သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယူးယောက် ကားဂိတ် ပေါက်ကွဲမှု သံသယရှိသူတဦးဖမ်းမိ


အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့က သယ်ယူပို့ဆောင်ရေး အာဏာပိုင် အဖွဲ့က စီမံခန့်ခွဲတဲ့ ခရီးသည်တင်ကားဂိတ် Port Authority Bus Terminal အနီးမှာ အခု မနက်ပိုင်း ပေါက်ကွဲမှုတခု ဖြစ်ခဲ့ပြီး သံသယရှိသူ တဦးကို ဖမ်းထားကြောင်း နယူးယောက် ရဲအဖွဲ့က ပြောပါတယ်။

နယူးယောက် မြို့တော်ဝန် Bill de Blasio ကတော့ ဒီလူက အကြမ်းဖက် ဝါဒစွဲ တိုက်ခိုက်ဖို့ ကြံစည်ခဲ့တာလို့ ပြောလိုက်ပါတယ်။ ဖမ်းခံထားရသူကတော့ အသက် ၂၇ နှစ် အရွယ် Akayed Ullah ဖြစ်ပြီး သူ့ကိုယ်မှာ အဖြစ်လုပ်ထားတဲ့ ဖောက်ခွဲပစ္စည်းတွေ တပ်ဆင်ထားတယ်လို့လည်း နယူးယောက်ရဲမင်းကြီး James O’Neill က ပြောပါတယ်။ Ullah က သူ့ကိုယ်မှာ တပ်ဆင်ထားတဲ့ ဗုံးပေါက်ကွဲပြီးနောက် မီးလောင်ဒဏ်ရာနဲ့ ထိခိုက်ဒဏ်ရာ ရသွားတဲ့ အကြောင်းလည်း နယူးယောက် ရဲမင်းကြီးက ပြောပါတယ်။

ဖောက်ခွဲသူ အပြင် တခြားလူ သုံးယောက်လည်း ဒဏ်ရာရထားတဲ့ အကြောင်း နယူးယောက် မီးသတ်ဌာနက အတည်ပြုပါတယ်။ အခင်းဖြစ် နေရာတဝိုက်က မြေအောက်ရထားလိုင်း သုံးခုကိုလည်း ပြောင်းရွှေ့ထားပြီး တခြား မြေအောက်ရထားလိုင်းတွေလည်း ပေါက်ကွဲမှု ဖြစ်တယ်ဆိုတဲ့ ခရီးသွားတွေ အသွားအလာများရာ မက်ဟန်တန် အရပ်က Time Sqauare က ၄၂ လမ်းမှာ မရပ်ဘဲ ပြေးဆွဲနေကြပါတယ်။

နယူးယောက် မြေအောက်ရထားလိုင်းတွေကိုတော့ ဒီညနေပိုင်း အသွားအလာ ရှုပ်မယ့်အချိန်မှာ ပြန်ပြီး ပုံမှန် ပြေးဆွဲနိုင်ဖို့ မျှော်လင့်ထားပါတယ်။ အခု အဖြစ်အပျက်ကို သမ္မတ Donald Trump ထံ တင်ပြထားပြီး ဖြစ်ကြောင်း အိမ်ဖြူတော် ပြောခွင့်ရ Sarah Huckabee Sanders က တွစ်တာ လူမှုကွန်ယက်မှာ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG