သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယူးယောက်ဗုံးခွဲမှု သံသယရှိသူတဦးကို ဖမ်းဆီးရမိ


သံသယရှိသူ Ahmad Khan Rahami (Courtesy- FBI)
သံသယရှိသူ Ahmad Khan Rahami (Courtesy- FBI)

ပြီးခဲ့တဲ့ စနေနေ့ညပိုင်းက နယူးယောက်မြို့ မန်ဟက်တန် အရပ်မှာ ဖြစ်ခဲ့တဲ့ ဗုံးပေါက်ကွဲမှုနဲ့ ဆက်စပ်ပြီး သံသယရှိသူ Ahmad Khan Rahami ကို New Jerseyပြည်နယ် Linden မြို့မှာ ဒီကနေ့ အမေရိကန်စံတော်ချိန် တနင်္လာနေ့ နှောင်းပိုင်းမှာပဲ ဖမ်းဆီးလိုက်ပါတယ်။

ရဲတပ်ဖွဲ့နဲ့ အပြန်အလှန် ပစ်ခတ်တာတွေ ရှိခဲ့ပြီးတဲ့နောက် နောက်ဆုံး သူ့ကို ဖမ်းဆီးနိုင်ခဲ့တာပါ။ အသက် ၂၈ နှစ်အရွယ် အာဖဂန် နွယ်ဖွား အမေရိကန် နိုင်ငံသား Rahami ကို စနေနေ့ညက နယူးယောက်မြို့ Chelsea ရပ်ကွက်မှာ လူပေါင်း ၂၉ ယောက် ဒဏ်ရာရခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှု အပါအဝင် ဖောက်ခွဲတိုက်ခိုက်မှု လေးခုနဲ့ဆက်စပ်ပြီး တာဝန်ရှိသူတွေက လိုက်လံရှာဖွေနေတာပါ။

Rahami ကို တနင်္လာနေ့ အစောပိုင်းကတည်းက လိုက်လံရှာဖွေနေတဲ့ အကြောင်းကို ရဲတပ်ဖွဲ့က ကြေညာထားတာပါ။ အခု သူ့ကို ဖမ်းဆီးမိခဲ့တဲ့ Linden မြို့ကနေ ၆ ကီလိုမီတာလောက် အကွာ Elizabeth မြို့မှာ Rahami နေထိုင်တာဖြစ်ပါတယ်။ သူ့ရဲ့မိသားစုဟာ သူတို့နေထိုင်ရာအိမ် ပထမထပ်မှာ စားသောက်ဆိုင်တဆိုင် ဖွင့်ထားသူတွေဖြစ်တယ်လို့ ဒေသဆိုင်ရာ သတင်းတွေမှာ ဖော်ပြကြပါတယ်။

XS
SM
MD
LG