သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Newt Gingrich တောင်ကယ်ရိုလိုင်းနားမှာ အနိုင်ရ

Newt Gingrich တောင်ကယ်ရိုလိုင်းနားမှာ အနိုင်ရ
Newt Gingrich တောင်ကယ်ရိုလိုင်းနားမှာ အနိုင်ရ

စနေနေ့က ကျင်းပတဲ့ တောင်ကာရိုလိုင်းနား (South Carolina) ပြည်နယ်၊ ရီပက်ပလီကန် ပါတီတွင်း သမ္မတလောင်းရွေးပွဲမှာ ယခင် အမေရိကန် အောက်လွှတ်တော်အမတ် နယူးတ်ဂင်းဂရစ်ချ် (Newt Gingrich) အနိုင်ရရှိသွားပါတယ်။ ဒီနှစ် နိုဝင်ဘာလမှာ ကျင်းပမယ့် အမေရိကန် သမ္မတ ရွေးကောက်ပွဲအတွက် ရီပက်ပလီကန် ပါတီတွင်းမှာ သမ္မတလောင်း ရွေးကောက်ပွဲတွေကို ပြည်နယ်အလိုက် ကျင်းပနေတာပါ။

နယူးတ်ဂင်းဂရစ်ချ် က မဲ ၄၀ ရာခိုင်နှုန်းကို ရရှိပြီး နယူးဟမ်းရှား (New Hampshire) ပြည်နယ်မှာ အနိုင်ရရှိခဲ့တဲ့ ယခင် မက်ဆာချူးဆက်ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း မစ်ရွန်မနီ (Mitt Romney) က မဲ ၂၈ ရာနှုန်းကို ရရှိခဲ့ပါတယ်။ လွန်ခဲ့တဲ့ တစ်ပတ်အလိုကတော့ မစ္စတာ ရွန်မနီ အနိုင်ရရှိမယ်လို့ မျှော်လင့်ခဲ့ပေမဲ့ သူ့အပေါ် အရင်းရှင်ကြီး တစ်ယောက်အဖြစ် တိုက်ခိုက်တာကို သူ့ရဲ့ စည်းရုံးရေး အဖွဲ့တွေ ရင်ဆိုင်ခဲ့ကြရပါတယ်။

ယခင် အထက်လွှတ်တော်အမတ် ရစ်ချ်ဆန်တိုရမ် (Rich Santorum) က ၁၇ ရာခိုင်နှုန်းနဲ့ တတိယ လိုက်ပြီး အောက်လွှတ်တော် အမတ် ရွန်ပေါလ် (Ron Paul) က ၁၃ ရာခိုင်နှုန်းနဲ့ စတုတ္ထလိုက်ခဲ့ပါတယ်။

This item is part of
XS
SM
MD
LG