ နောက်တခုက ပြုပြင်ပြောင်းလဲရေးအတွက် ခရီးမရောက်စေတဲ့ ကိစ္စလို့ ပြောရမှာက ဒါလဲ အရေးကြီးတဲ့ကိစ္စ။ အခုမှ ဖြစ်လာတဲ့ ဘာသာရေးဆောင်တဲ့ ပဋိပက္ခတွေ။ ပထမဦးဆုံး ရခိုင်ကစခဲ့တယ်။ ဆိုတော့ အဲဒီကိစ္စ ပြေလည်နိုင်မယ့် အလားအလာ ဘယ်လောက်ရှိပါသလဲ။ တချို့ကလည်း ပြောကြတယ်။ ရခိုင်မှာ ဖြစ်ခဲ့တဲ့ကိစ္စဆိုရင် လုံခြုံရေးဝန်ထမ်းတွေက ခိုင်းတဲ့အတိုင်း အတိအကျ မလုပ်ဘူးဆိုတာလည်း ကြားရတယ်။ နောက်တခါ နိုင်ငံတကာ အန်ဂျီအို အဖွဲ့အစည်းတွေက တဖက်သတ် ဘက်လိုက်ပြီးဆောင်ရွက်နေလို့ ပြဿနာတွေ ပိုကြီးထွားလာတယ်လို့ အမျိုးမျိုးပြောဆိုနေကြတယ်။ အဲဒီကိစ္စကို ကိုဇော်ဝင်းလှိုင် ဘယ်လိုတွေ့ရပါသလဲ။
ကိုဇော်ဝင်းလှိုင် ။ ။ နိုင်ငံတကာအဖွဲ့အစည်းတွေက တဖက်သတ် ဘက်လိုက်တယ်ဆိုတာကလည်း ဒေသခံလူထုကြားထဲမှာ ခံစားနေရတဲ့ ခံစားချက်တခုပဲ။ ဥပမာ ရခိုင်ကိစ္စမှာဆိုရင် အရမ်းသိသာတယ်။ ရခိုင်ကိစ္စမှာဆိုရင် နိုင်ငံတကာအဖွဲ့အစည်းတွေက တခြားဒေသခံ ရခိုင်လူမျိုးမဟုတ်တဲ့ မူစလင်ဘာသာဝင်တွေဖက်က ရပ်ပြီးလုပ်ပေးတယ်ဆိုတာက အသံကျယ်ကျယ်လောင်လောင် ထွက်နေတဲ့ကိစ္စ။ တဖက်မှာ စောစောကပြောသလို လုံခြုံရေးတပ်ဖွဲ့တွေက ပဋိပက္ခဖြစ်တဲ့နေရာတွေမှာ ချက်ချင်းထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိဘူးဆိုတာလည်း အမှန်ပဲ။ အစိုးရဖက်က ကြားကြားချင်းရောက်တာ နောက်ကျလို့လား။ ဒါမှမဟုတ် အထက်ပိုင်းက ကိုင်တွယ်ဖြေရှင်းပုံ ညံ့ဖျင်းလို့လားတော့ မသိဘူး။ ပြဿနာတွေ တချို့ကိစ္စတွေက မကြီးထွားသင့်ဘဲ ကြီးထွားသွားတဲ့ကိစ္စတွေကို တွေ့ရတယ်။ သံတွဲကိစ္စတို့ ဘာတို့ဆိုရင် ရုတ်တရက် ကိုင်တွယ်ဖြေရှင်းမယ်ဆိုလို့ရှိရင် ချက်ချင်းပြီးသွားနိုင်တဲ့ကိစ္စပဲ။ လူလူချင်း ရန်ဖြစ်ကြတဲ့ကိစ္စကနေ တမြို့လုံး မီးရှို့တဲ့ကိစ္စတွေဖြစ်ပြီးတော့ လူမျိုးရေး၊ ဘာသာရေး အသွင်ဆောင်တဲ့အထိ ကျယ်ပြန့်သွားတာ။
ဦးကျော်ဇံသာ ။ ။ နောက်တခါ OIC က သွားတယ်။ သူတို့က ရုံးဖွင့်မယ်ဆိုတော့ မကြာခင်ကမှ OIC ကို အပြင်းအထန် ကန့်ကွက်တဲ့ဟာတွေလည်း ကြားရတယ်။ အဲဒါဟာ တချို့ကတော့ သွေးထိုးလှုံဆောင်သူတွေရဲ့ ပယောဂကြောင့် ဒီလိုဖြစ်တယ်လို့ သုံးသပ်သူတွေရှိတယ်။
ကိုဇော်ဝင်းလှိုင် ။ ။ ပြောစရာရှိတာက အခုနောက်ပိုင်းမှာ ဘာသာရေးဆန့်ကျင်မှု ဆန္ဒပြပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာတာဟာ အခုနောက်ပိုင်း ၉၆၉ လိုမျိုး ဘာသာရေးကို အခြေခံတဲ့ အဖွဲ့အစည်းတွေ အင်အားကောင်းလာတာကြောင့်လည်းပါတယ်။ ဒီအဖွဲ့တွေ အင်အားကောင်းနေတာဟာ ဘာကြောင့်လဲဆိုတာကတော့ မေးစရာပေါ့။ တချို့က ထင်ကြတာကလဲ ၉၆၉ လို အဖွဲ့ဟာ အစိုးရဖက်ကများ၊ ဝန်ကြီးဌာနတချို့ကနေ - ဝန်ကြီးဌာနဆိုတာထက် ထိပ်ပိုင်းမှာရှိနေတဲ့ လူတချို့က မြေတောင်မြှောက်ပေးထားတယ်လို့ အဲဒီလို သံသယရှိနေတယ်လို့ ပြောရင် ပိုမှန်လိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရ ပြုပြင်ပြောင်းလဲရေးကို လိုလိုလားလား လုပ်နေတယ်ဆိုတာကတော့ အတိုင်းအတာတခုအထိ မြင်ရတယ်။ ဒါပေမဲ့ ဒီအထဲမှာလည်း ပြုပြင်ပြောင်းလဲရေးကို လိုလားတဲ့လူနဲ့ မလိုလားတဲ့လူ နှစ်မျိုးနှစ်စား ရှိနေတဲ့အခါကြတော့ မလိုလားတဲ့ အုပ်စုတွေကများ ၉၆၉ လို ဘာသာရေးအသွင်ဆောင်နေတဲ့အဖွဲ့အစည်းတွေကို မြေတောင်မြှောက်ပေးနေသလားဆိုပြီး သံသယရှိနေကြတဲ့လူတွေလည်း အထဲမှာ တော်တော်များများရှိတယ်။ ဒီလူတွေကို အချိန်မီကိုင်တွယ်ပြီးတော့ ထိန်းချုပ်လိုက်မယ်ဆိုရင်တော့ ဒီပြဿနာဟာ ချုပ်ငြိမ်းသွားမယ်လို့ ယူဆတဲ့လူတွေလည်း ရှိတယ်။ OIC ကိစ္စမှာကြတော့ ၉၆၉ ပါနေတယ်ဆိုပေမယ့်လဲ လူထုကိုယ်တိုင်က ရင်ထဲမှာ တကယ်ကို မလိုလားတဲ့အတွက် စိုးရိမ်တဲ့အတွက် သူတို့ဆန္ဒပြနေကြတယ်လို့ ကျနော်ထင်တယ်။ ဆန္ဒပြတဲ့လူတွေကို မေးကြည့်ပြီးတော့ သိရတဲ့အသိပေါ့။ OIC လို မူစလင်အဖွဲ့အစည်းတခုက မြန်မာပြည်မှာ ရုံးလာစိုက်မှာကို အထူးသဖြင့် OIC လာတာ မလာတာက ကိစ္စအကြောင်းမဟုတ်ဘူး။ မြန်မာပြည်ထဲမှာလာပြီး ရုံးလာစိုက်မယ့်ကိစ္စကိုတော့ မြန်မာလူထုက လက်မခံနိုင်တာကတော့ အရမ်းကို သိသာတယ်။
ဦးကျော်ဇံသာ ။ ။ သူတို့က ဘာကို စိုးရိမ်လဲ။
ကိုဇော်ဝင်းလှိုင် ။ ။ သဘောက ဒီမှာ ရုံးလာစိုက်မယ်ဆိုရင် တဖက်က သူတို့ဖက်က အကူအညီတွေ အများကြီးရမယ်။ အများကြီးရပြီးတော့ တဖြည်းဖြည်း တဖက်က ကြီးထွားလာမယ်။ မလိုလားအပ်တဲ့ အကြမ်းဖက်မှုတွေ ပိုပြီးကြီးထွားလာမယ်လို့ တဖြည်းဖြည်းနဲ့ သံသယ ရှိလာပုံရတယ်။
ဦးကျော်ဇံသာ ။ ။ နောက်ဆုံးမေးချင်တာတခုက နောက်တကျော့ပြန် မြန်မာပြည်ကို သတင်းထောက်တာဝန်အရ သွားမယ်ဆိုရင် အခြေအနေတွေ ဒီထက်အေးအေးချမ်းချမ်း သတင်းတွေကို ပိုရလိမ့်မယ် ထင်သလား။ ဒီလိုပဲ တင်းတင်းမာမာ ဖြစ်နေတဲ့ သတင်းတွေကိုပဲ ဆက်လိုက်နေရမယ် ထင်သလား။
ကိုဇော်ဝင်းလှိုင် ။ ။ ဒီ (၁) နှစ် (၂) နှစ်အတွင်းမှာ ပြန်သွားရမယ်ဆိုရင်တော့ အခြေအနေကတော့ ဒီထက်ပိုပြီးတော့ ထူးခြားမယ်လို့တော့ မထင်ဘူး။