စနေနေ့က ကျင်းပတဲ့ တောင်ကာရိုလိုင်းနား (South Carolina) ပြည်နယ်၊ ရီပက်ပလီကန် ပါတီတွင်း သမ္မတလောင်းရွေးပွဲမှာ ယခင် အမေရိကန် အောက်လွှတ်တော်အမတ် နယူးတ်ဂင်းဂရစ်ခ်ျ (Newt Gingrich) အနိုင်ရရှိသွားပါတယ်။ ဒီနှစ် နိုဝင်ဘာလမှာ ကျင်းပမယ့် အမေရိကန် သမ္မတ ရွေးကောက်ပွဲအတွက် ရီပက်ပလီကန် ပါတီတွင်းမှာ သမ္မတလောင်း ရွေးကောက်ပွဲတွေကို ပြည်နယ်အလိုက် ကျင်းပနေတာပါ။
နယူးတ်ဂင်းဂရစ်ခ်ျ က မဲ ၄၀ ရာခိုင်နှုန်းကို ရရှိပြီး နယူးဟမ်းရှား (New Hampshire) ပြည်နယ်မှာ အနိုင်ရရှိခဲ့တဲ့ ယခင် မက်ဆာချူးဆက်ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း မစ်ရွန်မနီ (Mitt Romney) က မဲ ၂၈ ရာနှုန်းကို ရရှိခဲ့ပါတယ်။ လွန်ခဲ့တဲ့ တစ်ပတ်အလိုကတော့ မစ္စတာ ရွန်မနီ အနိုင်ရရှိမယ်လို့ မျှော်လင့်ခဲ့ပေမဲ့ သူ့အပေါ် အရင်းရှင်ကြီး တစ်ယောက်အဖြစ် တိုက်ခိုက်တာကို သူ့ရဲ့ စည်းရုံးရေး အဖွဲ့တွေ ရင်ဆိုင်ခဲ့ကြရပါတယ်။
ယခင် အထက်လွှတ်တော်အမတ် ရစ်ခ်ျဆန်တိုရမ် (Rich Santorum) က ၁၇ ရာခိုင်နှုန်းနဲ့ တတိယ လိုက်ပြီး အောက်လွှတ်တော် အမတ် ရွန်ပေါလ် (Ron Paul) က ၁၃ ရာခိုင်နှုန်းနဲ့ စတုတ္ထလိုက်ခဲ့ပါတယ်။