သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Bill Richardson ရဲ႕ ျမန္မာခရီးစဥ္ Biden အစိုးရ ႀကိဳဆို


Bill Richardson

ကုလသမဂၢဆိုင္ရာ အေမရိကန္သံအမတ္ေဟာင္း Bill Richardson ရဲ႕ ျမန္မာႏိ္ုင္ငံ သီးသန္႔ခရီးစဥ္ကို အေမရိကန္အစိုးရက ႀကိဳဆိုေၾကာင္း တနလၤာေန႔မွာ ေျပာၾကားလိုက္ပါတယ္။

Zawgyi/ Unicode

Zawgyi

ကုလသမဂၢဆိုင္ရာ အေမရိကန္သံအမတ္ေဟာင္း Bill Richardson ရဲ႕ ျမန္မာႏိ္ုင္ငံ သီးသန္႔ခရီးစဥ္ဟာ လူသားခ်င္းစာနာမႈအကူညီေတြ ျမန္မာႏိုင္ငံဆီ အျမန္ေရာက္ဖို႔ အေထာက္အကူျဖစ္ေစႏိုင္တာေၾကာင့္ အေမရိကန္အစိုးရက ႀကိဳဆိုေၾကာင္း တနလၤာေန႔မွာ ေျပာၾကားလိုက္ပါတယ္။

လူသားခ်င္းစာနာမႈ ျပႆနာဆိုင္ရာ အေတြ႕အၾကံဳအမ်ားအျပားရွိသူတဦးျဖစ္တဲ့ New Mexico ျပည္နယ္အုပ္ခ်ဳပ္ေရးမႈးေဟာင္း မစၥတာ Richardson ကို အေမရိကန္အစိုးရက ေစလႊတ္တာမဟုတ္ေပမယ့္ သူ႔ရဲ႕အခု ခရီးစဥ္ကေန လူသားခ်င္းစာနာမႈ အေထာက္အကူအတြက္ တိုးတက္မႈရႏိုင္မယ္လို႔ ေမွ်ာ္လင့္ေၾကာင္းနဲ႔ ျမန္မာႏိုင္ငံက ကိုဗစ္ကပ္ေရာဂါနဲ႔ တျခား အေရးတႀကီးလိုအပ္ခ်က္ေတြအတြက္ အေထာက္အကူေပးေရးကို စစ္ေခါင္းေဆာင္ေတြ ခြင့္ျပဳလာေအာင္ မစၥတာ Richardson အေနနဲ႔ ေျပာၾကားႏိုင္မယ္လို႔ ေမွ်ာ္လင့္ေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဌာနက ေျပာပါတယ္။ ဒါ့အျပင္ ျမန္မာႏိုင္ငံဟာ လူသားခ်င္းစာနာမႈနဲ႔ က်န္းမာေရးအတြက္ လိုအပ္ခ်က္ေတြ အေတာ္ႀကီးမားေနေၾကာင္းနဲ႔ အာဏာသိမ္းထားတဲ့ စစ္တပ္အေနနဲ႔ အၾကမ္းဖက္မႈေတြ ခ်က္ခ်င္းရပ္ဖို႔၊ မတရားဖမ္းထားသူေတြျပန္လႊတ္ဖို႔၊ လူသားခ်င္းစာနာမႈ အကူညီေတြ အေႏွာက္အယွက္မရွိ ေပးခြင့္ျပဳဖို႔ အျပင္ က်န္းမာေရးနဲ႔ လူသားခ်င္းစာနာမႈလုပ္သားေတြကို လံုျခံဳမႈေပးဖို႔ အေမရိကန္အစိုးရက ဆက္လက္ေတာင္းဆိုေၾကာင္းလည္း ေျပာပါတယ္။

အေမရိကန္အထက္လႊတ္ေတာ္ ႏိုင္ငံျခားေရးေကာ္မတီကလည္း မစၥတာ Richardson ရဲ႕ ျမန္မာခရီးစဥ္ေခ်ာေမြ႕ေစဖို႔ နဲ႔ ေဘးကင္းစြာ ျပန္ေရာက္ဖို႔ ဆုေတာင္းေၾကာင္း တြစ္တာကေနေျပာပါတယ္။ Bill Richardson ကေတာ့ တနဂၤေႏြေန႔မွာ ျမန္မာႏိုင္ငံကိုသြားေနၿပီ ျဖစ္ေၾကာင္း ေၾကညာခဲ့ၿပီး ျမန္မာႏိုင္ငံမွာ လက္ရွိအခ်ိန္ဟာ ျပႆနာေတြနဲ႔ မတည္မၿငိမ္ျဖစ္ေနၿပီး ဒီလိုအခ်ိန္မ်ိဳးမွာ အထူးလိုအပ္ေလ့ရွိတဲ့ လူသားခ်င္းစာနာမႈအကူအညီေတြကို ရေအာင္ လုပ္ေပးရမွာျဖစ္ေၾကာင္း ေျပာၾကားခဲ့တာပါ။

ျမန္မာႏိုင္ငံကို ေရာက္ေနၿပီျဖစ္တဲ့ Bill Richardson ဟာ အဂၤါေန႔ မနက္ပိုင္းမွာ ေနျပည္ေတာ္မွာ ျမန္မာစစ္ေကာင္စီအႀကီးအကဲ ဗိုလ္ခ်ဳပ္မႈးႀကီး မင္းေအာင္လႈိင္နဲ႔ ေတြ႕ဆံုမွာ ျဖစ္ပါတယ္။ အလားတူပဲ ႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ ျပည္ထဲေရးဝန္ႀကီးဌာနနဲ႔ လူကယ္ျပန္ ဝန္ႀကီးဌာနေတြက တာဝန္ရွိသူေတြနဲ႔လည္း သီးျခားစီေတြ႕ဆံုမယ္လို႔ သိရပါတယ္။

Unicode

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း Bill Richardson ရဲ့ မြန်မာနိုင်ငံ သီးသန့်ခရီးစဉ်ဟာ လူသားချင်းစာနာမှုအကူညီတွေ မြန်မာနိုင်ငံဆီ အမြန်ရောက်ဖို့ အထောက်အကူဖြစ်စေနိုင်တာကြောင့် အမေရိကန်အစိုးရက ကြိုဆိုကြောင်း တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။
လူသားချင်းစာနာမှု ပြဿနာဆိုင်ရာ အတွေ့အကြုံအများအပြားရှိသူတဦးဖြစ်တဲ့ New Mexico ပြည်နယ်အုပ်ချုပ်ရေးမှုးဟောင်း မစ္စတာ Richardson ကို အမေရိကန်အစိုးရက စေလွှတ်တာမဟုတ်ပေမယ့် သူ့ရဲ့အခု ခရီးစဉ်ကနေ လူသားချင်းစာနာမှု အထောက်အကူအတွက် တိုးတက်မှုရနိုင်မယ်လို့ မျှော်လင့်ကြောင်းနဲ့ မြန်မာနိုင်ငံက ကိုဗစ်ကပ်ရောဂါနဲ့ တခြား အရေးတကြီးလိုအပ်ချက်တွေအတွက် အထောက်အကူပေးရေးကို စစ်ခေါင်းဆောင်တွေ ခွင့်ပြုလာအောင် မစ္စတာ Richardson အနေနဲ့ ပြောကြားနိုင်မယ်လို့ မျှော်လင့်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ပြောပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံဟာ လူသားချင်းစာနာမှုနဲ့ ကျန်းမာရေးအတွက် လိုအပ်ချက်တွေ အတော်ကြီးမားနေကြောင်းနဲ့ အာဏာသိမ်းထားတဲ့ စစ်တပ်အနေနဲ့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့၊ မတရားဖမ်းထားသူတွေပြန်လွှတ်ဖို့၊ လူသားချင်းစာနာမှု အကူညီတွေ အနှောက်အယှက်မရှိ ပေးခွင့်ပြုဖို့ အပြင် ကျန်းမာရေးနဲ့ လူသားချင်းစာနာမှုလုပ်သားတွေကို လုံခြုံမှုပေးဖို့ အမေရိကန်အစိုးရက ဆက်လက်တောင်းဆိုကြောင်းလည်း ပြောပါတယ်။
အမေရိကန်အထက်လွှတ်တော် နိုင်ငံခြားရေးကော်မတီကလည်း မစ္စတာ Richardson ရဲ့ မြန်မာခရီးစဉ်ချောမွေ့စေဖို့ နဲ့ ဘေးကင်းစွာ ပြန်ရောက်ဖို့ ဆုတောင်းကြောင်း တွစ်တာကနေပြောပါတယ်။ Bill Richardson ကတော့ တနင်္ဂနွေနေ့မှာ မြန်မာနိုင်ငံကိုသွားနေပြီ ဖြစ်ကြောင်း ကြေညာခဲ့ပြီး မြန်မာနိုင်ငံမှာ လက်ရှိအချိန်ဟာ ပြဿနာတွေနဲ့ မတည်မငြိမ်ဖြစ်နေပြီး ဒီလိုအချိန်မျိုးမှာ အထူးလိုအပ်လေ့ရှိတဲ့ လူသားချင်းစာနာမှုအကူအညီတွေကို ရအောင် လုပ်ပေးရမှာဖြစ်ကြောင်း ပြောကြားခဲ့တာပါ။
မြန်မာနိုင်ငံကို ရောက်နေပြီဖြစ်တဲ့ Bill Richardson ဟာ အင်္ဂါနေ့ မနက်ပိုင်းမှာ နေပြည်တော်မှာ မြန်မာစစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ အလားတူပဲ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ လူကယ်ပြန် ဝန်ကြီးဌာနတွေက တာဝန်ရှိသူတွေနဲ့လည်း သီးခြားစီတွေ့ဆုံမယ်လို့ သိရပါတယ်။

XS
SM
MD
LG