သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ အေနာက္ေျမာက္ တိုက္ပဲြျပင္းထန္လာမႈ ကုလအထူးစိုးရိမ္


htan ta lan

ျမန္မာႏိုင္ငံ အေနာက္ေျမာက္ပိုင္းေဒသတြင္း တိုက္ပြဲအရွိန္ ျမင့္မားလာေနတာအတြက္ ကုလသမဂၢက အထူးစိုးရိမ္ေၾကာင္းေျပာပါတယ္

Zawgyi/ Unicode

Zawgyi

ျမန္မာႏိုင္ငံ အေနာက္ေျမာက္ပိုင္းေဒသတြင္း တိုက္ပြဲအရွိန္ ျမင့္မားလာေနတာအတြက္ ကုလသမဂၢက အထူးစိုးရိမ္ေၾကာင္းနဲ႔ ဒီလိုစစ္ေရးအရွိန္ျမင့္လာမႈေၾကာင့္ စစ္တပ္အာဏာသိမ္းၿပီး ၉ လေက်ာ္လာခ်ိန္မွာ ျပည္သူေတြရဲ႕အိုးအိမ္စည္းစိမ္ အဖ်က္ဆီးခံရတာနဲ႔ ေနရပ္စြန္႔ခြါထြက္ေျပးရသူ အေရတြက္ပိုမ်ားလာတယ္လို႔ ကုလသမဂၢအတြင္းေရးမႈးခ်ဳပ္ရံုး ေျပာခြင့္ရ Florencia Nini- Martinez က ေျပာပါတယ္။

ခ်င္းျပည္နယ္နဲ႔ မေကြးတိုင္း စစ္ကိုင္းတိုင္းေတြမွာ ျမန္မာစစ္တပ္နဲ႔ ေဒသခံ ျပည္သူ႔ကာကြယ္ေရးတပ္ေတြၾကား တိုက္ပြဲေတြ အခုရက္ပိုင္းအတြင္း ပိုတိုးလာတာအတြက္ ဌာေနကုလသမဂၢအဖြဲ႔ေတြက စိုးရိမ္ေနၾကသလို ေဖေဖၚဝါရီ ၁ ရက္မွာ ျမန္မာႏိုင္ငံက အေရြးေကာက္ခံအစိုးရကို ျဖဳတ္ခ်ၿပီး စစ္တပ္အာဏာသိမ္းခဲ့တဲ့ ေနာက္ပိုင္း အခုလိုျဖစ္ပြါးေနတဲ့ တိုက္ပြဲေတြေၾကာင့္ ျပည္သူေတြရဲ႕ ပိုင္ဆိုင္မႈေတြ အဖ်က္ဆီးခံရတာနဲ႔ ေနရပ္ေရႊ႕ေျပာင္းရသူ အေရအတြက္ ပိုမ်ားလာေစတယ္လို႔ ေျပာပါတယ္။

ခ်င္းျပည္နယ္အေနာက္ပိုင္း ထန္တလန္ၿမိဳ႕မွာ NGO ရံုးတရံုးအပါအဝင္ လူေနအိမ္ အလံုး ၁၆၀ ေက်ာ္ မီးရႈိ႕ဖ်က္ဆီးခံရတာနဲ႔ ၿမိဳ႕ထဲကိုလက္နက္ႀကီးေတြနဲ႔ ပစ္ခတ္မႈေတြ ရွိေနတယ္ ဆိုတဲ့ သတင္းေတြေၾကာင့္ စိုးရိမ္ေၾကာင္းလည္း ေျပာပါတယ္။ ျမန္မာႏိ္ုင္ငံ အေနာက္ေျမာက္ပိုင္းေဒသတြင္း လက္ရွိတိုက္ပြဲေတြေၾကာင့္ အမ်ိဳးသမီးနဲ႔ ကေလးငယ္ေတြ အပါအဝင္ ေဒသခံ ၃၇ ၀၀၀ ေလာက္ အိႏၵိယအပါအဝင္ ေဘးလြတ္ရာကို အိုးအိမ္စြန္႔ခြါ ထြက္ေျပးေနရေၾကာင္းနဲ႔ ခ်င္းျပည္နယ္ ပလက္ဝေဒသမွာ ၂၀၁၉ ကတည္းက ျဖစ္ပြါးတဲ့တိုက္ပြဲေတြေၾကာင့္ အရင္ကတည္းက စစ္ေရွာင္ ၇၀၀၀ ေက်ာ္ရွိေနတာ ျဖစ္ၿပီး စစ္တပ္အာဏာသိမ္းခဲ့ခ်ိန္ကေန အခုခ်ိန္အထိဆို ျမန္မာႏိုင္ငံတလႊား ေနာက္ထပ္ ေနရပ္စြန္႔ခြါ ထြက္ေျပးရတဲ့ ဒုကၡသည္က ၂ သိန္းေက်ာ္ (၂၁၉ ၀၀၀ ) ေနၿပီလို႔လည္း ေျပာပါတယ္။

သက္ဆိုင္ရာအဖြဲ႔ေတြ အေနနဲ႔ တိုက္ပြဲေတြအတြင္း ႏိုင္ငံတကာ လူသားခ်င္းစာနာမႈဆိုင္ရာ ဥပေဒကိုလိုက္နာၿပီး အရပ္သားေတြကို အကာကြယ္ေပးဖို႔လည္း ကုလသမဂၢက ထပ္ေလာင္းေတာင္းဆိုခဲ့ပါတယ္။ ဒါ့အျပင္ အရပ္သားေတြ၊ လူသားခ်င္းစာနာမႈ အကူညီေပးေနသူေတြနဲ႔ သူတို႔ရဲ႕ ပိုင္ဆိုင္မႈေတြကို ပစ္မွတ္ထား မတိုက္ခိုက္ဖို႔ပါ သတိေပးခဲ့ပါတယ္။

ဒါ့အျပင္ ျမန္မာႏိ္္ုင္ငံကို သြားေရာက္ေနတဲ့ ကုလသမဂၢဆိုင္ရာ အေမရိကန္သံအမတ္ေဟာင္း Bill Richardson အေနနဲ႔ ျမန္မာႏိုင္ငံ ခရီးစဥ္နဲ႔ ပတ္သက္ၿပီး ရလဒ္ေတြကို အတြင္းေရးမႈးခ်ဳပ္ဆီ အစီရင္ခံမွာ ျဖစ္ေၾကာင္းလည္း အတြင္းေရးမႈးခ်ဳပ္ရံုး ေျပာခြင့္ရက ေျပာပါတယ္။

Unicode

မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းဒေသတွင်း တိုက်ပွဲအရှိန် မြင့်မားလာနေတာအတွက် ကုလသမဂ္ဂက အထူးစိုးရိမ်ကြောင်းနဲ့ ဒီလိုစစ်ရေးအရှိန်မြင့်လာမှုကြောင့် စစ်တပ်အာဏာသိမ်းပြီး ၉ လကျော်လာချိန်မှာ ပြည်သူတွေရဲ့အိုးအိမ်စည်းစိမ် အဖျက်ဆီးခံရတာနဲ့ နေရပ်စွန့်ခွါထွက်ပြေးရသူ အရေတွက်ပိုများလာတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရ Florencia Nini- Martinez က ပြောပါတယ်။


ချင်းပြည်နယ်နဲ့ မကွေးတိုင်း စစ်ကိုင်းတိုင်းတွေမှာ မြန်မာစစ်တပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ အခုရက်ပိုင်းအတွင်း ပိုတိုးလာတာအတွက် ဌာနေကုလသမဂ္ဂအဖွဲ့တွေက စိုးရိမ်နေကြသလို ဖေဖေါ်ဝါရီ ၁ ရက်မှာ မြန်မာနိုင်ငံက အရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး စစ်တပ်အာဏာသိမ်းခဲ့တဲ့ နောက်ပိုင်း အခုလိုဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေကြောင့် ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုတွေ အဖျက်ဆီးခံရတာနဲ့ နေရပ်ရွှေ့ပြောင်းရသူ အရေအတွက် ပိုများလာစေတယ်လို့ ပြောသွားတာပါ။
ချင်းပြည်နယ်အနောက်ပိုင်း ထန်တလန်မြို့မှာ NGO ရုံးတရုံးအပါအဝင် လူနေအိမ် အလုံး ၁၆၀ ကျော် မီးရှို့ဖျက်ဆီးခံရတာနဲ့ မြို့ထဲကိုလက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေ ရှိနေတယ် ဆိုတဲ့ သတင်းတွေကြောင့် စိုးရိမ်ကြောင်းလည်း ပြောပါတယ်။ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းဒေသတွင်း လက်ရှိတိုက်ပွဲတွေကြောင့် အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် ဒေသခံ ၃၇ ၀၀၀ လောက် အိန္ဒိယအပါအဝင် ဘေးလွတ်ရာကို အိုးအိမ်စွန့်ခွါ ထွက်ပြေးနေရကြောင်းနဲ့ ချင်းပြည်နယ် ပလက်ဝဒေသမှာ ၂၀၁၉ ကတည်းက ဖြစ်ပွါးတဲ့တိုက်ပွဲတွေကြောင့် အရင်ကတည်းက စစ်ရှောင် ၇၀၀၀ ကျော်ရှိနေတာ ဖြစ်ပြီး စစ်တပ်အာဏာသိမ်းခဲ့ချိန်ကနေ အခုချိန်အထိဆို မြန်မာနိုင်ငံတလွှား နောက်ထပ် နေရပ်စွန့်ခွါ ထွက်ပြေးရတဲ့ ဒုက္ခသည်က ၂ သိန်းကျော် (၂၁၉ ၀၀၀ ) နေပြီလို့လည်း ပြောပါတယ်။
သက်ဆိုင်ရာအဖွဲ့တွေ အနေနဲ့ တိုက်ပွဲတွေအတွင်း နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေကိုလိုက်နာပြီး အရပ်သားတွေကို အကာကွယ်ပေးဖို့လည်း ကုလသမဂ္ဂက ထပ်လောင်းတောင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် အရပ်သားတွေ၊ လူသားချင်းစာနာမှု အကူညီပေးနေသူတွေနဲ့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ပစ်မှတ်ထား မတိုက်ခိုက်ဖို့ပါ သတိပေးခဲ့ပါတယ်။
ဒါ့အပြင် မြန်မာနိ်ုင်ငံကို သွားရောက်နေတဲ့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း Bill Richardson အနေနဲ့ မြန်မာနိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်ပြီး ရလဒ်တွေကို အတွင်းရေးမှုးချုပ်ဆီ အစီရင်ခံမှာ ဖြစ်ကြောင်းလည်း အတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရက ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG