သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

New York မြန်မာအမျိုးသမီးအသတ်ခံရမှု အခန်းဖေါ်စုံတွဲကို ရဲရှာဖွေ


New York မြို့ Brooklyn အရပ်က တိုက်ခန်းထဲမှာ မြန်မာတဦးအသတ်ခံရ (Theodore Parisienne for New York Daily News)
New York မြို့ Brooklyn အရပ်က တိုက်ခန်းထဲမှာ မြန်မာတဦးအသတ်ခံရ (Theodore Parisienne for New York Daily News)

New York မြို့ Brooklyn အရပ်က တိုက်ခန်းထဲမှာ အသတ်ခံရပုံရတဲ့ သူနာပြုဆရာမ ဒေါ်ကြည်မာသိန်း သေဆုံးမှုပတ်သက်လို့ သူ့အိမ်ခန်းမှာ နေခွင့်ပေးထားတဲ့ အခန်းဖော်အမျိုးသမီးနဲ့ အဲဒီအမျိုးသမီးရဲ့ ချစ်သူရည်းစားတို့ကို ရဲကလိုက်လံရှာဖွေနေပါတယ်။ ရုတ်တရက် ပျောက်ဆုံးသွားကြတဲ့ သူတို့ဘယ်သူ ဘယ်ဝါဖြစ်တယ်ဆိုတာကို ရဲက အမည်ထုတ်ဖော်ပြောခြင်း မရှိသေးပေမဲ့ စစ်ဆေးမေးမြန်းလိုသူတွေအဖြစ် ရဲက လိုက်ရှာနေတာဖြစ်ပါတယ်။

SUNY Downstate Medical Center မှာ သူနာပြုအဖြစ် လုပ်ကိုင်နေတဲ့ သူနာပြုဆရာမ ဒေါ်ကြည်မာသိန်း ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညထဲက အလုပ်မဆင်းဘဲ ပျောက်ဆုံးနေတာကြောင့် လုပ်ဖေါ်ကိုင်ဖက်တွေရဲ့ အကြောင်းကြားချက်အရ ဇူလိုင်(၂၁)ရက် စနေနေ့ မနက်မှာ နယူးယောက်ရဲက သူနေထိုင်ရာအခန်းကို ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။ အဲဒီမှာ အိပ်ရာခင်းနဲ့ပတ်ထားတဲ့ သူ့အလောင်းကို အဝတ်ဗီရိုထဲမှာ ရဲတွေက တွေ့ရှိခဲ့တာဖြစ်ပါတယ်။

SUNY Downstate ဆေးရုံမှာ သူနာပြုလုပ်တဲ့ အမျိုးသမီးတယောက်ကို လွန်ခဲ့တဲ့ ၂ လလောက်ကစပြီး ဒေါ်ကြည်မာသိန်းက သူ့အိမ်မှာ နေခွင့်ပေးခဲ့တယ်လို့ လုပ်ဖော်ကိုင်ဖက်တွေက ပြောပါတယ်။ အဲဒီအခန်းဖော် အမျိုးသမီးရဲ့ ရည်းစားဖြစ်သူဟာ အင်မတန်ဝန်တိုတတ်သူဖြစ်ပြီး အလုပ်ကိုလည်း ခဏခဏ လိုက်လာတယ်လို့ ဆေးရုံကလုပ်ဖော်ကိုင်ဖက်တွေအပြောကို New York နေ့စဉ်သတင်းမှာ ဖော်ပြပါတယ်။

အသက် ၅၈ နှစ်အရွယ် ဒေါ်ကြည်မာသိန်း ဘယ်လို သေဆုံးသလဲဆိုတာကို New York မြို့ ဆေးဘက်ဆိုင်ရာ စစ်ဆေးရေးမှူးတွေက စုံစမ်းစစ်ဆေးနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG