သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးသမားတွေကို ဘာကြောင့်ပဲ လွှတ်လွှတ် ဝေဖန်စရာမရှိ


နိုင်ငံရေးသမားတွေကို ဘာကြောင့်ပဲ လွှတ်လွှတ် ဝေဖန်စရာမရှိ
နိုင်ငံရေးသမားတွေကို ဘာကြောင့်ပဲ လွှတ်လွှတ် ဝေဖန်စရာမရှိ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ အာဏာပိုင်တွေအနေနဲ့ သူ့ကို လွှတ်ပေးလိုက်တာဟာ နိုင်ငံတကာကို လှည့်စားချင်လို့ နိုင်ငံရေးအရ အမြတ်ထုတ်ချင်လို့ ဖြစ်စေဦးတော့ ဝေဖန်စရာမဟုတ်ဘဲ ကိုယ်လုပ်ချင်ရာ လွတ်လွတ်လပ်လပ် လုပ်ခွင့်ရတယ်ဆိုရင် ကောင်းတဲ့လုပ်ရပ်ပဲလို့ ပြောကြားလိုက်ပါတယ်။ ဗွီအိုအေ Crossroads Asia အစီအစဉ်နဲ့ဲ ပြုလုပ်တဲ့ ဆက်သွယ်မေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြောကြားလိုက်တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နဲ့ VOA ဆက်သွယ်မေးမြန်းခန်း တတိယပိုင်းကို ဆက်လက်နားဆင်ကြပါရှင်။

"ကျမလွတ်လာတော့ ကျမရဲ့အလုပ်ကို ဆက်လုပ်နိုင်ပါတယ်။ ဒါ့ကြောင့် သူတို့အနေနဲ့ နိုင်ငံရေး အမြတ် ထုတ်ချင်လို့ လွှတ်တာ ဖြစ်သည့်တိုင် ကျမကတော့ မဝေဖန်ပါဘူး။ လွှတ်ပေးခံရမယ့် နိုင်ငံရေး အကျဉ်းသား အနေနဲ့ ဘာမလုပ်ရ ညာမလုပ်ရဆိုတဲ့ ဝန်ခံချက်တွေ မလုပ်ရဘူးဆိုရင် ကောင်းတဲ့ဖြစ်ရပ်ပဲ၊ ကိုယ်အလုပ်တွေကို ပိုလုပ်ခွင့်ရလာတာပါပဲ။"

သူ့အနေနဲ့ ပညာရှင်တယောက်အဖြစ်ကနေ နိုင်ငံရေးအကျဉ်းသားတယောက်အဖြစ် ထိန်းသိမ်းတာခံလိုက် ရတဲ့အတွက် နိုင်ငံရေးသမားတဦး ဖြစ်လာရတယ်လို့ ဆိုပါတယ်။ အာဏာပိုင်တွေအနေနဲ့ လူတွေကို နိုင်ငံရေး မလုပ်စေချင်ရင် မဖမ်းနဲ့ပေါ့ လို့လည်း ရယ်သွမ်းသွေးပြီး ပြောဆိုသွားပါတယ်။

ဖခင်ဖြစ်သူရဲ့ အစဉ်အလာကြောင့် နိုင်ငံရေးအစဉ်အလာ ဆက်ခံရရှိလာခဲ့တာလား အထုံပါရမီရလာတာလား ဆိုတဲ့မေးခွန်းကိုတော့ ဒေါ်အောင်ဆန်းစုကြည် က ကံတရားနဲ့သာ ဆိုင်ပါလိမ့်မယ်လို့ အခုလို ပြန်ဖြေ ခဲ့ပါတယ်။

"ကျမက ကံတရားလို့ပဲ ထင်ပါတယ်။ ကံတရားဆိုတာ တကယ်တော့ ကိုယ်လုပ်တဲ့အလုပ်ပါပဲ။ အထုံပါရမီ ဆိုတာတွေကိုတော့ ကျမ သိပ် အယုံအကြည်မရှိပါဘူး။"

ဖခင်ဖြစ်သူရဲ့ လုပ်ရပ်ကို လက်ဆင့်ကမ်း သယ်ဆောင်ရင်း နိုင်ငံရေးနဲ့ ပတ်သက်လာခဲ့တဲ့ အမျိုးသမီးတွေ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အဲဒီလို ပြောလို့ရပါသလားဆိုတဲ့ မေးခွန်းကိုတော့ ဒေါ်အောင်ဆန်းစုကြည် က အခုလို ပြန်ဖြေသွားပါတယ်။

"ကျမဟာ ကျမအဖေကို အဖေအနေနဲ့ရော နိုင်ငံရေးခေါင်းဆောင်အနေနဲ့ရော မှတ်ယူပါတယ်။ သူဟာ ကျမ ယုံကြည်တဲ့ နိုင်ငံရေးခေါင်းဆောင်ဖြစ်ပါတယ်။ သူဟာ စစ်ခေါင်းဆောင် မဟုတ်ပါဘူး။ သူ့ရဲ့နိုင်ငံရေးဘဝကို ကျောင်းသားခေါင်းဆောင် တယောက်အနေနဲ့ စတင်ခဲ့ပါတယ်။ နောက် ပါတီနိုင်ငံရေးသမား ဖြစ်လာခဲ့ပါတယ်။ အများသဘောတူ ဆုံးဖြတ်ချက်အရ ကမ္ဘာစစ်အတွင်းမှာ စစ်ရေးအကူအညီယူဖို့ ဖြစ်လာခဲ့တာပါ။ ဒါကြောင့် သူစစ်ခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ စစ်ခေါင်းဆောင်အနေနဲ့ နိုင်ငံရေးမှာ ပါဝင်သင့်တယ်ဆိုတာ မယုံကြည်လို့ အရပ်သား နိုင်ငံရေးသမားအဖြစ် ပြန်လည်ခံယူခဲ့ပါတယ်။"

ဆက်စပ်သတင်းများ ...

XS
SM
MD
LG